ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၌ ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများကို မေ ၁၂ ရက်တွင် စတင်ဖွင့်လှစ်မည်

 

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၊  ဆရာအတတ်ပညာဦးစီးဌာနရှိ ပညာရေးဒီဂရီကောလိပ်များ၌  အောက်ဖော်ပြပါ ဘွဲ့ကြို၊ ဘွဲ့လွန် သင်တန်းများကို  (၁၂-၅-၂၀၂၂) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေညာလိုက်သည်-
(က)    အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ
    (၁)    ၂၀၁၉-၂၀၂၀ ပညာသင်နှစ် -    ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်နှင့် 
                ဂုဏ်ထူးတန်း ပထမနှစ်သင်တန်းများ
    (၂)    ၂၀၂၁-၂၀၂၂ ပညာသင်နှစ်    -    ပဉ္စမနှစ် ဥပဒေပညာ၊ ပဉ္စမနှစ် ပညာရေးနှင့် 
                ဂုဏ်ထူးတန်း တတိယနှစ် သင်တန်းများ(ဖွင့်လှစ်ဆဲ)
    (၃)    ၂၀၂၁-၂၀၂၂ ပညာသင်နှစ်    -    မဟာအရည်အချင်းစစ်သင်တန်းနှင့် 
                မဟာဘွဲ့သင်တန်းများ(ဖွင့်လှစ်ဆဲ)
    (၄)    ၂၀၂၂-၂၀၂၃ ပညာသင်နှစ်    -    ပထမနှစ်သင်တန်းများ 
                (၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ)
(ခ)    ဆရာအတတ်ပညာဦးစီးဌာနရှိ ပညာရေးဒီဂရီကောလိပ်များ
    (၁)    ၂၀၁၉-၂၀၂၀ ပညာသင်နှစ်    -    ပထမနှစ် သင်တန်းများ
    (၂)    ၂၀၂၂-၂၀၂၃ ပညာသင်နှစ်    -    ပထမနှစ်သင်တန်းများ 
                (၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ)
(ဂ)    ၂၀၂၂-၂၀၂၃  ပညာသင်နှစ်   ပထမနှစ်သင်တန်းများအတွက်   ကျောင်းအပ်လက်ခံခြင်းကို ၁၈-၄-၂၀၂၂ ရက်နေ့မှ စတင်လက်ခံဆောင်ရွက်လျက်ရှိပါသည်။
ပညာရေးဝန်ကြီးဌာန