ပညာရေးဝန်ကြီးဌာန ပထမနှစ် နေ့သင်တန်းဝင်ခွင့်ရစာရင်းများ ထုတ်ပြန်မည်

 

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအတွက် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ပထမနှစ် နေ့သင်တန်း ဝင်ခွင့်ရသူများ စာရင်းကို (၇-၁၁-၂၀၂၃) ရက်နေ့မှစတင်၍ သက်ဆိုင်ရာ တက္ကသိုလ် နှင့် ဒီဂရီကောလိပ်အသီးသီးတွင် ကြေညာထားမည်ဖြစ်ပြီး ပညာရေး ဝန်ကြီးဌာန website http://www.moe.gov.mm နှင့် အဆင့်မြင့် ပညာဦးစီးဌာန website http://www.dhe.gov.mm တို့တွင်လည်း ကြေညာထားမည် ဖြစ်ပါသည်။


ပညာရေးဝန်ကြီးဌာန