
နေပြည်တော် ဇန်နဝါရီ ၂၅
ပညာရေးဝန်ကြီးဌာန (၂၃)ကြိမ် မြောက် ဝိဇ္ဇာနှင့် သိပ္ပံသုတေသန ညီလာခံကို ပညာရေးဝန်ကြီးဌာန က အမျိုးသားအဆင့်အဖြစ် Naypyitaw State Academyတွင် ဇန်နဝါရီ ၂၅ ရက်မှ၂၇ ရက်အထိ ကျင်းပလျက်ရှိရာ ယနေ့ မွန်းလွဲ ၁နာရီတွင် သက်ဆိုင်ရာ ဘာသာ ရပ်အလိုက် သတ်မှတ်ထားသည့် အခန်းများ၌ သုတေသနစာတမ်း ရှင်များက ဝိဇ္ဇာနှင့်သိပ္ပံသုတေသန စာတမ်းများကို ဖတ်ကြားကြသည်။
အဆိုပါ သုတေသနစာတမ်း ဖတ်ကြားနေမှုများကို ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာ မိုးဇော်ထွန်း၊ အမြဲတမ်းအတွင်း ဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် တာဝန်ရှိ သူများက ကြည့်ရှုအားပေးကြ သည်။
ဝိဇ္ဇာနှင့် သိပ္ပံသုတေသန ညီလာခံတွင် ပညာရေးဝန်ကြီး ဌာနရှိ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များနှင့် အခြားဝန်ကြီးဌာန ခြောက်ခုမှ ပညာရေးဝန်ကြီးဌာနတွင် ပါရဂူ ကျမ်း လာရောက်ပြုစုနေသူ သုတေသီများက သုတေသန စာတမ်းပေါင်း ၃၁၄ စောင် ဖတ်ကြားဆွေးနွေးကြမည်ဖြစ်ပြီး ယနေ့တွင် သုတေသနစာတမ်း ပေါင်း ၉၀ ဖတ်ကြားကြရာ တက္ကသိုလ် ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ မြန်မာ နိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ စာတမ်းရှင်များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများနှင့် ကျောင်း သား ကျောင်းသူများ တက်ရောက် ကြသည်။
ပညာရေးဝန်ကြီးဌာန၏ (၂၃) ကြိမ်မြောက် ဝိဇ္ဇာနှင့် သိပ္ပံ သုတေသနညီလာခံတွင် တင်သွင်း ဖတ်ကြားသည့် သုတေသနစာတမ်း များမှ အကောင်းဆုံးဝိဇ္ဇာသိပ္ပံ ပညာရှင်ဆုများ၊ ဘာသာရပ် နယ်ပယ်အလိုက် အကောင်းဆုံး စာတမ်းဆုများ ချီးမြှင့်သွားမည် ဖြစ်ပြီး သုတေသနညီလာခံတွင် အဆင့်မီသည့်သုတေသနစာတမ်း များကို စုစည်း၍ သုတေသနဂျာနယ် များ ထုတ်ဝေသွားမည်ဖြစ်သည်။ အဆိုပါ သုတေသနညီလာခံတွင် ပညာရေးဝန်ကြီးဌာန၊ တက္ကသိုလ် အသီးသီးမှ သုတေသနပိုစတာ ပေါင်း ၆၁ ခုနှင့် သုတေသန ပြကွက် ၁၈ ခု ခင်းကျင်းပြသထား ကြောင်း သိရသည်။
သတင်းစဉ်