“ပညာရေးကို မြှင့်တင်ဖို့ ဆရာအင်အားဖြည့်ဆည်းစို့” ခေါင်းစဉ်ဖြင့်၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ

 

ရန်ကုန်  အောက်တိုဘာ   ၅


ပညာရေးဝန်ကြီးဌာန      အခြေခံပညာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး  ပညာရေးမှူးရုံးက  ကြီးမှူး ကျင်းပသော “ပညာရေးကို မြှင့်တင်ဖို့  ဆရာအင်အား ဖြည့်ဆည်းစို့” ခေါင်းစဉ်ဖြင့် ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာ များနေ့   အထိမ်းအမှတ်အခမ်းအနားကို  ယနေ့ နံနက်ပိုင်းက လသာမြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း မြညီလာခန်းမ၌ ကျင်းပသည်။
ဦးစွာ ဗဟန်းမြို့နယ် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းမှ  ကျောင်းသား ကျောင်းသူ များက “မြတ်ဆရာ” သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး အခမ်းအနားကို ဖွင့်လှစ်ပေးသည်။


ထို့နောက်   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး  သတိုး မဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ်  ဦးစိုးသိန်းက ဖတ်ကြားသည်။
ယင်းနောက်  ကုလသမဂ္ဂလက်အောက်ခံ  အဖွဲ့ ငါးဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သော စုပေါင်း သဝဏ်လွှာကို ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာချိုချို မြတ်အောင်က ဖတ်ကြားသည်။
ထို့နောက် ၂၀၂၃ ခုနှစ်  ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ကဗျာပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲတို့ တွင် ဆုရရှိသူများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်     တိုင်းမှူး      ဗိုလ်ချုပ် ဇော်ဟိန်းနှင့်    တာဝန်ရှိသူများက   ဆုများချီးမြှင့် ပေးအပ်ကြသည်။


ဆက်လက်၍  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်  ကျောင်းသား ကျောင်းသူများ ၏ ဖျော်ဖြေမှုကို ကြည့်ရူအားပေးပြီး ဂုဏ်ပြုချီးမြှင့်ငွေ များ ပေးအပ်သည်။


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊တိုင်းမှူး နှင့် တာဝန်ရှိသူများက ကမ္ဘာ့ဆရာများနေ့ အထိမ်း အမှတ်ပြခန်းများကို  လှည့်လည်ကြည့်ရှုအားပေး ကြောင်း သိရသည်။          

ဆန်းကျော်ဦး(ပြန်/ဆက်)