ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်   နိုဝင်ဘာ   ၂၈


၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာ ရေး    ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲနှင့် အဆင့်မြင့် ပညာတက္ကသိုလ်၊ ဒီဂရီကောလိပ် ပေါင်းစုံ အားကစားပြိုင်ပွဲ ကျင်းပ ရေးဦးစီးကော်မတီ ညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီး ဌာန၌ ကျင်းပသည်။ 


အစည်းအဝေးတွင် ပညာရေး ဝန်ကြီးဌာန     ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် က    ၂၀၂၃-၂၀၂၄  ပညာသင်နှစ်   ပညာရေး ဒီဂရီကောလိပ်ပေါင်းစုံ အားကစား ပြိုင်ပွဲကို ဘောလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊      ပိုက်ကျော်ခြင်း အားကစားနည်း လေးမျိုးဖြင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ယှဉ်ပြိုင် သွားကြမည်ဖြစ်ကြောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ အားကစား ပြိုင်ပွဲကို ဘောလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ စားပွဲ တင်တင်းနစ်    အားကစားနည်း ငါးမျိုးဖြင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ အတွင်း ကျင်းပယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း၊ အားကစားပြိုင်ပွဲများ အောင်မြင်စွာ    ကျင်းပနိုင်ရေး အားလုံးပူးပေါင်း ဆောင်ရွက်ကြ စေလိုကြောင်း ပြောကြားသည်။


ထို့နောက်   အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမျိုးလှိုင်က အားကစား ပြိုင်ပွဲ ကျင်းပရေး၊ တည်းခိုရေး၊ စားသောက်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက် သွားမည့်အခြေအနေကို ရှင်းလင်း ပြောကြားသည်။
ယင်းနောက် တာဝန်ရှိသူများ က အားကစားပြိုင်ပွဲများ ကျင်းပ ရန်   စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို    ရှင်းလင်း တင်ပြကြရာ တက်ရောက်လာကြ သူများက   သက်ဆိုင်ရာ   ကဏ္ဍ အလိုက် ပူးပေါင်းဆောင်ရွက်သွား မည့် အခြေအနေများကို ဖြည့်စွက် ဆွေးနွေးကြပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း  သတင်း ရရှိသည်။                    

 သတင်းစဉ်