ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီ၏ ဆောင်ရွက်ချက်များ

 

တွေ့ဆုံမေးမြန်း - ဝင်းဝင်း

 

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Center- DMC) သည် မိုခါမုန်တိုင်းနှင့် ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက် ပေးသည့် ဗဟိုဌာနဖြစ်သည်။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအောက်တွင် လုပ်ငန်းကော်မတီ ၁၂ ခုကို ဖွဲ့စည်းထားရှိပြီး  အဆိုပါ လုပ်ငန်းကော်မတီများသည် DMC တွင် စုဖွဲ့ကာ  မိုခါမုန်တိုင်းနှင့်ပတ်သက်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို အရေးပေါ် တုံ့ပြန်ဆောင်ရွက်လျက်ရှိသည်။ လုပ်ငန်းကော်မတီ ၁၂ ခုအနက် တစ်ခုအပါအဝင်ဖြစ်သည့်  ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ကော်မတီ၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ကော်မတီအတွင်းရေးမှူး ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝဏ္ဏဇော်နှင့် တွေ့ဆုံမေးမြန်း မှုများကို ဖော်ပြလိုက်ပါသည်။
မေး    ။    ။    မိုခါမုန်တိုင်းတိုက်ခတ်မှုနဲ့   ပတ်သက်
            ပြီး      ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီအနေ နဲ့ ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့မှုကို သိရှိလိုပါတယ်။
ဖြေ    ။    ။     ကျွန်တော်တို့ လုပ်ငန်းကော်မတီအနေ
            နဲ့       သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းစဉ်တွေဖြစ်တဲ့ ကြိုတင်ပြင်ဆင်မှု လုပ်ငန်းစဉ်၊    အရေးပေါ်တုံ့ပြန်မှုလုပ်ငန်းစဉ်နဲ့ ပြန်လည်ထူထောင်ရေး   လုပ်ငန်းစဉ်တွေအတိုင်း  ထိရောက်မြန်ဆန်စွာ ဆောင်ရွက်လျက်ရှိပါတယ်။
ကြိုတင်ပြင်ဆင်ခြင်း     လုပ်ငန်းစဉ်အနေနဲ့ မုန်တိုင်းသတင်းအတည်ပြုပြီးနောက်   Disaster Management   Center  (DMC)  စတင်ဖွဲ့စည်း ဆောင်ရွက်တဲ့ မေ ၈ ရက်က စတင်ပြီး မိုခါမုန်တိုင်း ကြောင့် လမ်း၊ တံတား၊ အဆောက်အအုံပျက်စီးမှု တွေ ဖြစ်ပေါ်လာပါက ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်တွေကို   ချက်ချင်းတုံ့ပြန်ဆောင်ရွက် နိုင်ဖို့   ပြန်လည်ထူထောင်ရေးနှင့်  ပြန်လည်တည် ဆောက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဆောက်လုပ် ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီးက   ဌာန အစီအမံနဲ့ သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာရင် အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်       စက်/ယာဉ် ယန္တရားတွေကို တိုင်းဒေသကြီး/ပြည်နယ်အသီးသီး မှာ စက်ယာဉ်ယန္တရားများ ၂၁၀၀ ကျော်ကို  ကြိုတင် စုဖွဲ့ထားရှိခဲ့ပါတယ်။
ဒါ့အပြင် မုန်တိုင်းဒဏ်ကြောင့် ရေကြီးရေလျှံမှု တွေဖြစ်ပေါ်ပြီး   တံတားပျက်စီးမှုတွေ    ဖြစ်ပေါ် လာရင်    လမ်းပန်းဆက်သွယ်မှု  ပြတ်တောက်မှု မရှိစေဖို့     ဘေလီတံတားတွေ    အလျင်အမြန် တည်ဆောက်နိုင်ဖို့   ဘေလီအရှည်   ၅၂၄၈  ပေကို  ပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက် ကြိုတင်စုစည်း ပြင်ဆင်ထားရှိခဲ့ပါတယ်။
ပြည်နယ်/တိုင်းဒေသကြီးအသီးသီးက ဆောက် လုပ်ရေးဝန်ကြီးဌာန        ဝန်ထမ်းတွေကိုလည်း အသင့်အနေအထားဖြစ်စေဖို့  သတိပေးတပ်လှန့် ဆောင်ရွက်ခဲ့ပြီး အဓိကအားဖြင့် မုန်တိုင်းဝင်ရောက် နိုင်ဖွယ်ရှိတဲ့ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး နဲ့   ရန်ကုန်တိုင်းဒေသကြီးက   ဝန်ထမ်းတွေကို ကြိုတင်ပြင်ဆင်မှုလုပ်ငန်းတွေ ပိုမိုဆောင်ရွက်စေ ခဲ့ပါတယ်။
တစ်ဆက်တည်းမှာပဲ Disaster Management Center (DMC)ရုံးမှာလည်း   ညွှန်ကြားရေးမှူးတစ်ဦး အပါအဝင် ရုံးအဖွဲ့တစ်ဖွဲ့ကို မေ ၈ ရက်ကစတင်ပြီး  ယနေ့အထိ   တွဲဖက်ထားရှိပြီး ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းစဉ်တွေ စတင်ဆောင်ရွက်ခဲ့ပါတယ်။
မေး    ။    ။    အရေးပေါ်တုံ့ပြန်ခြင်း လုပ်ငန်းစဉ်တွေ
            ကိုလည်း  ရှင်းလင်းပြောကြားပေးစေ လိုပါတယ်။
ဖြေ    ။    ။    မုန်တိုင်းတိုက်ခတ်ပြီး မေ ၁၄ ရက်က စတင်ကာ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့တဲ့ ရခိုင် ပြည်နယ်အတွင်း လမ်း၊ တံတားနဲ့ အခြားအခြေခံ အဆောက်အဦပျက်စီးဆုံးရှုံးမှုတွေကို   ပြန်လည် ပြင်ဆင်နိုင်ရေးအတွက်   ဆောက်လုပ်ရေးဝန်ကြီး ဌာန    ပြည်ထောင်စုဝန်ကြီးကိုယ်တိုင်  ကွင်းဆင်း ကြပ်မတ်ဆောင်ရွက်ခဲ့ပါတယ်။     မုန်တိုင်းဒဏ် ကြောင့် စစ်တွေ - ပလ္လင်ပြင်လမ်းပေါ်ရှိ သဲချောင်း တံတားပျက်စီးခဲ့တဲ့အတွက်  ပေ  ၁၄၀  အရှည် ဘေလီတံတားတည်ဆောက်ခြင်းနဲ့ ပေ ၄၀ အရှည် တံတားကို    ပေ   ၆၀  အရှည်   ဘေလီတံတား တည်ဆောက်ခြင်းတို့ကို အလျင်အမြန်တည်ဆောက် ခဲ့တဲ့အတွက်  မုန်တိုင်းတိုက်ခတ်ပြီး တစ်ပတ်အကြာ မှာ  တံတားနှစ်စင်းလုံးပြီးစီးအောင်  ဆောင်ရွက် နိုင်ခဲ့ပါတယ်။ 
ဒါ့အပြင် စစ်တွေမြို့တွင်းမှာ သစ်ပင်ကြီးတွေ လဲကျတာ၊ ဓာတ်တိုင်တွေကျိုးတာ စတဲ့အပျက်အစီး တွေကြောင့်   လမ်းပိတ်ဆို့မှုတွေ   ဖြစ်ပေါ်နေတဲ့ အတွက်  ရှင်းလင်းဖယ်ရှားရေးလုပ်ငန်းကို မြန်မာ နိုင်ငံ  မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့  ဆောက်လုပ်ရေး ဝန်ကြီးဌာန  ဝန်ထမ်းများ  ပူးပေါင်းပြီး   ဌာနပိုင် စက်ယန္တရား  အစီး ၂၀  ခန့်နဲ့  အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့တဲ့အတွက်  တစ်ပတ်အတွင်း မြို့တွင်း ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းတွေ   ပြီးစီးလို့  မူလ အတိုင်း မြို့တွင်းမြို့ပြင် ချောမွေ့စွာ သွားလာနိုင် ပြီဖြစ်ပါတယ်။ 
ဒါ့အပြင်         ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအနေနဲ့   ကျန်းမာရေးဝန်ကြီး ဌာနနဲ့ ပညာရေးဝန်ကြီးဌာနပိုင် အဆောက်အအုံတွေ ပျက်စီးဆုံးရှုံးမှုတွေကို    ကွင်းဆင်းကြပ်မတ်ပြီး ပြင်ဆင်နိုင်ရေးအတွက်  သက်ဆိုင်ရာဝန်ကြီးဌာန တွေနဲ့   မြန်မာနိုင်ငံမှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်း ရှင်အသင်း သုံးခုနဲ့ ညှိနှိုင်းပြီး အမြန်ဆုံးပြင်ဆင် နိုင်ရေး စီမံဆောင်ရွက်ပေးခဲ့ပါတယ်။  
မေး    ။    ။    မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးသွား
            တဲ့ ဒေသတွေမှာ  ပြန်လည်ထူထောင် ရေး ဆောင်ရွက်နေမှုကိုလည်း ပြောကြားပေးပါ။
ဖြေ    ။    ။    ပြန်လည်ထူထောင်ရေးနှင့်  ပြန်လည်
            တည်ဆောက်ရေးလုပ်ငန်းကော်မတီအနေနဲ့ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ ပညာရေးနဲ့  ကျန်းမာရေးဆိုင်ရာ အဆောက်အအုံ တွေကို    ဦးစားပေးပြန်လည်တည်ဆောက်နိုင်ဖို့ စီစဉ်ထားရှိပါတယ်။   ကျောင်းဖွင့်ချိန်အမီ  အခြေခံ ပညာကျောင်းတွေ အမြန်ဆုံးပြင်ဆင်ဖွင့်လှစ်နိုင်ဖို့ ပညာရေးဝန်ကြီးဌာနနဲ့   ညှိနှိုင်းပြီး   မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ် (MLCA)၊ မြန်မာနိုင်ငံ      ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ်   (MCEF)၊   မြန်မာမြို့ပြနှင့်  အခြေခံ အဆောက်အဦဖွံ့ဖြိုးရေး လုပ်ငန်းရှင်များအသင်း (MDA)တို့မှ    ဆောက်လုပ်ရေးကုမ္ပဏီအဖွဲ့တွေနဲ့ ပညာရေးဝန်ကြီးဌာနမှာ      ဆောင်ရွက်နေတဲ့ ဆောက်လုပ်ရေး ကန်ထရိုက်တာအဖွဲ့တွေ၊ မြို့မိ မြို့ဖတွေကို ခွဲဝေတာဝန်ပေးအပ် ဆောင်ရွက်စေခဲ့ ပါတယ်။               


ရခိုင်ပြည်နယ်   မြို့နယ်   ၁၇  မြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်းနဲ့ အထက်တန်း ကျောင်းခွဲ ၂၈၃ ကျောင်းကို ဆောက်လုပ်ရေးဝန်ကြီး ဌာနက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ပြီး  ယခုအခါ ၆၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ပါတယ်။ ပြန်လည် တည်ဆောက်ရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့ အမိုးသွပ်နဲ့ တည်ဆောက်ရေးလုပ်ငန်းသုံး ပစ္စည်း တွေကိုလည်း အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ   စီမံခန့်ခွဲမှုကော်မတီခွင့်ပြုချက်နဲ့  ရခိုင် ပြည်နယ်က လိုအပ်တဲ့ဒေသတွေကို ပို့ဆောင်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါတယ်။ ပျက်စီးမှုများပြား တဲ့   အချို့စာသင်ကျောင်းတွေမှာ  ကျောင်းသား ကျောင်းသူတွေ     စာသင်မပျက်စေဖို့   ယာယီ ကျောင်းဆောင်တွေ        တည်ဆောက်ပေးခြင်းနဲ့ နှစ်ချိန်ကျောင်းတွေအဖြစ်        စာသင်ချိန်ခွဲခြား သင်ကြားခြင်းတွေ   ညှိနှိုင်းစီမံဆောင်ရွက်လျက် ရှိပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက ပြုပြင်ဆောင်ရွက် ရမယ့် လုပ်ငန်းတွေအနက် စစ်တွေမြို့ ပြည်နယ် ပြည်သူ့ဆေးရုံကြီး၊   သူနာပြုသင်တန်းကျောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာ ဦးစီးဌာနများမှ  အဆောက်အအုံ  ၉၀  ပြန်လည် ပြင်ဆင်ခြင်းလုပ်ငန်းတွေကို    ဆောက်လုပ်ရေး ဝန်ကြီးဌာန    အဆောက်အဦဦးစီးဌာန  အဆောက် အဦ အထူးအဖွဲ့ ငါးဖွဲ့က ဆောင်ရွက်တာမှာ ဇွန် ၉ ရက်အထိ ၆၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ပြီး  ကျန်ရှိ တဲ့ ရခိုင်ပြည်နယ် မြို့နယ် ၁၆ မြို့နယ်အတွင်းက ဆေးရုံနဲ့   ဆေးပေးခန်း   စုစုပေါင်း  ၄၁၇  လုံးကို မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများအသင်း ချုပ်(MLCA)၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်း ရှင်များအသင်းချုပ် (MCEF)၊ မြန်မာမြို့ပြနှင့် အခြေခံ အဆောက်အဦဖွံ့ဖြိုးရေး   လုပ်ငန်းရှင်များအသင်း (MDA)တို့က တာဝန်ခွဲဝေဆောင်ရွက်ပြီး ဆောက်လုပ် ရေးဝန်ကြီးဌာန   အင်ဂျင်နီယာတွေက  အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိတာမှာ   ဇွန်  ၉  ရက် အထိ ၄၈ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ပါတယ်။ ကျန်ရှိ တဲ့ လုပ်ငန်းတွေကို အမြန်ပြီးစီးနိုင်ရေး ဆက်လက် တွန်းအားပေး       ကြပ်မတ်ဆောင်ရွက်လျက်ရှိပါ တယ်။ 
ဒါ့အပြင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန   အဆောက်အအုံတွေဖြစ်တဲ့  စစ်တွေမြို့  ဗုဒ္ဓ ပြတိုက်နဲ့ ယဉ်ကျေးမှုပြတိုက်အပါအဝင် အဆောက် အအုံ   ခုနစ်လုံး   ပြင်ဆင်ခြင်းလုပ်ငန်းကိုလည်း ဆောက်လုပ်ရေးဝန်ကြီးဌာန     အဆောက်အဦ အထူးအဖွဲ့တွေက ဆောင်ရွက်ပေးလျက်ရှိပါတယ်။
မေး    ။    ။    ဖြည့်စွက်ပြောကြားလိုတာရှိရင်လည်း 
            ပြောကြားပေးပါ။
ဖြေ    ။    ။    ဆောက်လုပ်ရေးဝန်ကြီးဌာန       ပြည်
            ထောင်စုဝန်ကြီးအနေနဲ့ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊  ရသေ့တောင် စတဲ့မြို့နယ်တွေကို ကွင်းဆင်းစစ်ဆေးကြည့်ရှုပြီး သက်ဆိုင်ရာ ပညာ ရေး၊ ကျန်းမာရေးဌာနတွေနဲ့ ညှိနှိုင်းပေါင်းစပ်ကာ ဆောက်လုပ်ရေးဝန်ကြီးဌာနအောက်ရှိ ညွှန်ကြား ရေးမှူးချုပ်၊    ဒုတိယညွှန်ကြားရေးမှူးချုပ်တွေ ကလည်း        ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပြီး ပြန်လည်ထူထောင်ရေးနဲ့  ပြန်လည်တည်ဆောက် ရေးလုပ်ငန်းကော်မတီရဲ့လုပ်ငန်းတွေ အောင်မြင် အောင်   ဝိုင်းဝန်းကြိုးပမ်း   ဆောင်ရွက်လျက်ရှိပါ ကြောင်း ပြောကြားလိုပါတယ်။