ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်တာဝန်ပေးအပ်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ်၊    ၃၄    / ၂၀၂၃
၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်ကျော်   ၁၅     ရက်
(၂၀၂၃ ခုနှစ်၊ မေလ   ၁၈   ရက်)
 ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် တာဝန်ပေးအပ်ခြင်း
၁။    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် တိုက်ခတ်ခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့ ရက်စွဲပါ ကြေညာချက်အမှတ် ၁/၂၀၂၃ နှင့် ၂၀၂၃ ခုနှစ်၊ မေလ ၁၆ ရက်နေ့ ရက်စွဲပါကြေညာချက်အမှတ်  ၂/၂၀၂၃ တို့ဖြင့် ထုတ်ပြန် ကြေညာခဲ့ပါသည်။   ယင်းကြေညာချက်များပါ   ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အောက် ဖော်ပြပါ တပ်မတော်အရာရှိကြီးများအား ယှဉ်တွဲပါမြို့နယ်များတွင် တာဝန်ပေးအပ်လိုက်သည်-
    (က)    ချင်းပြည်နယ်
(၁ )    ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်    ဟားခါးမြို့နယ်
(၂ )    ဗိုလ်မှူးချုပ် ခင်မောင်အေး    မတူပီမြို့နယ်
( ၃)    ဗိုလ်မှူးချုပ် နေဝင်းအောင်    ပလက်ဝမြို့နယ်
(၄)    ဗိုလ်မှူးချုပ် ဝင်းကိုကို    တီးတိန်မြို့နယ်
    ( ခ )    ရခိုင်ပြည်နယ်    
(၁)    ဒုတိယဗိုလ်ချုပ်ကြီး လူအေး    ကျောက်ဖြူမြို့နယ်
( ၂ )    ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း    ဘူးသီးတောင်မြို့နယ်
( ၃ )    ဗိုလ်ချုပ် သောင်းထိုက်ရွှေ     မြောက်ဦးမြို့နယ်
( ၄ )    ဗိုလ်ချုပ် စိုးနိုင်ဦး    သံတွဲမြို့နယ်
( ၅ )    ဗိုလ်ချုပ် အောင်မျိုးထွန်း    ရသေ့တောင်မြို့နယ်
( ၆ )    ဗိုလ်မှူးချုပ် အောင်ကျော်မိုး    စစ်တွေမြို့နယ်
( ၇ )    ဗိုလ်မှူးချုပ် အောင်သူဦး    ကျောက်တော်မြို့နယ်
( ၈ )    ဗိုလ်မှူးချုပ် ဆန်နီအုန်း     ပေါက်တောမြို့နယ်
( ၉ )    ဗိုလ်မှူးချုပ် ကျော်ကျော်ဦး     မာန်အောင်မြို့နယ်
(၁၀)    ဗိုလ်မှူးချုပ် ဇော်မင်းအေး    ရမ်းဗြဲမြို့နယ်
(၁၁)    ဗိုလ်မှူးချုပ် ဝင်းမောင်    ပုဏ္ဏားကျွန်းမြို့နယ်
(၁၂)    ဗိုလ်မှူးချုပ် ခင်ဇော်    မင်းပြားမြို့နယ်
(၁၃)    ဗိုလ်မှူးချုပ် ကျော်ကျော်စိုး    မြေပုံမြို့နယ်
(၁၄)    ဗိုလ်မှူးချုပ် တင်ဆွေ    မောင်တောမြို့နယ်
၂။    အထက်ဖော်ပြပါ အရာရှိကြီးများ၏  ပြန်လည်ထူထောင်ရေး လုပ်ငန်းများ    ဆောင်ရွက်မှုများကို    အနီးကပ်ကြီးကြပ်ရန်အတွက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး    တင်အောင်စန်းနှင့်   နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် တို့အား တာဝန်ပေးအပ်လိုက်သည်။
                        အမိန့်အရ
        အောင်လင်းဒွေး
        ဒုတိယဗိုလ်ချုပ်ကြီး
        အတွင်းရေးမှူး
        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ