ပြန်ကြားရေးဝန်ကြီးဌာနက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ပြည်သူများအတွက် DVB-T2 Set Top Box အလုံး ၃၀၀ ပေးအပ်လှူဒါန်း 


 

ပင်းတယ    ဇန်နဝါရီ     ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်အတွင်းရှိ  ဒေသခံပြည်သူများအတွက် ပြန်ကြားရေးဝန်ကြီးဌာနမှ လှူဒါန်းသော DVB T2 Set Top Box အလုံးရေ ၃၀၀ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို  ဇန်နဝါရီ ၁၇ ရက် နံနက် ၁၀ နာရီက ပင်းတယမြို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင်          ဓနု ကိုယ်ပိုင်     အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့        ဥက္ကဋ္ဌ ဦးအာကာလင်းက    မိမိတို့ဓနု ဒေသ တိုင်းရင်းသားများအတွက်   ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ အသိပညာ ဗဟုသုတစုံလင်သည့်  ရုပ်သံလိုင်းများ    ဖမ်းယူရရှိနိုင် မည့် DVB T2 Set Top Box  များ လှူဒါန်းပေးသည့်အတွက် အထူး ပင်    ကျေးဇူးတင်    ဂုဏ်ယူမိပါ ကြောင်း၊  မြန်မာ့အသံနှင့် ရုပ်မြင် သံကြား ဆက်စပ်သည့် လိုင်းများ နှင့်     ဖမ်းယူရရှိနိုင်ပြီဖြစ်သည့် အတွက်       ဒေသခံပြည်သူလူထု များစွာကို အကျိုးပြုလာမည်ဖြစ် ကြောင်း ပြောကြားသည်။
ယင်းနောက်    ပြန်ကြားရေး ဝန်ကြီးဌာနမှ ပေးပို့လှူဒါန်းသည့် DVB-T2 Set Top Box  များအား၊  ရှမ်းပြည်နယ်        တောင်ကြီးမြို့ မြန်မာ့အသံနှင့်      ရုပ်မြင်သံကြား ပြုပြင်ထိန်းသိမ်းရေးဇုန် တာဝန်ခံ  အင်ဂျင်နီယာမှူး        ဦးမြင့်ဦးက ပေးအပ်ရာ ဓနုကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသ  စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက     လက်ခံရယူသည်။ ဆက်လက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ   စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက  Set Top Box  များအား ပင်းတယမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် (၁) ဗိုလ်မှူး ထွန်းထွန်းဦး နှင့် ရွာငံမြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ဦးတို့ထံ လွှဲပြောင်းပေးအပ်သည်။
(DVB-T2)   Set   Top    Box  များအား       ပေးအပ်လှူဒါန်းရခြင်း ရည်ရွယ်ချက်နှင့်  တပ်ဆင်အသုံး ပြုပုံနည်းစနစ်များကို    အင်ဂျင် နီယာမှူး ဦးမြင့်ဦးက ရှင်းလင်း ပြောကြားသည်။ 
ရှမ်းပြည်နယ်တောင်ပိုင်း  ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ         ဒေသ အတွင်း   ဒစ်ဂျစ်တယ်စနစ်ဖြင့် ထုတ်လွှင့်သည့်    ထပ်ဆင့်လွှင့်ရုံ ငါးရုံရှိပြီး  (DVB-T2)  Set Top Box      မှ   ဒစ်ဂျစ်တယ်စနစ်ဖြင့် ရုပ်သံလိုင်း  ၁၈ လိုင်းမှ ၂၂ လိုင်း အထိ   ဖမ်းယူရရှိနိုင်သည့်အပြင် ရေဒီယိုလိုင်းများလည်း ဖမ်းယူ ရရှိနိုင်မည်ဖြစ်ကြောင်း       သိရ သည်။     ပင်းတယ (ပြန်/ဆက်)