
နေပြည်တော် အောက်တိုဘာ ၂၆
ပြန်ကြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်းများအတွက် သီတင်း ကျွတ်ကာလ ပျော်ပွဲရွှင်ပွဲနှင့် ဖျော်ဖြေပွဲကို ယနေ့ ညနေပိုင်း ရုံးဆင်းချိန်တွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်း ခန်းမ၌ ကျင်းပသည်။
အဆိုပါ ပျော်ပွဲရွှင်ပွဲနှင့် ဖျော်ဖြေပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာန ဆိုင်ရာ အကြီးအကဲများ၊ အရာ ထမ်း၊ အမှုထမ်းများနှင့် ဝန်ထမ်း များ တက်ရောက်ကြပြီး ပျော်ရွှင် စွာ ပါဝင်ဆင်နွှဲကြသည်။
ဖျော်ဖြေပွဲမစတင်မီ ပြည် ထောင်စုဝန်ကြီးက ဝန်ထမ်းများ အား ခင်မင်ရင်းနှီးစွာ နှုတ်ဆက် သည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးက နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် နိုင်ငံတော်က အားထားရသည့် ဌာနတစ်ခုအဖြစ် လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်းမှာ ဝန်ထမ်း များ၏ ပူးပေါင်းပါဝင်ဆောင်ရွက် မှုကြောင့်ဖြစ်ကြောင်း၊ ပြည်သူ့ အကျိုးပြု ဝန်ဆောင်မှုလုပ်ငန်း များကို အားတက်သရော ဆောင် ရွက်နေကြသည့် ဝန်ထမ်းများအား ဂုဏ်ပြုသည့်အနေဖြင့် သီတင်း ကျွတ်အခါသမယတွင် ပျော်ရွှင် စေလိုသည့်အတွက် ယခုလို ပျော်ပွဲရွှင်ပွဲကို ကျင်းပပေးခြင်း ဖြစ်ပြီး ဘဝတစ်လျှောက်လုံး ပျော်ရွှင်ချမ်းမြေ့စွာ ဖြတ်သန်းနိုင် ပါစေဟု ဆန္ဒပြုကြောင်း ပြော ကြားသည်။
ယင်းနောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ခေတ်ပေါ် တေးဂီတအဖွဲ့နှင့် တွဲဖက်၍ မြန်မာ့ရုပ်မြင်သံကြားမှ တေးသံ ရှင်များက ခေတ်ပေါ်တေးသီချင်း များဖြင့် ဖျော်ဖြေတင်ဆက်ရာ ဝန်ထမ်းများက လိုက်ပါသီဆို ကာ ပျော်ရွှင်စွာဆင်နွှဲကြသည်။
ထို့နောက် သီချင်းဆိုပြိုင်ပွဲ ကို ဆက်လက်ကျင်းပရာ မြန်မာ သံစဉ်တေးသီချင်းများ၊ ခေတ်ပေါ် တေးသီချင်းများကို ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီးရုံး၊ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား၊ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ သတင်းနှင့် စာနယ် ဇင်းလုပ်ငန်းတို့မှ ဝန်ထမ်းများက ပါဝင်သီဆိုယှဉ်ပြိုင်ကြသည်။
သီဆို ယှဉ်ပြိုင်သူများ၏ အမှတ်များကို ရေတွက်နေစဉ် အတွင်း ဝန်ထမ်းများ၏ ကံစမ်းမဲ နံပါတ်များ မဲနှိုက်ကြေညာ၍ စက်ဘီးနှင့် ဆုကြေးငွေများကို လည်းကောင်း၊ သီချင်းဆိုပြိုင်ပွဲ တွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများအား ဆုငွေ များကိုလည်းကောင်း ပြည် ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူ များက ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
သတင်းစဉ်