ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အရာရှိစွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲ ကျင်းပ

 

 

နေပြည်တော်    မေ     ၁၀
ပြန်ကြားရေး          ဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနအရာရှိ စွမ်းရည်မြှင့် သင်တန်း  (၁/၂၀၂၂)   ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက် ၉ နာရီတွင်     နေပြည်တော်ရှိ       ပြန်ကြားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။   
၂၂ ကြိမ် ဖွင့်လှစ်
သင်တန်းဖွင့်ပွဲတွင် ပြန်ကြား ရေးဝန်ကြီးဌာန    ပြည်ထောင်စု ဝန်ကြီး  ဦးမောင်မောင်အုန်း  က  အမှာစကား       ပြောကြားရာ၌  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနအနေဖြင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် တစ်နှစ်တာနှင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ  ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင် ရည်   မြင့်မားလာစေရေးအတွက်    သင်တန်းပေါင်း  ၂၂ ကြိမ် ဖွင့်လှစ် ပို့ချပေးနိုင်ခဲ့ကြောင်း။
ပြန်လည်မျှဝေပေးရမည်
ဌာန၏ လုပ်ငန်းများကို အမှန် တကယ်      ထိထိရောက်ရောက်    အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန်နှင့် ဝန်ထမ်းများ၏ လုပ်ငန်း စွမ်းဆောင်ရည် မြင့်မားလာစေရန်     ဦးတည်၍ သင်တန်းများကို  နှစ်စဉ် ဖွင့်လှစ်ပေးလျက်     ရှိကြောင်း၊ ယခုသင်တန်းတွင် သင်ကြားခဲ့ရ သည့် ဘာသာရပ်များကို လက်တွေ့ လုပ်ငန်းတွင်     အသုံးချနိုင်သည် အထိ သင်ယူပြီး မိမိဝန်ထမ်းများ ကိုလည်း ပြန်လည်မျှဝေပေးရမည် ဖြစ်ကြောင်း။
ကြိုးစားဆောင်ရွက်
အရာရှိ စွမ်းရည်မြှင့်သင်တန်း တွင် သင်ကြားပေးသည့် ဘာသာ ရပ်များသာမက     ပိုမိုသစ်လွင် ကောင်းမွန်သည့်  တီထွင်ဆန်းသစ် မှုများကိုလည်း       အမြဲလေ့လာ သင်ယူ၍    ဝန်ကြီးဌာနနှင့်    ဦးစီး ဌာန၏ ရည်မှန်းချက် တာဝန်များ ကို   ပေါက်မြောက်အောင်မြင်စေ ရန် ကြိုးစားဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်      ပြည်ထောင်စု ဝန်ကြီးက   အရာရှိစွမ်းရည်မြှင့် သင်တန်းသို့    တက်ရောက်သည့် သင်တန်းသား    သင်တန်းသူများ အား    ရင်းရင်းနှီးနှီး      လိုက်လံ နှုတ်ဆက်သည်။
သင်တန်းဖွင့်ပွဲ အခမ်းအနား သို့     ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်း အတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီး အကဲများ၊        တာဝန်ရှိသူများ တက်ရောက်ကြသည်။
အဆိုပါ    အရာရှိစွမ်းရည်မြှင့် သင်တန်း (၁/၂၀၂၂) ကို နှစ်ပတ် ကြာ     ဖွင့်လှစ်သင်ကြားပေးသွား မည်ဖြစ်ပြီး    သင်တန်းသို့    တိုင်း ဒေသကြီးနှင့်     ပြည်နယ်များမှ လက်ထောက်    ညွှန်ကြားရေးမှူး ၃၄   ဦး  တက်ရောက်ကြကြောင်း သိရသည်။                သတင်းစဉ်