ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းသား သင်တန်းသူများ နေပြည်တော် MRTV တွင် လေ့လာ

 

နေပြည်တော်  မေ  ၃


ပြန်ကြားရေးဝန်ကြီးဌာန     ပြန် ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန     လုပ်ငန်းစွမ်းဆောင် ရည်         မြှင့်တင်ရေးသင်တန်း (၁/၂၀၂၄)     မှ      သင်တန်းသား သင်တန်းသူ   ၃၀  နှင့်   ကြီးကြပ် သူနှစ်ဦးတို့သည်     ယနေ့မွန်းလွဲ ပိုင်းက နေပြည်တော် - တပ်ကုန်း ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ၌    ရုပ်သံထုတ်လွှင့်မှုဆိုင်ရာများ နှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စိန်ရတုပြတိုက်တို့တွင်     လေ့လာ ကြသည်။
ဦးစွာ    ပင်မအဆောက်အအုံ ရှိ   Auditorium  ခန်းမတွင်  “နုပျို ဆန်းသစ် (၇၈)နှစ်မှသည် ပြည်သူ့ အတွက် MRTV”  Video Clip  ကို ပြသပြီး  မြန်မာ့အသံနှင့်   ရုပ်မြင် သံကြား     ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် လေ့လာရေးအဖွဲ့ များသည်      News      Channel Studio နှင့်  Radio On Air ခန်းတို့ တွင် သတင်းရိုက်ကူး  ထုတ်လွှင့် မှုတို့ကို          ကြည့်ရှုလေ့လာ ကြပြီး   Office   Canteen   တွင် လေ့လာရေးအဖွဲ့များကို  လက် ဖက်ရည်နှင့်    မုန့်တို့ဖြင့်   ဧည့်ခံ သည်။
ဆက်လက်၍     လေ့လာရေး အဖွဲ့များသည်    မြန်မာ့အသံနှင့် ရုပ်မြင်သံကြား   စိန်ရတုပြတိုက် အတွင်း ခင်းကျင်းပြသထားသည့် ခေတ်အဆက်ဆက်  ရုပ်သံထုတ် လွှင့်မှုများတွင်    အသုံးပြုခဲ့သည့် စက်ပစ္စည်းများ၊ တိုက်ရိုက်ထုတ် လွှင့်ရေး      မော်တော်ယာဉ်များ၊ သတင်းတင်ဆက်မှု  ပုံစံငယ်များ၊ တူရိယာပစ္စည်းများ၊ သတင်းစတူ ဒီယိုခန်းများ၊    ရေဒီယိုအစီအစဉ် တွင်      အသုံးပြုခဲ့သည့်     ခေတ် ဟောင်း ဓာတ်ပြားများနှင့်  အခြား အသုံးအဆောင်           ပစ္စည်းများ စသည့် စုစုပေါင်း ပြခန်း ၄၀ တွင် ခင်းကျင်း     ပြသထားမှုများကို လှည့်လည်ကြည့်ရှု    လေ့လာကြ ရာ တာဝန်ရှိသူများက ရှင်းလင်း ဖြေကြားသည်။ 
ယင်းနောက်     လေ့လာရေး အဖွဲ့များ၏      မှတ်သားဖွယ်ရာ အဖြေလွှာများ၌ ဖြည့်စွက်မှုများ အား စိစစ်၍ ပြည့်စုံစွာဖြေဆိုနိုင်သူ နှစ်ဦးအား      အမှတ်တရ   လက် ဆောင်များ ပေးအပ်ခဲ့သည်။
    

သတင်းစဉ်