
နေပြည်တော် မတ် ၂၀
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာ ရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်း(ပင်းတယ)၌ သတင်း အမှား အမှန် ခွဲခြားသုံးသပ်နိုင်ရေး၊ ဆောင်ရန် ရှောင်ရန် ဥပဒေရေးရာ နှင့် မူးယစ်ဆေးဝါးဆိုင်ရာ အသိ ပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါသင်တန်း ကျောင်း၌ ပြုလုပ်သည်။
ဦးစွာ လူငယ်သင်တန်း ကျောင်း(ပင်းတယ) ကျောင်းအုပ် ဆရာကြီး ဦးအုန်းကြိုင်က အသိ ပညာပေးဆိုင်ရာ ဟောပြောပွဲ ပြုလုပ်ပေးရခြင်းအကြောင်းနှင့် အမှာစကား ပြောကြားသည်။ ယင်းနောက် ပင်းတယမြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲအုပ်တင်အောင်က သတင်းအမှားအမှန် ခွဲခြား သုံးသပ်နိုင်ရေး အသိပညာပေး ခြင်းနှင့် မူးယစ်ဆေးဝါးအကြောင်း ကို လည်းကောင်း ၊ မြို့နယ်ဥပဒေရုံးမှ ဒုတိယမြို့နယ် ဥပဒေအရာရှိ ဒေါ်နန်းအောင်က သတင်းအမှားအမှန်များ လုပ်ကြံ သတင်းများ ခွဲခြားနိုင်ရန်နှင့် ဥပဒေဆိုင်ရာ သိမှတ်ဖွယ်ရာများ ကို လည်းကောင်း၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဦးစီးမှူး ဦးဇင်မိုးမြင့်က သဘာဝဘေးအန္တရာယ်နှင့် မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး ဆိုင်ရာများကို လည်းကောင်း ဟောပြောသည်။
အဆိုပါဟောပြောပွဲသို့ ဖိတ် ကြားထားသည့် ဌာနဆိုင်ရာများ၊ ကျောင်အုပ်ဆရာကြီး၊ ဆရာ ဆရာများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။
သတင်းစဉ်