
ပါရီ မေ ၂၁
ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က နိုင်ငံ၏အစိုးရသစ် အတွက် ဝန်ကြီးများကို မေ ၂၀ ရက်က ခန့်အပ်လိုက်ကြောင်း သိရသည်။
အစိုးရသစ်တွင် ဝန်ကြီးဌာန ၁၇ ခုနှင့် အစိုးရအဖွဲ့ဝင် ၂၇ ဦးတို့ဖြင့် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ ယခင်အစိုးရ များမှ ဝန်ကြီးအချို့ကို ဝန်ကြီးများအဖြစ် ထပ်မံခန့်အပ်ခဲ့ သော်လည်း မတူညီသော ဝန်ကြီးဌာနများတွင် ခန့်အပ်ခြင်း ဖြစ်သည်။
ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က အဲလိစဘက် ဘွန်းကို မေ ၁၆ ရက်က ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ အစိုးရသစ်သည် ၎င်း၏ ပထမဆုံးအစိုးရအဖွဲ့အစည်းအဝေးကို မေ ၂၃ ရက်တွင် အဲလီစီးတွင် ကျင်းပမည်ဖြစ်ကြောင်း ပြင်သစ် ရုပ်မြင်သံကြားသတင်းတစ်ခုဖြစ်သည့် BFMTV တွင် ဖော်ပြ ခဲ့သည်။
ဆင်ဟွာ