
နေပြည်တော် စက်တင်ဘာ ၁၅
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ် ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ နန်နင်းမြို့၌ ရောက်ရှိနေ သည့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့သည် ယနေ့တွင် တရုတ် - ဗီယက်နမ် နယ်စပ် ပင်းရှန်မြို့သို့ သွားရောက်၍ နယ်စပ်ကုန်သွယ်ရေး ဆောင်ရွက် နေပုံများနှင့် တရုတ်-အာဆီယံ သစ်သီးဝလံကုန်သွယ်ရေး ဆောင် ရွက်နေပုံများကို သွားရောက် လေ့လာကြသည်။
ဦးစွာ ပင်းရှန်မြို့ရှိ ချစ်ကြည် ရေးဂိတ်သို့ သွားရောက်၍ နယ်စပ် ကုန်သွယ်မှု ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို လေ့လာခဲ့ကြ သည်။ ယင်းချစ်ကြည်ရေးဂိတ်မှာ ဟူနန် - ကွမ်ရှီး မီးရထားလမ်း၊ တရုတ်အမျိုးသား အဝေးပြေး လမ်းမကြီးများနှင့် ဗီယက်နမ် အဝေးပြေးလမ်းတို့ကို ဆက်သွယ် ထားသည့် အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်ဖြစ်သည့်အပြင် တရုတ် နိုင်ငံတွင် နာမည်အကျော်ကြား ဆုံးနယ်စပ်ဂိတ်ကိုးခုအနက် တစ်ခု ဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့ သည် ပင်းရှန်မြို့ရှိ ဖူကျိုက် ကုန်သွယ်ရေးဂိတ်သို့ သွားရောက် ကာ ကုန်စည်စစ်ဆေးရေးကိစ္စများ ဆောင်ရွက်နေပုံကို လေ့လာခဲ့ ကြသည်။ ဖူကျိုက်ကုန်သွယ်ရေး ဂိတ်တွင် ပင်းရှန်မြို့၏ အနောက် တောင်ဘက် ဗီယက်နမ်နိုင်ငံ၊ Tinh Lang Son ပြည်နယ်၊ Van Lang စီရင်စုနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ပင်းရှန် မြို့ရှိ တရုတ်-အာဆီယံ သစ်သီး ဝလံကုန်သွယ်မှုစင်တာသို့ သွား ရောက်၍ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံ တို့မှ တင်သွင်းလာသည့် သစ်သီး ဝလံများ တရုတ်နိုင်ငံသို့ တင်သွင်း နေသည့် လုပ်ငန်းဆောင်ရွက်နေ မှုများကို ဆက်လက်လေ့လာ ခဲ့ကြသည်။
၎င်းစင်တာ၌ အာဆီယံနိုင်ငံ များမှ တင်သွင်းလာသည့် သစ်သီး ဝလံများအား တရုတ်နိုင်ငံမှ ကုန်သေတ္တာယာဉ်များအတွင်း လွှဲ ပြောင်း တင်ဆောင်ပြီးနောက် တရုတ်နိုင်ငံ၏ မြို့ကြီးများသို့ ပြန်လည်ဖြန့်ချိခြင်း၊ တရုတ် နိုင်ငံမှ လယ်ယာစိုက်ပျိုးရေးနှင့် သစ်သီးဝလံများကို အာဆီယံ နိုင်ငံများသို့ ပြန်လည်ဖြန့်ချိ ခြင်းများကို ဆောင်ရွက်လျက်ရှိ သည်။
အထူးသဖြင့် အာဆီယံနိုင်ငံ များမှ ပိန္နဲသီး၊ နဂါးမောက်သီး၊ ငှက်ပျောသီး၊ ဖရဲသီး၊ သခွားမွှေး၊ ဒူးရင်းသီး၊ မင်းကွတ်သီးများကို တင်သွင်းကာ တရုတ်နိုင်ငံမှ ထွက်ရှိသည့် သစ်သီးဝလံများ နှင့် ကောက်ပဲသီးနှံများကိုလည်း ပြန်လည်တင်ပို့လျက်ရှိသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့သည် ပင်းရှန်မြို့ရှိ ရွှေကို (Shuikou) နယ်စပ်ကုန်သွယ် ရေးစခန်းသို့ သွားရောက်၍ လေ့လာသည်။ ရွှေကိုနယ်စပ် ကုန်သွယ်ရေးစခန်းမှာ ဗီယက်နမ် နှင့် ၁၈၄ ကီလိုမီတာရှည်လျားစွာ ထိတွေ့နေသည့် လောင်ကျိုး (Longzhou) စီရင်စု၌ တည်ရှိ သော နိုင်ငံတော်အဆင့် စခန်း တစ်ခုဖြစ်သည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့ သည် နာဟွားပုဂ္ဂလိက နယ်စပ် ကုန်သွယ်ရေးဇုန်သို့ သွားရောက် လေ့လာခဲ့ကြသည်။
ပင်းရှန် (Pingxiang) မြို့မှာ ဗီယက်နမ်နိုင်ငံ အပါအဝင် အာဆီယံနိုင်ငံများမှ သစ်သီးဝလံ များကို ကုန်းလမ်းမှ ဖြတ်သန်း သယ်ဆောင်၍ တရုတ်နိုင်ငံ အတွင်းသို့ တင်သွင်းနေသည့် အဓိက ဝင်ပေါက်တစ်ပေါက် ဖြစ်ရာ မြန်မာနိုင်ငံ၏ သစ်သီးဝလံ ကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်နိုင် မည့် အလားအလာများစွာရှိသော မြို့ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်