ပင်လည်ဘူးမြို့နယ်အတွင်း၌ KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့တို့ အများပြည်သူပိုင်အဆောက်အဦနှင့်  လူနေအိမ်များအား အကာအကွယ်ယူ၍ လုံခြုံရေးတပ်ဖွဲ့များအား ပစ်ခတ်တိုက်ခိုက်လာသဖြင့်  လုံခြုံရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်ချေမှုန်း

 

 

မုံရွာ    ဧပြီ    ၁၁     
KIA အဖွဲ့နှင့် NLD ပါတီထောက်ခံ သူ အစွန်းရောက် PDF အမည်ခံ အကြမ်းဖက်  အဖွဲ့များအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ပင်လည် ဘူးမြို့နယ်     ပတ်ဝန်းကျင်တွင် စခန်းများ ဆောက်လုပ်ခိုအောင်း ပြီး အပြစ်မဲ့ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား   အကြောင်းမဲ့ သတ်ဖြတ်ခြင်းများအပြင်     မြို့ တွင်းသို့    ဝင်ရောက်၍    နိုင်ငံပိုင် အဆောက်အဦများ၊      အများ ပြည်သူနှင့် သက်ဆိုင်သောဆေးရုံ များ၊ ကျောင်းများ၊ လူနေအိမ်များ၊ ကျေးရွာများ၊ စျေးများ၊  နိုင်ငံပိုင် ဘဏ်များ၊ ဌာနဆိုင်ရာရုံးများအား အကာအကွယ်ရယူကာ လုံခြုံရေး တပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခြင်း များ ဆောင်ရွက်လာသဖြင့် လုံခြုံ ရေးတပ်ဖွဲ့ဝင်များက စနစ်တကျ စုဖွဲ့၍ တိုက်ခိုက်ချေမှုန်းခဲ့သည်။ 
ဖြစ်စဉ်မှာ KIA အဖွဲ့နှင့် NLD ပါတီထောက်ခံသူ အစွန်းရောက်  PDF အမည်ခံ အကြမ်းဖက်သမား များသည် စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့ ပတ်ဝန်းကျင်တွင် ယာယီစခန်းများ   ဆောက်လုပ် နေထိုင်လျက်ရှိပြီး   လမ်းများ ပိတ်ဆို့ခြင်း၊ ဒေသခံပြည်သူလူထု နှင့်   ခရီးသွားများအား  အဓမ္မ ဆက်ကြေး   တောင်းခံခြင်းများ ပြုလုပ်လျက်ရှိကြောင်း  သတင်း ရရှိ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ရာ  ပင်လည်ဘူးမြို့နယ် ကပန္တာ ကျေးရွာအနီး၌ အကြမ်းဖက်အဖွဲ့ များနှင့် မတ် ၂၉ နှင့်   ဧပြီ ၁ ရက် နေ့တို့တွင်    တွေ့ဆုံပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။
အလားတူ ဧပြီလ ၃  ရက်  ည ၇ နာရီခန့်တွင် ပင်လည်ဘူးမြို့၏ အရှေ့မြောက်ဘက် ၈ မိုင်ကျော် ခန့်၊ နွယ်လိန်းကျေးရွာ၏ အရှေ့ မြောက်ဘက်   ၁  မိုင်ကျော်ခန့် တွင် သွပ်ဆူးကြိုး ကာရံထားသော  စခန်းတစ်ခုအား ရှာဖွေဖော်ထုတ် ၍ တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး    ၎င်းဖြစ်စဉ်များ တွင် အကြမ်းဖက်သမားများထံမှ  ပြောက်ကျား   ယူနီဖောင်းဝတ် အလောင်း   နှစ်လောင်း၊   M-22  နှစ်လက်၊   KIA ထုတ် ၄၀ မမ ဗုံးပစ်လောင်ချာ       တစ်လက်၊ M-၇၉ ဗုံးပစ်လောင်ချာ တစ်လက်၊   လက်လုပ် တစ်ထောင့်ထိုးသေနတ် တစ်လက်၊   M-22   ကျည် ၅၉ တောင့်၊ ၄၀ မမ ဗုံးသီး ၁၅ လုံး၊ M-22 ကျည်အိမ် ၅ ခု၊ ၇.၆၂ ကျည် ၁၃၁ တောင့်၊ လက်လုပ်လက်ပစ်ဗုံး နှစ်လုံး၊   လမ်းလျှောက်စကား ပြောစက်  နှစ်လုံး၊   ပြောက်ကျား ယူနီဖောင်း   တစ်စုံနှင့်   အသုံး အဆောင်ပစ္စည်းများ   သိမ်းပိုက် ရရှိခဲ့သည်။ 
ဆက်လက်၍ ဒေသခံပြည်သူ တို့၏ သတင်းပေးပို့မှုအရ ပင်လည် ဘူးမြို့၏ အရှေ့မြောက်ဘက် ၉ မိုင်ခန့်၊   နွယ်လိန်းရွာ၏  အရှေ့ မြောက်ဘက် ၂ မိုင်ခန့်ရှိ အကြမ်း ဖက်အဖွဲ့များ  ခိုအောင်းနေသည့် စခန်းအား   ဧပြီလ ၄ ရက် နံနက် ၁၁   နာရီ      မိနစ်   ၃၀   ခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ  သောင်း ကျန်းသူ အင်အား ၁၅၀  ခန့်နှင့် ထပ်မံထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ခြံစည်းရိုးကျားလန်   တစ်ထပ် ကာရံထားသော  စခန်းတစ်ခုနှင့်   ပြောက်ကျားယူနီဖောင်း ဝတ်ဆင် ထားသော  အလောင်း နှစ်လောင်း၊ တစ်တောင့်ထိုး   သေနတ်  ရှစ် လက်၊  M-22 ကျည်အိမ် ၁၈ ခု၊ M-22    ကျည်   ၁၃၅    တောင့်၊ လက်လုပ်သေနတ်    နှစ်လက်၊ စနိုက်ပါမှန်ပြောင်း    တစ်ခုနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရရှိခဲ့သည်။
ထိုသို့   လုံခြုံရေးတပ်ဖွဲ့ဝင် များမှ သောင်းကျန်းသူစခန်းများ အား     သွားရောက်တိုက်ခိုက် ချေမှုန်းစဉ် အကြမ်းဖက်အဖွဲ့များ အနေဖြင့် ပင်လည်ဘူးမြို့အတွင်း သို့ ဝင်ရောက်၍ ဆေးရုံ၊ စာသင် ကျောင်း၊ မီးသတ်အဆောက်အဦ၊ မြန်မာ့စီးပွားရေးဘဏ်၊   ဘုရား ကုန်းနှင့်     လူနေအဆောက်အဦ များကို   အကာအကွယ်ယူကာ နယ်မြေခံရဲစခန်းနှင့် မြို့တွင်းတွင် လုံခြုံရေး    ဆောင်ရွက်နေသော  တပ်ဖွဲ့ဝင်များအား      သာလွန် အင်အားဖြင့်   တိုက်ခိုက်ခဲ့သဖြင့် ဧပြီ   ၉  ရက်နေ့တွင်    လုံခြုံရေး တပ်ဖွဲ့ဝင်များက ပင်လည်ဘူးမြို့ နှင့်        ပတ်ဝန်းကျင်နေရာများ အား   ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက် ချေမှုန်းခဲ့ရာ ဧပြီ ၁၀ ရက်နေ့တွင် အကြမ်းဖက်         အဖွဲ့များသည် သေကျေ    ထိခိုက်ဒဏ်ရာရရှိမှု များစွာဖြင့်     ပင်လည်ဘူးမြို့၏ မြောက်ဘက်သို့        ဖရိုဖရဲဖြင့် ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။         ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင် အချို့  ကျဆုံး/ ဒဏ်ရာရရှိခဲ့ပြီး  အကြမ်းဖက်သူများထံမှ   KIA/ PDF    လက်မောင်းတံဆိပ်ပါ ပြောက်ကျားဝတ်   အလောင်း လေးလောင်း၊ အားကစားဝတ်စုံ ဝတ်ဆင်ထားသော  အလောင်း လေးလောင်း စုစုပေါင်း အလောင်း ရှစ်လောင်း၊  M-22  သေနတ် ငါးလက်၊   AK-47  သေနတ် နှစ်လက်၊     KIA      ထုတ်  ၄ဝ  မမ  ဆုံလည်  တစ်လက်၊  ၇.၆၂ မမ        စနိုက်ပါ      တစ်လက်၊   M-22     ကျည်အိမ်    ၂၂   ခု၊  M-22   ကျည်   ၁၃၄၅  တောင့်၊     ၇.၆၂  မမ စနိုက်ပါကျည်  ၁၁၅ တောင့်၊ ၄ဝ မမ ဗုံးသီး ကိုးလုံး၊ KIA    ကြိုးဆွဲ  လက်ပစ်ဗုံး   ၁၉ လုံး၊    ၆၀   မမ   ဗုံးသီး   ၁၇ လုံး၊ လက်ပစ်ဗုံး     တစ်လုံးတို့အား  သိမ်းဆည်းရမိခဲ့သည်။  
သိမ်းဆည်းရမိသည့် အကြမ်း ဖက်သမားများ၏ အလောင်းအချို့ တွင်  စိတ်ကြွရူးသွပ်ဆေးသုံးစွဲ ထားသည့်လက္ခဏာများ တွေ့ရှိရ ပြီး          သိမ်းပိုက်ရရှိခဲ့သော စခန်းများအတွင်း၌လည်း မူးယစ် ဆေးဝါးအချို့နှင့်      ဆက်စပ် ပစ္စည်းများ       သိမ်းဆည်းရရှိခဲ့ သည်။
အကြမ်းဖက်အဖွဲ့များအနေ ဖြင့်    ယခုကဲ့သို့     စစ်ရေးနှင့် သက်ဆိုင်သော    ပစ်မှတ်များ မဟုတ်ဘဲ အုပ်ချုပ်ရေး၊ ပညာရေး ဆိုင်ရာ   အဆောက်အဦများနှင့် မြို့/ရွာများအတွင်း လူနေအိမ်များ ကို အကာအကွယ်ရယူ  ပစ်ခတ် တိုက်ခိုက်ခြင်း၊ စစ်ရေးရည်ရွယ် ချက်အတွက် အသုံးပြုထားခြင်း မရှိသော စစ်ဘက်ပစ်မှတ်မဟုတ် သည့် ဌာနဆိုင်ရာများအား ရည် ရွယ်ချက်ရှိစွာဖြင့် စခန်းချအခြေပြု အကာအကွယ်ယူတိုက်ခိုက်ခြင်း သည် ဂျီနီဗာကွန်ဗင်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှုကျူးလွန်ရာရောက် ပြီး အဆိုပါရာဇဝတ်မှုများအတွက် အကြမ်းဖက်မှု    တိုက်ဖျက်ရေး ဥပဒေ       ရာဇသတ်ကြီးနှင့် သက်ဆိုင်ရာ တည်ဆဲဥပဒေများ ဖြင့် ၎င်းတို့အပေါ်  ထိရောက်စွာ အရေးယူနိုင်ရေး       ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့်    နယ်မြေဒေသ   တည်ငြိမ် အေးချမ်းရေးအတွက်   လုံခြုံရေး တပ်ဖွဲ့ဝင်များက       လိုအပ်သော လုံခြုံရေး     လုပ်ငန်းများအား ဆက်လက်    ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်