ပန်းဆိုးတန်း - ဒလ ကူးတို့သင်္ဘောစီးနင်းခများ သြဂုတ်လမှစတင်၍ ‌စျေးနှုန်းတိုးမြှင့်ကောက်ခံမည်

 

ရန်ကုန်   ဇူလိုင်   ၂၇


ပို့ဆောင်ရေးနှင့်      ဆက်သွယ်ရေး ဝန်ကြီးဌာန  ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး  မြစ်ဝကျွန်းပေါ်ဌာနခွဲရှိ ပန်းဆိုးတန်း-ဒလ (ကူးတို့) လမ်းတွင်   ကူးတို့ သင်္ဘောစီးနင်းခများကို  သြဂုတ် ၁    ရက်မှစတင်ကာ    ၂၀၀    နှုန်း ပြောင်းလဲတိုးမြှင့်  ကောက်ခံမည်ဖြစ် ကြောင်း သိရသည်။

 


ပန်းဆိုးတန်း-ဒလ ကူးတို့သင်္ဘော လိုင်းသည် နေ့စဉ် ခရီးသည်သွားလာမှု များသော     ရေယာဉ်ခရီးစဉ်တစ်ခု ဖြစ်ပြီး ဂျပန်နိုင်ငံမှ ပေးအပ်လှူဒါန်းခဲ့ သည့်       ချယ်ရီနှစ်ထပ်ကူးတို့ သင်္ဘောကြီးများဖြင့်    ပြေးဆွဲပေးခြင်း ဖြစ်၍   ခရီးသည်များ၏    အသက် အန္တရာယ်လုံခြုံမှုရှိခြင်း၊      ဈေးနှုန်း သက်သာခြင်းတို့ကြောင့်      ခရီးသည် အများစုသည်   ချယ်ရီနှစ်ထပ်ကူးတို့ သင်္ဘောကိုသာ    လိုက်ပါစီးနင်းမှုများ ခြင်းဖြစ်ကြောင်း သိရသည်။

 


“ပြောရရင်တော့ ချယ်ရီသင်္ဘောခ က   သက်သာတယ်၊    ချယ်ရီစီးရတာ   အသက်အန္တရာယ်    ကင်းတယ်လေ။ အရင် ၁၀၀ ကျပ်ကနေ အခု ၂၀၀ ကျပ် ဖြစ်မယ်ဆိုတော့လည်း          စီးရမှာပဲ။ သမ္ဗန်တွေက   ဘယ်လောက်ကြံ့ခိုင် ပါတယ်ပြောပြော     ချယ်ရီလောက် တော့ လုံခြုံမှု   မပေးနိုင်ဘူးလေ”   ဟု     ဒလမှ        ရန်ကုန်မြို့သို့      နေ့စဉ်  အလုပ်သွားနေသူတစ်ဦးက           ပြော သည်။

 


အခြား  ခရီးသွားပြည်သူတစ်ဦး ကလည်း  “ဟိုးအရင်ကလည်း  ဒီလို ပါပဲ၊  ကျွန်တော်ဒီလိုင်းက သင်္ဘော စစီးတော့   ငွေတစ်ဆယ်ပေါ့။  အဲဒီက နေ  ကျပ် ၅၀၊ နောက် ကျပ် ၁၀၀၊ အခု ကျပ်   ၂၀၀    ဆိုလည်း      ၂၀၀   ပေါ့။  ခေတ်အဆက်ဆက်   ကုန်ဈေးနှုန်းက ကျတယ်ဆိုတာ မရှိဘူးလေ။ မြင့်မား လာတဲ့ကုန်ဈေးနှုန်းကို လိုက်မီအောင် ကြိုးစားရမှာက        ကိုယ့်အလုပ်ပဲ။ ဈေးတက်လို့     မစီးဘူးဆို     ကိုယ်ပဲ အလုပ်အကိုင်တွေ   ပျက်ရမှာ”   ဟု ပြောသည်။

 


သြဂုတ် ၁ ရက်မှ စတင်၍ ပန်းဆိုး တန်း-ဒလ   ကူးတို့ချယ်ရီ  သင်္ဘော စီးခများကို     ယခင်ကောက်ခံလျက် ရှိသည့်    ငွေကျပ်   ၁၀၀   မှ   ငွေကျပ် ၂၀၀ သို့  တိုးမြှင့်ကောက်ခံသွားမည် ဖြစ်သော်လည်း      စက်ဘီး၊    ဆိုက်ကား၊  ဆိုင်ကယ်        တင်ဆောင်ခများကိုမူ တိုးမြှင့်ကောက်ခံခြင်းမရှိဘဲ    လက်ရှိ နှုန်းထားများအတိုင်းသာ   ဆက်လက်     ကောက်ခံသွားမည်ဖြစ်ကြောင်း သိရ သည်။


မောင်ယဉ်ဦး