အင်တာမီလန်အသင်းနဲ့ ပါးမားအသင်းတို့ မေ ၃ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ အီတလီစီးရီးအေ ပွဲစဉ်မှာ ပါးမားအသင်း ကိုအနိုင်ရပြီး အီတလီစီးရီးအေဖလားကို ရယူဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပါတယ်။
အင်တာမီလန်အသင်းနဲ့ ပါးမားအသင်းတို့ပွဲစဉ်မှာ အင်တာမီလန်အသင်းက ပါးမားအသင်းကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အင်တာမီလန်အသင်းအတွက် သွင်းဂိုးတွေကို ပထမပိုင်း ပွဲကစားချိန် ၄၅ မိနစ်အပြီး နာကျင်အချိန်ပို တစ်မိနစ်မှာ တူရမ်ကတစ်ဂိုး၊ ဒုတိယပိုင်း ပွဲကစားချိန် မိနစ် ၈၀ မှာ ခီတာယန်က တစ်ဂိုး အသီးသီးသွင်းယူပေးခဲ့တာဖြစ် ပါတယ်။
အင်တာမီလန်အသင်းဟာ ပါးမားအသင်းကို အနိုင်ရရှိခဲ့ပြီးနောက် လက်ရှိချန်ပီယံ နာပိုလီအသင်းကို ၁၂ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။
အင်တာမီလန်အသင်းအနေနဲ့ အီတလီစီးရီးအေဖလားကို ၂၀၂၄ ခုနှစ်က နောက်ဆုံးအကြိမ် ရယူဆွတ်ခူး နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အင်တာမီလန်အသင်းဟာ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ အီတလီစီးရီးအေ ပွဲစဉ်ခြောက်ပွဲမှာ သွင်းဂိုး ၁၉ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး အီတလီစီးရီးအေပွဲစဉ် ၃၅ ပွဲ ယှဉ်ပြိုင် ကစားပြီးနောက် ၂၆ ပွဲအထိ အနိုင်ရရှိကာ အီတလီစီးရီးအေ ဖလားကို ရယူဆွတ်ခူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
အင်တာမီလန်အသင်းအနေနဲ့ အီတလီစီးရီးအေပြိုင်ပွဲပြီးဆုံးဖို့ သုံးပွဲအလိုမှာ အီတလီစီးရီးအေဖလားကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး အီတလီစီးရီးအေမှာ လာမယ့်ဘောလုံးရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။
ငွေကြယ်