ပလက်ဝမြို့နယ်၌ အသက် ၅ နှစ်နှင့် ၁၂ နှစ်အတွင်း ​ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ

 

ပလက်ဝ   ဇွန်    ၅


ချင်းပြည်နယ် မတူပီခရိုင် ပလက်ဝမြို့နယ် အခြေခံ​ပညာကျောင်းများတွင်    အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ   ကျောင်းသား ကျောင်းသူများအား   ကိုဗစ်-၁၉   ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခြင်းကို ယနေ့  နံနက်ပိုင်းက   သတ်မှတ်ထားသော စုရပ်များတွင်  ထိုးနှံပေးလျက်ရှိသည်။

 


ထိုသို့     ကာကွယ်ဆေးထိုးနှံရာတွင်  မြို့နယ်  ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစန်းမာနှင့် ကျန်းမာရေးဝန်ထမ်း များက အဖွဲ့သုံးဖွဲ့ခွဲပြီး ဇွန် ၂ ရက်မှ စတင် ကာ နေ့စဉ်ကာကွယ်ဆေး ထိုးနှံပေးလျက် ရှိ​သည်။  ပလက်ဝမြို့နယ်တွင်    မူလတန်း အဆင့် အသက် ၅ နှစ်နှင့် ၁၂ နှစ်အတွင်း ကျောင်းသား  ကျောင်းသူ  ၆၁၁၃ ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန်     ချင်းပြည်နယ်အစိုးရအဖွဲ့မှ လျာထားပေး ခဲ့ပြီးဖြစ်ကြောင်း ဒုတိယမြို့နယ် ပညာရေး မှူး ဦးအောင်လင်း က ပြောကြားသည်။

 


ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊  မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ     ဝန်ထမ်းများ၊    ဆရာ၊ ဆရာမများ၊ မြို့နယ်ကြက်ခြေနီ အသင်းဝင် များက ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။


မြို့နယ်(ပြန်/ဆက်)