
ပလက်ဝ ဇန်နဝါရီ ၁၉
ချင်းပြည်နယ် ပလက်ဝမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေဖြင့် တွီးကင်းဝကျေးရွာ စာသင်ကျောင်း ခြံစည်းရိုးကာရံခြင်းနှင့်ဘောင်ကူးကျေးရွာ သစ်သားတံတားဆောက် လုပ်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည်။ ထိုသို့ ပလက်ဝ ခရိုင် ကျေးလက်ဦးစီးမှူး ဦးသန်းစိုးဦးနှင့် အဖွဲ့ဝင်များသည် တွီကင်းဝ ကျေးရွာ စာသင်ကျောင်း ခြံစည်းရိုးကာရံခြင်းပြီးစီးမှုနှင့် ဘောင်ကူး ကျေးရွာ သစ်သားတံတားပြီးစီးမှု အခြေအနေများကို သွားရောက် ကွင်းဆင်း စစ်ဆေးသည်။
အဆိုပါစာသင်ကျောင်း ခြံစည်းရိုးကာရံခြင်းသည် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ရန်ပုံငွေမှ ကျပ်၁၀ ဒသမ ၀၀ သန်းနှင့် ကျေးရွာပြည်သူ ထည့်ဝင်ငွေကျပ် ၁ ဒသမ ၀၀ သန်း စုစုပေါင်း ကျပ် ၁၁ ဒသမ ၀၀ သန်း ဆောက်လုပ်ခြင်းဖြစ်ပြီး သစ်သားတံတားသည် စီမံကိန်းရန်ပုံငွေမှ ကျပ် ၁၀ ဒသမ ၀၀ သန်းနှင့် ပြည်သူ ထည့်ဝင်ငွေ ကျပ် ၁ ဒသမ ၅ သန်း စုစုပေါင်း ကျပ် ၁၁ ဒသမ ၅ သန်း ကုန်ကျခံ တည်ဆောက်ခဲ့ရာ လုပ်ငန်းအားလုံး ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ် ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)