ပလက်ဝ- ကျောက်တော် သင်္ဘောခရီးစဉ် တစ်ရက်ခြားပုံမှန်ပြေးဆွဲပေးခြင်းဖြင့် ခရီးသွား လာရေးနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးအဆင်ပြေ

 

ပလက်ဝ    အောက်တိုဘာ  ၁၀


ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သို့ ပြေးဆွဲပေးလျက်ရှိသော   သင်္ဘောခရီးစဉ်သည် တစ်ပတ်နှစ်ကြိမ် ပြေးဆွဲပေးရာမှ  အောက်တိုဘာ ၄ ရက်မှစ၍ တစ်ရက်ခြား ပုံမှန်ပြေးဆွဲ ပေးလျက်ရှိသည်။


ထိုသို့ သင်္ဘောခရီးစဉ်ကို   တစ်ရက်ခြားပုံမှန်ပြေးဆွဲပေးခြင်းဖြင့် အများပြည်သူ   ခရီးသွားလာရေးနှင့်    ကုန်စည်သယ်ယူပို့ဆောင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊  လူမှုရေး၊ စီးပွားရေး အစစအရာရာ  အဆင်ပြေ ချောမွေ့လျက်ရှိကြောင်း  သိရသည်။                

မြို့နယ်(ပြန်/ဆက်)