
ရမ်မလာ ဇန်နဝါရီ ၁၇
ပါလက်စတိုင်းနယ်မြေများတွင် ပြီးခဲ့သည့် နှစ်လကျော် ကာလအတွင်း အိုမီခရွန်ကူးစက်ခံရသူစုစုပေါင်းမှာ ၇၀၀ အထိရှိလာကြောင်း ကျန်းမာ ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၆ ရက်တွင် ပြောသည်။
အိုမီခရွန်ကူးစက်မှုများတိုးလာခြင်းမှာ စိုးရိမ်ဖွယ်ရာကောင်း သည်ဟု ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကမဲလ်အယ်ရှိတ်ဟရာက ပြောသည်။
အနောက်ဘက်ကမ်းတွင် ကိုဗစ် -၁၉ ဖြစ်ပွားမှုနှုန်းမှာ ၃၀ ရာခိုင် နှုန်းရှိပြီး ယခုအချိန်အထိ ကာကွယ်ဆေးမထိုးသူများအတွက် စိုးရိမ်စရာ ကောင်းကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
လာမည့်ရက်များအတွင်း ကူးစက်မှုများ များပြားလာနိုင်သည့် အတွက် ကာကွယ်ဆေးကို ဖြစ်နိုင်သမျှ မြန်မြန်ထိုးကြရန်၊ ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ရန်နှင့် လူမှုဝေးကွာအစီအစဉ်များအတိုင်း လိုက်နာကြရန်အတွက်လည်း ၎င်းက တိုက်တွန်းခဲ့သည်။
ဇန်နဝါရီ ၁၆ ရက်က အနောက်ဘက်ကမ်းနှင့် ဂါဇာဒေသတို့တွင် ကိုဗစ် -၁၉ ကြောင့် သေဆုံးသူ သုံးဦးရှိပြီး နောက်ထပ်ကူးစက်ခံရသူ ၆၄၂ ဦးရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် သည်။
ဆင်ဟွာ