ပလောင်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌများနှင့် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဥက္ကဋ္ဌတို့ နေပြည်တော် - တပ်ကုန်းရှိ မြန်မာ့ရုပ်မြင်သံကြားသို့ လာရောက်ကြည့်ရှုလေ့လာ

 

နေပြည်တော်     ဇွန်   ၅


ပလောင်      ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ        ဥက္ကဋ္ဌ တားသိန်းဇော်၊    ကိုးကန့်   ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဥက္ကဋ္ဌ ဦးမြင့်ဆွေနှင့် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း ဥက္ကဋ္ဌ ဦးညီနပ်တို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်-တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၏ ရုပ်သံထုတ်လွှင့်မှုဆိုင်ရာများနှင့် မြန်မာ့ အသံနှင့်   ရုပ်မြင်သံကြား   စိန်ရတုပြတိုက်တို့ကို လာရောက်ကြည့်ရှုလေ့လာကြပြီး တိုင်းရင်းသား ရုပ်သံတွင်            တာဝန်ထမ်းဆောင်နေကြသည့် သက်ဆိုင်ရာ တိုင်းရင်းသူ၊ တိုင်းရင်းသားများအား ထောက်ပံ့ပေးအပ်ကာ   အားပေးစကား  ပြောကြား ကြသည်။

 


ရှေးဦးစွာ ပလောင်နှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဥက္ကဋ္ဌများနှင့်  “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဥက္ကဋ္ဌတို့အား  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား  ညွှန်ကြားရေးမှူးချုပ်  ဦးရဲနိုင်နှင့် တာဝန်ရှိသူများက   ကြိုဆိုနှုတ်ဆက်ပြီး ဌာန၏ ရုပ်သံထုတ်လွှင့်မှုလုပ်ငန်း များ    ဆောင်ရွက်နေမှုနှင့်  တိုင်းရင်းသား   ရုပ်သံ ထုတ်လွှင့်မှုဆိုင်ရာများကို       ရှင်းလင်းပြောကြား ကြသည်။

 


ထို့နောက်   ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ ဥက္ကဋ္ဌများသည်       ပင်မအဆောက်အဦအတွင်းရှိ သတင်းများစုဆောင်းဖြန့်ဝေမှု     (Convergence News Room)၊ သတင်းထုတ်လွှင့်ရေး စီမံဆောင်ရွက်မှု (News Control Room) ၊ သတင်းရိုက်ကူးထုတ်လွှင့်မှု (News  Studio  Room)   များကိုလည်းကောင်း၊    မြန်မာ့အသံနှင့်      ရုပ်မြင်သံကြား     စိန်ရတုပြတိုက် အတွင်း ခင်းကျင်းပြသထားသည့် ခေတ်အဆက်ဆက် ရုပ်သံထုတ်လွှင့်မှုများတွင်        အသုံးပြုခဲ့သည့် စက်ပစ္စည်းများ၊ တိုက်ရိုက်ထုတ်လွှင့်ရေးမော်တော် ယာဉ်များ၊  သတင်းတင်ဆက်မှုပုံစံငယ်များ၊ ခေတ် အဆက်ဆက် ထုတ်လွှင့်တင်ဆက်ခဲ့သည့် အစီအစဉ် များတွင် ပါဝင်ဆောင်ရွက်ခဲ့သူများ၏   မှတ်တမ်း ဓာတ်ပုံများ၊  တူရိယာပစ္စည်းများ၊ သတင်းစတူဒီယို ခန်းများ၊   ရေဒီယိုအစီအစဉ်တွင်   အသုံးပြုခဲ့သည့် ခေတ်ဟောင်းဓာတ်ပြားများနှင့်      အခြားအသုံး အဆောင်ပစ္စည်းများ    စုစုပေါင်း  ပြခန်း ၄၀ ဖြင့် ခင်းကျင်းပြသထားမှုများကိုလည်းကောင်း ကြည့်ရှု လေ့လာကြပြီး သိရှိလိုမှုများအပေါ် သက်ဆိုင်ရာ အလိုက်   တာဝန်ရှိသူများက    ရှင်းလင်းဖြေကြား ကြသည်။ 

 


ထို့နောက်   ညွှန်ကြားရေးမှူးချုပ်က   ဒေသ ဥက္ကဋ္ဌများအား MRTV DTH စလောင်း၊ စက်ပစ္စည်း များနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်သကဲ့သို့ ဒေသဥက္ကဋ္ဌများကလည်း တိုင်းရင်းသားရုပ်သံလိုင်း များတွင် တာဝန်ထမ်းဆောင်နေကြသည့် သက်ဆိုင်ရာ တိုင်းရင်းသား၊ တိုင်းရင်းသူများအား ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

 


မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသည် တိုင်းရင်း သားရုပ်သံလိုင်း MRTV – NRC ဖြင့် ကချင်၊ ကယား၊ စကောကရင်၊  အနောက်ပိုးကရင်၊  အရှေ့ပိုးကရင်၊ ချင်း(လိုင်ဇိုး)၊ ချင်း(ချိုး)၊ မွန်၊ ရခိုင်၊   ရှမ်းနှင့်  “ဝ” ဘာသာစကား  ၁၁ မျိုးဖြင့် လည်းကောင်း၊ ရေဒီယို အသံထုတ်လွှင့်မှုဖြင့်လည်း ကချင်၊ ကယား၊ ကယန်း၊ ဂေခို၊ ဂေဘား၊ စကောကရင်၊ အနောက်ပိုးကရင်၊ အရှေ့ပိုးကရင်၊ ချင်း(လိုင်ဇိုး)၊ ချင်း(ချိုး)၊မွန်၊ ရခိုင်၊ ရှမ်း၊ ကိုးကန့်၊ ပအိုဝ်း၊ ဓနု၊ “ဝ” ဘာသာစကား ၁၇ မျိုးဖြင့်လည်းကောင်း နေ့စဉ် အစီအစဉ်များရေးဆွဲပြီး ထုတ်လွှင့်ပေးလျက်ရှိသည်။              

သတင်းစဉ်