ပျက်ကျခဲ့သည့် အမေရိကန်စစ်ဘက်ဆိုင်ရာ အော့စ်ပရေးလေယာဉ်ကို ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသော်လည်း ပျောက်ဆုံးအမှုထမ်းများကို ရှာဖွေရန် သဲလွန်စ မတွေ့

 

တိုကျို    ဒီဇင်ဘာ    ၁ 
ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဂါဂိုရှီမာခရိုင်တွင်     ပျက်ကျခဲ့ သော အမေရိကန်စစ်ဘက်ဆိုင်ရာ  အော့စ်ပရေး     လေယာဉ်ပျက် ရှာဖွေမှုများကို ဆက်လက် လုပ် ဆောင်လျက်ရှိသည်။   သို့သော် လည်း အမှုထမ်းခုနစ်ဦး ပျောက်ဆုံး မှုကိုရှာဖွေရန်  သဲလွန်စ  တစ်စုံ တစ်ရာ မတွေ့ရှိခဲ့ပေ။ 
လူရှစ်ဦးကို တင်ဆောင်လာ သော အော့စ်ပရေးလေယာဉ်သည် နိုဝင်ဘာ ၂၉ ရက်က ယာဂူရှီမာ ကျွန်းကမ်းလွန်တွင်   ပျက်ကျခဲ့ သည်။      အမှုထမ်းတစ်ဦး၏ ရုပ်အလောင်းကို  ရှာဖွေတွေ့ရှိခဲ့ သည်။ ဒီဇင်ဘာ ၁ ရက်တွင် ဂျပန် ကမ်းခြေစောင့်တပ်ဖွဲ့သည် ယာဂူ ရှီမာလေဆိပ်မှ ၁ ဒသမ ၂ ကီလို မီတာအကွာအထိ   အသေးစိတ် ရှာဖွေမှုများ       ပြုလုပ်ခဲ့ချိန် ရေအောက်အသံလှိုင်း  ရှာဖွေမှု ကိရိယာတစ်ခုက  လေယာဉ်၏ အပျက်အစီးများ    ဖြစ်မည်ဟု ယူဆရသော အရာဝတ္ထုများကို  ခြေရာခံနိုင်ခဲ့သည်။ 
ရေငုပ်သမားများ၊ ကင်းလှည့် သင်္ဘောများ၊  ရဟတ်ယာဉ်များ အပါအဝင် ၂၄ နာရီရှာဖွေမှုတွင်    နောက်ထပ် မည်သည့်သဲလွန်စမှ    မရရှိသေးကြောင်း သိရသည်။ 
အမေရိကန်     စစ်ဘက်က လည်း ပျောက်ဆုံးအမှုထမ်းများ နှင့် လေယာဉ်ကို ဆက်လက်ရှာဖွေ လျက်ရှိသည်။ အဆိုပါလေယာဉ် သည် တိုကျိုရှိယိုကိုတာ လေတပ် အခြေစိုက်     စခန်းပိုင်လေယာဉ် ဖြစ်သည်။       အင်န်အိတ်ချ်ကေ