
ပခုက္ကူ မတ် ၂
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ပခုက္ကူတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အထိ အထူးပြုဘာသာရပ်များအလိုက် နေ့သင်တန်းနှင့်အဝေး သင်သင်တန်းစာမေးပွဲများ၌ ဖြေဆိုအောင်မြင်ခဲ့ ကြသည့် ဘွဲ့ရမောင်မယ်ပေါင်း ၆၇၀၀၀ ကျော်တို့ကို ပညာသင်ကြားမွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ပခုက္ကူတက္ကသိုလ်အနေဖြင့် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာ ရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင်ပါဝင်ဆောင်ရွက်နိုင်မည့် လူ့စွမ်းအား အရင်းအမြစ်ကောင်းများပေါ်ထွက်လာစေရန် ဘွဲ့ရလူငယ်မောင်မယ် များကို နှစ်စဉ်ပညာသင်ကြားမွေးထုတ်ပေးလျက်ရှိကြောင်း၊ လက်ရှိ ပညာသင်နှစ်အထိ အထူးပြုဘာသာရပ်များအလိုက် နေ့သင်တန်း စာမေးပွဲများ၌ ဖြေဆိုအောင်မြင်ကြသည့် ဝိဇ္ဇာနှင့်သိပ္ပံဘွဲ့ရ ၁၆၅၄၂ဦး၊ ဝိဇ္ဇာနှင့်သိပ္ပံဂုဏ်ထူးဘွဲ့ရ ၂၂၂၆ ဦး၊ မဟာဝိဇ္ဇာ၊ မဟာသိပ္ပံဘွဲ့ရ ၂၁၂၈ ဦး၊ မဟာသုတေသနဘွဲ့ရ ၁၂၈ ဦး၊ အဝေးသင် သင်တန်းစာမေးပွဲ များ၌ ဖြေဆိုအောင်မြင်ခဲ့ကြသည့် ဝိဇ္ဇာနှင့်သိပ္ပံဘွဲ့ရ ၄၀၆၇၅ ဦး၊ ဥပဒေ ပညာဘွဲ့ရ ၁၁၆၅ ဦး၊ စီးပွားရေးပညာပေါင်းစပ်ဘွဲ့ရ ၄၃၆၄ဦး၊ စုစုပေါင်း ဘွဲ့ရမောင်မယ် ၆၇၂၂၈ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် (၁၉) ကြိမ်မြောက် ဘွဲ့နှင်းသဘင်နှင့် အဝေးသင်သင်တန်း(ဒုတိယအကြိမ်) ဘွဲ့နှင်းသဘင်အခမ်းအနားကို ၂၀၂၄ခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်တွင် ကျင်းပခဲ့ရာ နေ့သင်တန်းဘွဲ့ရ မောင်မယ် ၁၆၅ ဦးနှင့် အဝေးသင် သင်တန်းဘွဲ့ရမောင်မယ် ၁၁၂ ဦး တို့ကို ဘွဲ့များအသီးသီးအပ်နှင်းခဲ့ပြီးဖြစ်ကြောင်း ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်ထံမှ သိရသည်။
ဘာမီသာ(ပခုက္ကူ)