ပခုက္ကူမြို့နယ် ဖောင်ချောင်းကျေးရွာကို ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း မှန်ကန်မှုမရှိသည့် သတင်းတု၊ သတင်းအမှားများကို လှုံ့ဆော်ဝါဒဖြန့်ဝေလျက်ရှိ

 

နေပြည်တော်  ဧပြီ   ၃၀ 
မကွေးတိုင်းဒေသကြီး    ပခုက္ကူ မြို့နယ်      ဖောင်ချောင်းကျေးရွာ ကို  ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက လက်နက်ကြီး၊  လက်နက်ငယ်များ ဖြင့်   ဧပြီ ၂၉ ရက်တွင်    ပစ်ခတ် ဝင်ရောက်ပြီး    နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မှန်ကန်မှု မရှိသည့်   သတင်းတု၊    သတင်း အမှားများကို        တရားမဝင် ပြည်ဖျက်မီဒီယာများက     လူမှု ကွန်ရက်ပေါ်တွင် လှုံ့ဆော်ရေးသား ဝါဒဖြန့်ဝေနေသည်ကို     တွေ့ရ သည်။
ဖြစ်စဉ်အမှန်မှာ  PDF အမည်ခံ အကြမ်းဖက်သမားများက  ၎င်းတို့ ၏   အကြမ်းဖက်လုပ်ရပ်များကို အားပေးထောက်ခံခြင်း မရှိသည့် မကွေးတိုင်းဒေသကြီး    ပခုက္ကူ မြို့နယ်ရှိ ညောင်ဂျစ်ပင်ကျေးရွာ နှင့်  ရေလာလေးကျေးရွာတို့ကို ဒရုန်းများ၊    လက်လုပ်လက်နက် ကြီးများဖြင့် လာရောက်တိုက်ခိုက် ခဲ့ရာ       ရေလာလေးကျေးရွာမှ ပြည်သူတစ်ဦး         သေဆုံးခဲ့ပြီးငါးဦးထိခိုက်ဒဏ်ရာများ   ရရှိခဲ့ သည်။     ထို့နောက်    ပြည်သူ့ စစ်တပ်ဖွဲ့ဝင်များ၏    ပြန်လည် တိုက်ခိုက်မှုများကြောင့် အကြမ်း ဖက်သမားများ ဆုတ်ခွာထွက်ပြေး သွားခဲ့သည်။
ထိုသို့ ဆုတ်ခွာထွက်ပြေးသွား သည့်  အကြမ်းဖက်သမားများက အနီးဝန်းကျင်ရှိ    ဖောင်ချောင်း ကျေးရွာကို   မီးရှို့ဖျက်ဆီးခဲ့သည့် အတွက်    နေအိမ်များမီးလောင်ပျက်စီးခဲ့ရခြင်းဖြစ်ပြီး    ပြည်သူ့ စစ်တပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီး ခဲ့ခြင်းမဟုတ်ကြောင်း  ဒေသတွင်း သတင်းအရင်းအမြစ်များအရ သိရ သည်။ 
တရားမဝင် ပြည်ဖျက်မီဒီယာ များသည်        ပြည်သူများအား သတင်းအမှန်များ        အချိန်နှင့် တစ်ပြေးညီသိရှိစေရန်  ရေးသား ထုတ်လွှင့်ခြင်းမရှိဘဲ  သတင်းတု၊ သတင်းအမှားများဖြင့်သာ သတင်း အဆိပ်ခတ်လျက်ရှိပြီး  နိုင်ငံတွင်း တည်ငြိမ်အေးချမ်းမှုကို  ပျက်ပြား စေမည့်   တစ်ဖက်သတ်    စွပ်စွဲ ရေးသားချက်များကိုသာ ရည်ရွယ် ချက်ရှိရှိ     ရေးသားဖြန့်ဝေနေခြင်း သာ ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်