ပခုက္ကူမြို့အခြေစိုက် အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်နှင့် အနောက်ဘုန်းကံရွာရှိ စခန်းတစ်ခုကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးဟု သတင်းမှားများ ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်  ဒီဇင်ဘာ   ၁၉
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့အခြေစိုက် အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ်နှင့် အနောက်ဘုန်းကံ ရွာရှိ စခန်းတစ်ခုကို လက်နက်ကြီး အလုံး ၂၀၀ ခန့် ဖြင့်    ပစ်ခတ်တိုက်ခိုက်ခဲ့ရာ   လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦး    သေဆုံးခဲ့သည်ဟု    အကြမ်းဖက်အားပေး တရားမဝင်ပြည်ဖျက် မီဒီယာတစ်ခုဖြစ်သည့် Khit Thit မှ  သတင်းတု၊ သတင်းမှားများကို လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ မြေပြင်စစ်ဆေး တွေ့ရှိချက်များအရ     အကြမ်းဖက်သောင်းကျန်း သူများက  လက်လုပ်လက်နက်ကြီးဖြင့်   ရမ်းသမ်း ပစ်ခတ်မှုများကြောင့် ကျေးရွာများအနီးသို့ ကျရောက် ပေါက်ကွဲမှုများရှိခဲ့ကြောင်းနှင့်   စစ်သည်    ၁၀ ဦး သေဆုံးသည်ဆိုသည်မှာ         သတင်းအမှားသာ ဖြစ်ကြောင်း သိရှိရသည်။ 
အကြမ်းဖက်အားပေး   တရားမဝင်   ပြည်ဖျက် မီဒီယာများအနေဖြင့်    အကြမ်းဖက်သောင်းကျန်း သူများ၏  လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များကို  စိတ်ဓာတ်ကျဆင်းစေရန် ရည်ရွယ် ချက်ဖြင့်    မဟုတ်မမှန်သတင်းများကို    လူမှု ကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း သိရသည်။                            သတင်းစဉ်