ပခုက္ကူခရိုင်အတွင်း နေထိုင်ကြသော ယာယီတိုက်ပွဲရှောင်မိသားစုများအား ထောက်ပံ့ပစ္စည်းများပေးအပ်

 

ပခုက္ကူ   မေ   ၉


မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်အတွင်းနေထိုင်ကြသော ယာယီတိုက်ပွဲရှောင်မိသားစုများအား ထောက်ပံ့ ပစ္စည်းများပေးအပ်ပွဲကို ပခုက္ကူတက္ကသိုလ် ပင်မဆောင်(ဘွဲ့နှင်းသဘင်)ခန်းမ၌ ယမန်နေ့က ကျင်းပသည်။

 


အခမ်းအနားတွင်     မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင်၊ ‌လုံခြုံရေးနှင့်   နယ်စပ်ရေးရာ ဝန်ကြီး   ဗိုလ်မှူးကြီး   ကျော်ကျော်လင်း၊  လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး   ရဲမှူးကြီး   လင်းထွဋ်တို့က  ပခုက္ကူခရိုင်အတွင်း နေထိုင်ကြသော ယာယီတိုက်ပွဲ ရှောင်   မိသားစုဝင်လူဦးရေ    ၅၄၀  တို့အတွက်   တိုင်းဒေသကြီးအစိုးရအဖွဲ့က      ထောက်ပံ့သော ဆန်ခြောက်အိတ် ၅၄၀၊ ဆီ ၁၆၂ ပိဿာနှင့်ဆား ၁၆၂ ပိဿာ၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ထောက်ပံ့သော ခေါက်ဆွဲခြောက် အထုပ် ၅၄၀  ၊ ကြက်သွန်နီ ၁၃၅ ပိဿာ၊ ကြက်သွန်ဖြူ ၁၃၅ပိဿာ၊ အာလူး ၂၄၃ ပိဿာ၊ ကုလားပဲ ၁၃၅ ပြည်၊ ကြက်ဥ အလုံး ၁၀၈၀ နှင့် ကျောင်းဝတ်စုံ(ဖြူ/စိမ်း) ၁၂၀ ၊ ကျောင်းသုံးဗလာ စာအုပ် ဒါဇင် ၁၂၀၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ထောက်ပံ့သော အမျိုးသားလုံချည် ၃၁၁ ထည်၊ အမျိုးသမီးလုံချည် ၂၂၉ ထည်၊ တီရှပ်အင်္ကျီ၊ တစ်ကိုယ်ရေသုံးပစ္စည်းများ     ထောက်ပံ့ပေးအပ် ကြသည်။

 


အဆိုပါ     အခမ်းအနားသို့    တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်        တိုင်းဒေသကြီးဝန်ကြီးများ၊ ပခုက္ကူနယ်မြေခံတပ်မှ      တပ်မတော်အရာရှိများ၊ ပခုက္ကူခရိုင်နှင့်        မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပခုက္ကူတက္ကသိုလ် ပါမောက္ခ ချုပ်နှင့်   ဒုတိယပါမောက္ခချုပ်များ    တက်ရောက်ပြီး    ယာယီတိုက်ပွဲရှောင်မိသားစုဝင်များအား    တွေ့ဆုံ အားပေးစကား    ပြောကြားခဲ့ကြကြောင်း    သိရ သည်။


ခရိုင်(ပြန်/ဆက်)