ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ်၌ ယာဉ်မတော်တဆမှုကြောင့် ၁၈ ဦး သေဆုံး

 

အစ္စလမ္မာဘတ်   ဇွန်   ၈


ပါကစ္စတန်အနောက်တောင်ပိုင်းရှိ ဘာလိုချီစတန်     ပြည်နယ်တွင် ခရီးသည်တင်        ဗင်ကားတစ်စီး မတော်တဆမှု         ဖြစ်ပွားကာ ၁၈ ဦး  သေဆုံးကြောင်း ပြည်တွင်း မီဒီယာတစ်ခု၏   ဖော်ပြချက်အရ သိရသည်။ 

 


ခရီးသည် ၂၅  ဦး တင်ဆောင် လာသော  အဆိုပါဗင်ကားသည် ဘာလိုချီစတန်ပြည်နယ်  ဇော့ဘ် ခရိုင်သို့သွားသော    ကားတစ်စီး ဖြစ်ပြီး    ကီလာဆိုင်ဖူလာခရိုင်  အရောက်တွင်    မတော်တဆမှု ဖြစ်ပွားခဲ့ခြင်း          ဖြစ်သည်။  ကီလာဆိုင်      ဖူလာခရိုင်မှ ဒုတိယကော်မရှင်နာ   ကာစင်က ကားမောင်းသမားမှာ   လမ်းကွေ့ တစ်ခုကို   ချိုးကွေ့ရာမှ   အရှိန် မထိန်းနိုင်ဘဲ ချောက်ထဲသို့ ထိုးကျ သွားခြင်းဖြစ်ကြောင်း ပြောသည်။

 


ထို့ပြင်  အဆိုပါ     ယာဉ် မတော်တဆမှုမှ        ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ      ရရှိခဲ့သူများကို နီးစပ်ရာဆေးရုံသို့      ပို့ဆောင် ပေးခဲ့ကြောင်း ၎င်းက  ဆက်ပြော သည်။ အဆိုပါ ယာဉ်မတော်တဆ မှုကြောင့်   သေဆုံးသူများထဲတွင် အမျိုးသမီးအများစု   အပါအဝင် ကလေးငယ်များနှင့်    ကားမောင်း သူတို့    ပါဝင်ကြောင်း     သိရသည်။              

ဆင်ဟွာ