ပြိုင်ပွဲများဖြင့် စည်ကားနေမည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်း

Type
77

 

ကိုဌေး (ကနောင်)

 

၂ဝ၂၃   ခုနှစ်  ဇန်နဝါရီလ   ၄   ရက်နေ့သည်      အမိ မြန်မာနိုင်ငံတော်၏   (၇၅)  နှစ်မြောက်   စိန်ရတု လွတ်လပ်ရေးနေ့ အခါသမယပင်ဖြစ်ပါသည်။  (၇၅)နှစ်မြောက်သည့် စိန်ရတုလွတ်လပ်ရေးနေ့တွင် ပုံမှန်ကျင်းပမြဲဖြစ်သည့် လွတ်လပ်ရေးနေ့  အခမ်းအနားများထက် ပိုမိုစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး နိုင်ငံတော်က စီမံဆောင်ရွက်လျက်ရှိပါသည်။

 

စိန်ရတုလွတ်လပ်ရေးနေ့တွင်    ပြည်ထောင်စု ဝန်ကြီးဌာနများ၏      စစ်ရေးပြစစ်ကြောင်းများ၊ ဝန်ကြီးဌာနများနှင့် ပြည်နယ်နှင့်  တိုင်းဒေသကြီး များ၏   ဂုဏ်ပြုယာဉ်များက   ဗိုလ်ရှုခံရင်ပြင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်အား ချီတက်အလေးပြုကြမည် ဖြစ်ပါ သည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဌာနအလိုက် ပြခန်းများ၊   တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏     ဂုဏ်ပြုယာဉ်များနှင့်  တိုင်းဒေသကြီးနှင့်  ပြည်နယ် များ၏     ရိုးရာအစားအသောက်များနှင့်       ဒေသ ထွက်ကုန်များကို     ခင်းကျင်းပြသရောင်းချမည့် အစီအစဉ်များကိုလည်း     ဥပ္ပါတသန္တိစေတီတော် မြတ်ကြီး၏     တောင်ဘက် တပေါင်းကွင်းအတွင်း ဆောင်ရွက်မည်ဖြစ်ပါသည်။   ထို့ပြင်  ဝန်ကြီးဌာန ပေါင်းစုံ   အားကစားပြိုင်ပွဲများနှင့်   တိုင်းဒေသကြီး နှင့်    ပြည်နယ် (အလွတ်တန်းဖိတ်ခေါ်)   အားကစား ပြိုင်ပွဲများကိုလည်း  ဝဏ္ဏသိဒ္ဓိ Sport Complex အတွင်း   စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် မည်ဖြစ်ပါသည်။

 


လွတ်လပ်ရေးနေ့အထိမ်းအမှတ် 
ကျင်းပမည့် အားကစားပြိုင်ပွဲများ


(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို  ဂုဏ်ပြုကြိုဆိုသောအားဖြင့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌဖလား အားကစားပြိုင်ပွဲများကို လည်း ဝဏ္ဏသိဒ္ဓိ Sport Complex အတွင်း ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှ ၂ဝ၂၃  ခုနှစ်  ဇန်နဝါရီ  ၄  ရက်အထိ   ကျင်းပသွားမည်ဖြစ်ကြောင်း   သိရ သည်။  ပြိုင်ပွဲများကို  အမျိုးအစားနှစ်မျိုး  ခွဲခြား ကျင်းပပေးမည်ဖြစ်ပြီး  ပထမတစ်မျိုးမှာ  ဝန်ကြီး ဌာနပေါင်းစုံ အားကစားပြိုင်ပွဲများဖြစ်ပြီး    ဒုတိယ တစ်မျိုးမှာ တိုင်းဒေသကြီးနှင့် ပြည်နယ် (အလွတ်တန်း ဖိတ်ခေါ်) အားကစားပြိုင်ပွဲများ ဖြစ်ပါသည်။

 


ဝန်ကြီးဌာနပေါင်းစုံပြိုင်ပွဲများ


ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများအဖြစ် ဘော်လီဘော (ကျား/မ)  ပြိုင်ပွဲကို ဒီဇင်ဘာ   ၁၄ ရက်မှ ၂၇  ရက်အထိ  ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) တွင်လည်းကောင်း၊   ဘောလုံး   (ကျား)  ပြိုင်ပွဲကို ဒီဇင်ဘာ ၁၆  ရက်မှ  ၃ဝ ရက်အထိ ဝဏ္ဏသိဒ္ဓိကွင်းနှင့် လေ့ကျင့်ရေးကွင်း (၁/၃) တို့တွင် လည်းကောင်း၊ ပိုက်ကျော်ခြင်း (ကျား) ပြိုင်ပွဲကို ဒီဇင်ဘာ ၁၉   ရက် မှ ၂၈ ရက်အထိ လက်ဝှေ့ပြိုင်ပွဲရုံတွင် လည်းကောင်း၊ ဖူဆယ် (ကျား) ပြိုင်ပွဲကို  ဒီဇင်ဘာ ၂ဝ ရက်မှ ၂၉  ရက် အထိ   ဖူဆယ်ပြိုင်ပွဲရုံတွင်လည်းကောင်း၊   လွန်ဆွဲ  (ကျား/မ)ပြိုင်ပွဲကို  ဒီဇင်ဘာ   ၃ဝ  ရက်မှ   ဇန်နဝါရီ ၄ ရက်အထိ လေ့ကျင့်ရေးကွင်း (၃) တွင်လည်းကောင်း၊ ထုပ်ဆီးတိုး  (မ)  ပြိုင်ပွဲကို  ဒီဇင်ဘာ ၃၁  ရက်မှ ဇန်နဝါရီ ၄ ရက်အထိ  လေ့ကျင့်ရေးကွင်း (၁) နှင့် (၃)  ကြားတွင်လည်းကောင်း၊  အပြေး (ကျား/ မ)  ပြိုင်ပွဲမီတာ (၁ဝဝ၊ ၂ဝဝ၊ ၄ဝဝ၊ ၈ဝဝ)  ကို  ဇန်နဝါရီ ၄ ရက်တွင် လေ့ကျင့်ရေးကွင်း(၁)တွင် လည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

 


တိုင်းဒေသကြီးနှင့် ပြည်နယ်  
(အလွတ်တန်းဖိတ်ခေါ်) ပြိုင်ပွဲများ


တိုင်းဒေသကြီး/      ပြည်နယ်     (အလွတ်တန်း ဖိတ်ခေါ်) ပြိုင်ပွဲများအဖြစ် ဘော်လီဘော (ကျား/မ)ပြိုင်ပွဲကို  ဒီဇင်ဘာ   ၅  ရက်မှ  ၁၃   ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) တွင်လည်းကောင်း၊ U-18 ဘောလုံး(မ) ပြိုင်ပွဲကို  ဒီဇင်ဘာ ၅ ရက်မှ ၁၉   ရက်  အထိ  ဝဏ္ဏသိဒ္ဓိကွင်းနှင့်   လေ့ကျင့်ရေးကွင်း  (၁/၃)   တို့တွင်လည်းကောင်း၊    ပိုက်ကျော်ခြင်း   (ကျား) ပြိုင်ပွဲကို  ဒီဇင်ဘာ ၂၉  ရက်မှ ဇန်နဝါရီ   ၂  ရက် အထိ         လက်ဝှေ့ပြိုင်ပွဲရုံတွင်လည်းကောင်း၊ ဂေါက်သီးရိုက် (ကျား) ပြိုင်ပွဲကို  ဒီဇင်ဘာ ၂၄  ရက် မှ ၂၆ ရက်အထိ    နေပြည်တော်၊   စည်ပင်ဂေါက်ကွင်း တွင် လည်းကောင်း၊ မြန်မာ့သိုင်း  (ကျား/မ)   ပြိုင်ပွဲ ကို  ဒီဇင်ဘာ ၃ဝ ရက်မှ ဇန်နဝါရီ ၁  ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) တွင်လည်းကောင်း၊ U-25 ပြေးခုန်ပစ် (ကျား/မ) ပြိုင်ပွဲကို ဒီဇင်ဘာ  ၃ဝ ရက်မှ ဇန်နဝါရီ ၃ ရက်အထိ ဝဏ္ဏသိဒ္ဓိကွင်းနှင့် လေ့ကျင့် ရေးကွင်း (၁) တွင် လည်းကောင်း ကျင်းပမည်ဖြစ်ပါ သည်။

 


ထိုက်တန်သည့် ဆုကြေးများ 
ချီးမြှင့်ပေးသွားမည်    


(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့်       ကျင်းပပေးမည့် ဝန်ကြီးဌာနပေါင်းစုံ     အားကစားပြိုင်ပွဲများနှင့်  တိုင်းဒေသကြီး နှင့် ပြည်နယ် (အလွတ်တန်းဖိတ်ခေါ်) အားကစားပြိုင်ပွဲများကို  သတ်မှတ်ကာလအတွင်း ကျင်းပမည်ဖြစ်ရာ       ပြည်ထောင်စုဝန်ကြီးဌာန များနှင့်    တိုင်းဒေသကြီး/   ပြည်နယ်ကိုယ်စားပြု အားကစား အသင်းအဖွဲ့များအနေဖြင့် အောင်မြင်မှု ရရှိရေး  ကြိုတင်ပြင်ဆင်   စခန်းသွင်းလေ့ကျင့်စေ လျက်ရှိနေကြပြီ ဖြစ်သည်။  ပြိုင်ပွဲတွင် အားကစား နည်းအလိုက် အောင်မြင်မှုရရှိကြသည့် အားကစား အသင်းအဖွဲ့များကို    နိုင်ငံတော်အနေဖြင့်   ယခင် ကျင်းပသည့် အားကစားပြိုင်ပွဲများထက် ထိုက်တန် စွာ ဆုများချီးမြှင့်ပေးအပ်ရန် စီစဉ်ဆောင်ရွက်ထားရှိ ကြောင်းလည်း သိရသည်။

 


လွတ်လပ်ပျော်ရွှင်စွာ 
လာရောက်အားပေးကြပါစို့


၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းနှင့် ၂ဝ၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ကွင်း အတွင်း    ကျင်းပမည့်    အားကစားပြိုင်ပွဲများတွင် အားပေးသည့်    ပရိသတ်များ၊   အားကစားနည်း အလိုက်       ပြိုင်ပွဲဝင်ကြမည့်    အားကစားသမား များဖြင့် စည်ကားနေတော့မည်ဖြစ်ရာ   အားကစား ဝါသနာပါသည့် မိဘပြည်သူများအနေဖြင့် မည်သူ မဆို လွတ်လပ်စွာ အခမဲ့လာရောက်ကြည့်ရှုအားပေး ကြပါရန်လည်း တိုက်တွန်းနှိုးဆော် သတင်းကောင်း ပါးလိုက် ရပါကြောင်း။    ။