
ရွှေမိုး (DRI)
နိုင်ငံတိုင်းတွင် ကမ္ဘာ့စံချိန်စံညွှန်းနေ့အခမ်းအနားကို နှစ်စဉ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ခမ်းနားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပါသည်။ ကမ္ဘာ့ စံချိန်စံညွှန်းနေ့ အခမ်းအနားဖြစ်ပေါ်လာရသည့် သမိုင်းကြောင်းမှာ ၁၉၄၆ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် လန်ဒန်မြို့တွင် ကျင်းပခဲ့သော ပထမဆုံးအကြိမ် အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်း အဖွဲ့ကြီး (International Organization for Standardization – ISO) ၏ အစည်းအဝေး ကျင်းပ သည့် အဆိုပါနေ့ရက်အား ကမ္ဘာ့စံချိန်စံညွှန်းနေ့အခမ်းအနားအဖြစ် အဖွဲ့ဝင် ၂၅ နိုင်ငံမှ ကိုယ်စား လှယ်များက သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။ ယခုချိန်တွင် အဖွဲ့ဝင်ပေါင်း ၁၆၇ နိုင်ငံအထိ ပါဝင် ဆောင်ရွက်လျက်ရှိပါသည်။
အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများ၏ အဓိကအခန်းကဏ္ဍကို အသိအမှတ်ပြုရန်
ကမ္ဘာ့စံချိန်စံညွှန်းနေ့ အခမ်းအနားကို ၁၉၇၀ ပြည့်နှစ်မှ စတင်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်မှစတင်၍ ကမ္ဘာ့စံချိန်စံညွှန်းနေ့အခမ်းအနားကို ကျင်းပခဲ့ရာ ယခုနှစ်မှာ (၉)ကြိမ်မြောက်အဖြစ် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီးဖြစ်ပါသည်။ အပြည် ပြည်ဆိုင်ရာ စံချိန်စံညွှန်းအဖွဲ့ (International Organization for Standardization - ISO) ၊ အပြည်ပြည်ဆိုင်ရာ လျှပ်စစ်နည်းပညာကော်မရှင် (International Electro technical Commission- IEC) နှင့် အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးသမဂ္ဂ (International Telecommunication Union-ITU) စသည့် အဖွဲ့အစည်းတို့မှ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းများ အရေးပါပုံကို မီးမောင်းထိုးပြနိုင်ရန်၊ ကမ္ဘာ့အဆင့်နိုင်ငံများအကြား ကုန်သွယ်ရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ သိပ္ပံနှင့် နည်းပညာဖလှယ်မှုများနှင့် ဆန်းသစ်တီထွင်မှုများ မြှင့်တင်ရာမှာ ဤအပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်း များ၏ အဓိကအခန်းကဏ္ဍကို အသိအမှတ်ပြုရန်၊ နိုင်ငံတကာ၊ ဒေသတွင်းနှင့် အမျိုးသားအဆင့် စံသတ်မှတ်ချက်များတွင် ကမ္ဘာတစ်ဝန်းလုံးတွင်ရှိသည့် စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာ နယ်ပယ်များတွင် တာဝန်ယူဆောင်ရွက်နေသော ပညာရှင်များနှင့် ကျွမ်းကျင်ပညာရှင်များ၏ ကြိုးပမ်းအားထုတ်မှုကို အသိအမှတ်ပြုရန်၊ ကုန်စည်ဝန်ဆောင်မှုများနှင့် ကုန်သွယ်မှုအဆင်ပြေချောမွေ့စေရန်နှင့် စံချိန်စံညွှန်း များဖြင့် ကိုက်ညီစွာထုတ်လုပ်ရာတွင် ၎င်းတို့၏ ကြိုးပမ်းမှုရလဒ်များကို ချီးကျူးရန်အတွက် ကျင်းပ ခြင်းလည်း ဖြစ်ပါသည်။
ကမ္ဘာ့စံချိန်စံညွှန်းနေ့၏ ရည်မှန်းချက်မှာ ကမ္ဘာ့စီးပွားရေးအသိုက်အဝန်းတွင် စံချိန်စံညွှန်း များ၏ အရေးကြီးခြင်းကို ပိုမိုသိရှိနားလည်စေရန် နှင့် စီးပွားလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ၊ အစိုးရ နှင့် စားသုံးသူများ၏ လိုအပ်ချက်များကို စံချိန် စံညွှန်းကဏ္ဍဖြင့် အကူအညီပေးခြင်းဖြင့် မြှင့်တင် ဆောင်ရွက်နိုင်ရန် ဖြစ်ပါသည်။
ထိုသို့ကျင်းပရာတွင် နှစ်စဉ်နှစ်တိုင်း ဆောင်ပုဒ် များချမှတ်၍ ကျင်းပလျက်ရှိရာ ယခုနှစ် ဆောင်ပုဒ် မှာ ISO, IEC နှင့် ITU တို့က ရွေးချယ်ခဲ့သည့် ဆောင်ပုဒ်ကတော့ “ပိုမိုကောင်းမွန်သော ကမ္ဘာကြီး အတွက် အမြင်မျှဝေခဲ့ခြင်း” (Shared Vision for a Better World) ဖြစ်ပါသည်။ ဒီဆောင်ပုဒ်အရ ပိုမိုကောင်းမွန်သော၊ တရားမျှတ၍ ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်သော ကမ္ဘာတစ်ခုရရှိရန်မျှော်မှန်း၍ ပျော်ရွှင်နိုင်ပြီး အနာဂတ်မျိုးဆက်များအတွက် ကာကွယ်ပေးသော ကမ္ဘာကြီးအား တည်ဆောက်ရန် (Standards for Sustainable Development Goals - SDGs) အရ ရည်ရွယ်ခြင်းလည်း ဖြစ်ပါ သည်။ တိုးတက်လာသော နိုင်ငံအတော်များများတွင် ပိုမိုကောင်းမွန်သော ကျန်းမာရေး၊ လုံခြုံမှုနှင့် သဘာဝပတ်ဝန်းကျင်ကာကွယ်မှုအတွက် စားသုံး သူများ၏ တောင်းဆိုချက်များကို တုံ့ပြန်သည့်အနေ ဖြင့် ထုတ်ကုန်သစ်စံချိန်စံညွှန်းများကို မိတ်ဆက်ခဲ့ ကြသည့် ရည်ရွယ်ချက်ကောင်းရှိသော်လည်း အဆိုပါစံချိန်စံညွှန်းများစွာသည် ကုန်သွယ်မှုတွင် နည်းပညာဆိုင်ရာ အတားအဆီးများ(Technical Barriers To Trade-TBT) အဖြစ်သို့ပြောင်းလဲသွားပါ သဖြင့် အဆိုပါအတားအဆီးများသည် ထုတ်လုပ်သူ များနှင့် ကုန်သည်များအတွက် မဖြစ်မနေ စမ်းသပ် စစ်ဆေးခြင်း (Mandatory Testing) နှင့် အရည် အသွေးစစ်ဆေးခြင်း လိုအပ်ချက်များ (Certifica-tion Requirements) စသည်တို့ဖြစ်သဖြင့် ကုန်ကျ စရိတ်မြင့်စေပြီး ကမ္ဘာလုံးဆိုင်ရာ ကုန်စည် ဝန်ဆောင်မှုနှင့် ကုန်သွယ်မှုကိုအဟန့်အတား ဖြစ်စေတတ်ပါသည်။ ထို့ကြောင့် ကုန်သွယ်မှုတွင် နည်းပညာအတားအဆီးများကို လျှော့ချနိုင်ရန် အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းများနှင့် ကိုက်ညီစွာ ဆောင်ရွက်ခြင်းသည်လည်း အရေးကြီးပါသည်။
ISO အဖွဲ့ကြီးအနေနှင့်လည်း ISO ၏ လုပ်ငန်း စဉ်များ အားသာချက်၊ အားနည်းချက်များကို ညှိနှိုင်းအဖြေရှာရန်၊ အမြင်ခြင်းဖလှယ်ရန် ဦးစီး ဦးဆောင်ကော်မတီများမှာ အဖွဲ့ဝင်နိုင်ငံများက ပါဝင်ဆောင်ရွက်ဖို့၊ ISO အဖွဲ့ကြီး၏ Action Plan for Developing Countries Program (၂၀၂၁-၂၀၂၅) အရ အကောင်အထည်ဖော်လျက်ရှိပြီး အဖွဲ့ဝင်နိုင်ငံများ၏ ရပိုင်ခွင့်များ သာတူညီမျှရှိစေရန် ISO အဖွဲ့ကြီး၏ ISO Annual Meeting ( Genera Assembly ) ကို နှစ်စဉ်ကျင်းပလျက်ရှိပြီး မြန်မာ နိုင်ငံမှလည်း တက်ရောက်ဆွေးနွေးလျက်ရှိသည်။ ISO ၏ လုပ်ငန်းစဉ်များကို အဖွဲ့ဝင်နိုင်ငံများသို့ အသိပညာမျှဝေနိုင်သလို ကိုယ့်နိုင်ငံတွင်းမှာလည်း အဆိုပါအသိပညာများကို မျှဝေခြင်းဖြင့် စံချိန် စံညွှန်း၏ အကျိုးကျေးဇူးများကို နားလည်နိုင်ပြီး (Collaboration for Good) ၏ အနှစ်သာရကို ဖော်ဆောင်နိုင်မည်ဖြစ်သည့်အတွက် ဂုဏ်ယူစရာ ကောင်းပြီး ကမ္ဘာ့စံချိန်စံညွှန်းနေ့အခမ်းအနားမှာ ISO ၏ ဆောင်ရွက်မှုများနှင့် နိုင်ငံတွင်း အရည် အသွေးကိုက်ညီမှုဆိုင်ရာအစီအစဉ်များကို ဆွေးနွေး ပြောကြားခြင်း၊ အသိပညာပေးခြင်း၊ ပိုစတာပြပွဲများ ခင်းကျင်းပြသခြင်းများကို နိုင်ငံအလိုက် အမျိုးသား စံချိန်စံညွှန်းအဖွဲ့များက တာဝန်ယူကျင်းပကြ ပါသည်။
နည်းပညာအသစ်များသည် အသိဉာဏ်ပညာနှင့်
ကမ္ဘာလုံးဆိုင်ရာတီထွင်ဆန်းသစ်မှုကို ပျံ့နှံစေနိုင်
စံချိန်စံညွှန်းသည် အသွင်ကူးပြောင်းရေးကာလ တွင် အရေးကြီးသောကဏ္ဍမှာ ပါဝင်နေပြီး စံချိန် စံညွှန်းများမရှိဘဲ ပြောင်းလဲမှုများကို အရှိန်အဟုန် မြှင့်တင်နိုင်မည် မဟုတ်သောကြောင့် တီထွင်သူများ သည် အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းများဖြစ်သော ISO, IEC, ITU စသည့် စံချိန်စံညွှန်းများကို ကိုးကား ပြီး ရေးဆွဲနိုင်ခြင်းဖြင့် အဆိုပါ နည်းပညာအသစ် များသည် အသိဉာဏ်ပညာနှင့် ကမ္ဘာလုံးဆိုင်ရာတီထွင်ဆန်းသစ်မှုကို ပျံ့နှံစေရန် ဆောင်ရွက်နိုင် သောအရာများ ဖြစ်ပါသည်။
စတုတ္ထစက်မှုအသွင်ကူးပြောင်းရေး (Fourth Industrial Revelation) ဆောင်ရွက်ရာတွင် စိန်ခေါ်မှု မြောက်မြားစွာရှိပြီး စက်ရုပ်နှင့် ဖန်တီးထားသော အသိပညာများသည် ပိုမိုကောင်းမွန်လာပြီး လူအများကဲ့သို့ ဆောင်ရွက်နိုင်ပြီး အရာအားလုံးကို ဒစ်ဂျစ်တယ်နည်းပညာအားဖြင့် ဆက်သွယ်ထားပါ သည်။ ဥပမာအားဖြင့် စတုတ္ထစက်မှုအသွင် ကူးပြောင်းရေး ဆိုသည်မှာ Smart Technology များကို သုံးစွဲခြင်းဖြင့် အပြည်ပြည်ဆိုင်ရာ စံချိန် စံညွှန်းများသည် အန္တရာယ်ကိုလျှော့ချပြီး လုံခြုံ စိတ်ချမှုကို သေချာစေသော အားကောင်းသော နည်းလမ်းများ ဖြစ်ပါသည်။
အခြားအမျိုးသားစံချိန်စံညွှန်းအဖွဲ့များကဲ့သို့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနသည် နိုင်ငံ၏ ISO Member Body အဖြစ် တာဝန်ယူဆောင်ရွက်လျက် ရှိပြီး ISO အဖွဲ့ကြီး၏ တာဝန်နှင့်ဝတ္တရားများကို နိုင်ငံတော်အဆင့် လိုက်ပါအကောင်အထည်ဖော် လျက်ရှိပါသည်။ ကမ္ဘာ့စံချိန်စံညွှန်းနေ့အခမ်းအနားကို ကျင်းပခြင်းဖြင့် မြန်မာစံချိန်စံညွှန်းများ ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရန်နှင့် ပါဝင်ဆောင်ရွက်မှုကို ဖော်ပြခြင်းလည်းဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် လည်း စံချိန်စံညွှန်းဆိုင်ရာသတ်မှတ်ခြင်းဥပဒေ ၂၀၁၄ အရ ဖွဲ့စည်းထားသည့် အမျိုးသားစံချိန် စံညွှန်းကောင်စီ၏ အတည်ပြုချက်ဖြင့် ဖွဲ့စည်းထား သည့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ Stakeholders များ ပါဝင်သော စံချိန်စံညွှန်းရေးဆွဲရေးနည်းပညာကော်မတီ ၂၅ ခုမှ မြန်မာစံချိန်စံညွှန်းများကို အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းများအား ကိုးကား ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယခုအခါ မြန်မာစံချိန်စံညွှန်းပေါင်း ၆၉၈ ထွက်ရှိပြီး ဖြစ်ပါသည်။
ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများနှင့်ကိုက်ညီစေရန် ဆောင်ရွက်ပေးနိုင်
မြန်မာစံချိန်စံညွှန်းများ ချမှတ်နိုင်ခြင်းဖြင့် စျေးကွက်စီးပွားရေးကို လွယ်ကူချောမွေ့စေရန် ထောက်ပံ့ပေးနိုင်ခြင်း၊ ထုတ်ကုန်များအရည်အသွေး ကို မြှင့်တင်ပေးနိုင်ခြင်း၊ ပြည်သူလူထု၏ ကျန်းမာ ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းသော ထုတ်ကုန်များ ကို အသုံးပြုနိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ခြင်း စသည့်အခန်းကဏ္ဍများကို သိသာထင်ရှားစွာ အထောက်အပံ့ဖြစ်စေနိုင်မည် ဖြစ်ပါသည်။ မြန်မာစံချိန်စံညွှန်းများသည် မြန်မာ နိုင်ငံ၏ ထုတ်ကုန်များအတွက် ကြီးမားသော စျေးကွက်ကို ရရှိအောင် အထောက်အပံ့ပေးနိုင်ခြင်း နှင့် ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်း များနှင့် ကိုက်ညီစေရန် ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါသည်။
အမျိုးသား၊ ဒေသတွင်းနှင့် နိုင်ငံတကာအဆင့် စံချိန်စံညွှန်းအဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှု စံချိန် စံညွှန်းလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေကြ သော ပညာရှင်များအားလုံး၏ တည်တံ့ခိုင်မြဲသော ကြိုးစားအားထုတ်မှုများအတွက် ကျေးဇူးတင် ကြောင်းနှင့် နိုင်ငံတကာ အရည်အသွေးကိုက်ညီမှု ဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ကိုက်ညီစွာ ဆောင်ရွက်ခြင်းဖြင့် စျေးကွက်များဖြေလျှော့ခြင်း၊ စားသုံးသူ/သုံးစွဲသူများ ဘေးအန္တရာယ်ကင်းရှင်း ခြင်း၊ ပြည်ပပို့ကုန် မြှင့်တင်နိုင်ခြင်း၊ ပြည်တွင်း ထုတ်ကုန်များ အရည်အသွေးပြည့်မီစွာ ထုတ်လုပ် နိုင်ခြင်း၊ ကုန်သွယ်မှုအတွက် နည်းပညာဆိုင်ရာ အတားအဆီးများကို ဖယ်ရှားခြင်းစသည့် အကျိုး ကျေးဇူးများရရှိစေရန်အတွက် အသိပညာဖြန့်ဝေ ပေးနိုင်သည့် ကမ္ဘာ့စံချိန်စံညွှန်းနေ့အခမ်းအနား (၂၀၂၂)အား ကျင်းပခြင်းဖြင့် အသေးစား၊ အငယ်စား နှင့် အလတ်စားစက်မှုလုပ်ငန်းများမှ အသုံးချမှု မြင့်မားလာစေရန် ပူးပေါင်းဆောင်ရွက်ပေးနိုင်မည် ဖြစ်သောကြောင့် အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်း အဖွဲ့ကြီးနှင့် မြန်မာနိုင်ငံ၏ အမျိုးသားစံချိန်စံညွှန်း ကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာစံချိန်စံညွှန်း ရေးဆွဲရေး နည်းပညာဆပ်ကော်မတီ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များအား လှိုက်လှဲစွာကျေးဇူးတင်ဂုဏ်ပြုပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ ။
- Log in to post comments