ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်အားပေး

 

 

နေပြည်တော်   ဖေဖော်ဝါရီ   ၁၅
မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာများနှင့်အညီ ပို့ဆောင်ရေးနှင့်    ဆက်သွယ်ရေးဝန်ကြီးဌာန၏ ထမနဲထိုးပြိုင်ပွဲကို ယနေ့ညပိုင်းက နေပြည်တော်ရှိ မြန်မာ့မီးရထားဘူတာကြီး၌ ကျင်းပရာ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး  တင်အောင်စန်း၊  ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့်    ဌာနအကြီးအကဲများ၊ ဝန်ကြီးဌာနလက်အောက်ရှိ   ဌာနများမှ  ပြိုင်ပွဲဝင် အသင်းများ၊ ဝန်ထမ်းများ တက်ရောက်အားပေးကြ သည်။
ပြိုင်ပွဲမစတင်မီ ပြည်ထောင်စုဝန်ကြီးက အမှာ စကားပြောကြားရာ၌     မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာကောင်းများကို          လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်သည့်အနေဖြင့် ယခု ထမနဲ ထိုး  ပြိုင်ပွဲကို  ကျင်းပရခြင်းဖြစ်ကြောင်း၊  မိမိတို့ ဘိုးဘွားအစဉ်အဆက် လက်ဆင့်ကမ်းထိန်းသိမ်းလာ ခဲ့သည့်အတွက် မြန်မာနိုင်ငံ၊ မြန်မာလူမျိုး၊ မြန်မာ စာပေ၊ မြန်မာယဉ်ကျေးမှုတို့ တည်တံ့နေခြင်းဖြစ် ကြောင်း၊ ယဉ်ကျေးမှုကွယ်ပျောက်လျှင် လူမျိုးနှင့် ဘာသာစာပေလည်း ပျောက်ကွယ်မှာဖြစ်ကြောင်း၊ မျိုးချစ်စိတ်ရှိသူတိုင်းက မိမိတို့အစဉ်အလာကောင်း များကို မပျောက်ပျက်အောင် ကြိုးပမ်းလေ့ရှိကြောင်း၊ မိမိတို့   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေ ဖြင့်   ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ် ချမှတ်ဆောင်ရွက်လျက်ရှိရာ လူမှုရေးဦးတည်ချက် တွင် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင်  ထိန်းသိမ်းစောင့်ရှောက်ရေး ဟူသော အချက်လည်းပါရှိကြောင်း၊ ထမနဲထိုးခြင်း သည်    တစ်ဦးကောင်းတစ်ယောက်ကောင်းနှင့် ဆောင်ရွက်နိုင်သည့်   ကိစ္စမဟုတ်ဘဲ   အားလုံး တက်ညီလက်ညီ စည်းလုံးညီညွတ်စွာ ဆောင်ရွက်မှ သာ   အောင်မြင်နိုင်သည့်    ကိစ္စဖြစ်သည့်အတွက် အချင်းချင်းစည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်ကြ ရန်   မှာကြားလိုကြောင်း   ပြောကြားကာ  ပြိုင်ပွဲ အစီအစဉ်များကို စတင်သည်။
ဆုများပေးအပ်ချီးမြှင့်
ယခုကျင်းပသည့် ထမနဲထိုးပြိုင်ပွဲသို့ နေပြည်တော် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီး ရုံးနှင့် ဌာနကိုးခုတို့မှ ပြိုင်ပွဲဝင်အသင်းများက ပါဝင် ယှဉ်ပြိုင်ကြကာ   အနိုင်ရရှိသည့်    အသင်းများကို ဆုများ     ပေးအပ်ချီးမြှင့်ခဲ့ကြောင်း    သတင်းရရှိ သည်။ 
သတင်းစဉ်