
နေပြည်တော် ဖေဖော်ဝါရီ ၁၅
မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ် အလာများနှင့်အညီ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ထမနဲထိုး ပြိုင်ပွဲကို ယနေ့ညပိုင်းက နေပြည်တော်ရှိ မြန်မာ့မီးရထားဘူတာကြီး၌ ကျင်းပ သည်။ အခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန် နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ကြီး ဌာနလက်အောက်ရှိ ဌာနများမှ ပြိုင်ပွဲဝင် အသင်းများ၊ ဝန်ထမ်းများတက်ရောက် အားပေးကြသည်။
လက်ဆင့်ကမ်းထိန်းသိမ်း
ပြိုင်ပွဲမစတင်မီ ပြည်ထောင်စု ဝန်ကြီးက အမှာစကားပြောကြားရာ၌ မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာ ကောင်းများကို လက်ဆင့်ကမ်းထိန်းသိမ်း စောင့်ရှောက်သည့်အနေဖြင့် ယခုထမနဲ ထိုးပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ မိမိတို့ဘိုးဘွားအစဉ်အဆက် လက်ဆင့် ကမ်း ထိန်းသိမ်းလာခဲ့သည့်အတွက် မြန်မာနိုင်ငံ၊ မြန်မာလူမျိုး၊ မြန်မာစာပေ၊ မြန်မာ့ယဉ်ကျေးမှုတို့ တည်တံ့နေခြင်းဖြစ် ကြောင်း၊ ယဉ်ကျေးမှုကွယ်ပျောက်လျှင် လူမျိုးနှင့် ဘာသာစာပေလည်း ပျောက်ကွယ်မှာဖြစ်ကြောင်း၊ မျိုးချစ်စိတ် ရှိသူတိုင်းက မိမိတို့အစဉ်အလာကောင်း များကို မပျောက်ပျက်အောင် ကြိုးပမ်း လေ့ရှိကြောင်း၊ မိမိတို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉)ရပ် ချမှတ်ဆောင်ရွက်လျက်ရှိရာ လူမှု ရေးဦးတည်ချက်တွင် အမျိုးသား ယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက် ပျက်အောင် ထိန်းသိမ်းစောင့်ရှောက် ရေးဟူသော အချက်လည်းပါရှိကြောင်း၊ ထမနဲထိုးခြင်းသည် တစ်ဦးကောင်း တစ်ယောက်ကောင်းနှင့် ဆောင်ရွက် နိုင်သည့်ကိစ္စမဟုတ်ဘဲ အားလုံးတက်ညီ လက်ညီ စည်းလုံးညီညွတ်စွာ ဆောင်ရွက် မှသာ အောင်မြင်နိုင်သည့်ကိစ္စဖြစ်သည့် အတွက် အချင်းချင်းစည်းလုံးညီညွတ် စွာဖြင့် ဆောင်ရွက်ကြရန် မှာကြားလို ကြောင်း ပြောကြားကာ ပြိုင်ပွဲအစီအစဉ် များကို စတင်ခဲ့သည်။
ဆုများပေးအပ်ချီးမြှင့်
ယခုကျင်းပသည့် ထမနဲထိုးပြိုင်ပွဲ သို့ နေပြည်တော် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံးနှင့် ဌာန ကိုးခုတို့မှ ပြိုင်ပွဲဝင်အသင်းများက ပါဝင်ယှဉ်ပြိုင်ကြကာ အနိုင်ရရှိသည့် အသင်းများကို ဆုများ ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
n