
c သံသာဝေ ကဗျာတွေ ညွှန်းကာကွဲ့
ထံတျာခြွေ သဟာဆွေ ခွန်းဖြာလို့
သင်္ကြန်ခါလေ တာရေသွန်းပါပေါ့
မြန်မာပြည်တစ်ဝန်း သာလွန်းသည်။
c နေအပူ ရဲချင်ရဲ
လေအပူ သဲချင်သဲ
နွေအပူ ကဲချင်ကဲ
မာန်ဇွဲကို ဘယ်မလျှော့လေဘဲ
ခေါင်းမော့ကာ ရင်ဆိုင်လို့
လောကဒဏ် ခံနိုင်စွမ်းလေတော့
ဆန်းသလောက်ကွယ် သိန်သရေဝင့်
လမ်းတစ်လျှောက်ဝယ် စိန်ရွှေဆင့်
ပန်းပိတောက်ရယ် ထိန်ဝေတင့်
ကြွားဝင့်ခဲ့ပြီ။
c ဪ တစ်နှစ်တစ်ခါပေါ့
အချစ်သဒ္ဓါမပျက် ကျော်လွှားခဲ့လေတဲ့
သစ္စာဘက်တော်သားပေမို့
ပန်းများအလယ် ထိန်ထိန်တောက်ရော့ထင့်
ပိတောက်ဟာ မြန်မာလူမျိုးတို့ရဲ့
“မညှိုးတဲ့ ဇာတိမာန်
အညံ့မခံတဲ့ သတ္တိဇွဲ
မလှဲမလံ အောင်အတိတ်ရယ်နှင့်
အောင်စိတ်ကို လှစ်ဖော်ကျူးသည်” မို့
နှစ်ဦးမွန် အလှဆန်းလေတဲ့
မြန်မာ့ပန်းလို့ ခေါ်ထိုက်သည်
ဆင်းသိင်္ဂီ ရွှေရည်ပျို့။
c ပန်းပိတောက် ပမာလေ
လျှမ်းမောက်စွာ ဘဝအမြင်နှင့်
အလှအယဉ်တွေ အစဉ်ခြွေသွားပါလို့
တို့များဆိုချင်ပါရဲ့
ကဲလာလေ သဟာဆွေတစ်စုတို့ရဲ့
ရွှဲပါစေ အတာရေမမှုပါနဲ့
သူ့ရင်ကို အေးစေကြောင်း
ကိုယ့်ရင်ကို အေးစေကြောင်း
နှစ်ဟောင်းခါ အညစ်ကြေးကိုဖြင့်
နှစ်သစ်ခါ အသစ်တွေးရယ်နဲ့
ဆေးကြောကာ အတာပွဲကို
နွှဲလိုက်ကြစို့ ။ ။
မြင်းမူမောင်နိုင်မိုး