
နေပြည်တော် ဇန်နဝါရီ ၁၉
ပြည်ထောင်စုရာထူးဝန် အဖွဲ့ ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနများ နှင့် ဗဟိုဝန်ထမ်းတက္ကသိုလ်များမှ အရာထမ်း၊ အမှုထမ်းများဖြင့် ဆောင်ရွက်ခဲ့သော ဖွံ့ဖြိုးတိုးတက် မှု အလားအလာကောင်းတစ်ရပ် ၏ ပြယုဂ်-ခေါင်းဆောင်မှုအရင်း အမြစ် တည်ဆောက်ခြင်းဆိုင်ရာ ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားကို ယနေ့ ညနေ ၄ နာရီက ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ ထုတ်ပြန်ထားရှိသော စည်းကမ်း သတ်မှတ်ချက်များနှင့် အညီ ပြည်ထောင်စုရာထူးဝန် အဖွဲ့ရုံး စုပေါင်းခန်းမ၌ ကျင်းပ သည်။
ပိတ်ပွဲတွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေ က ယနေ့အလုပ်ရုံ ဆွေးနွေးပွဲအရ ထွက်ပေါ်လာသော တွေ့ရှိချက်၊ သုံးသပ်ချက်၊ အကြံပြုချက်များ အပေါ် အလေးအနက်ထားပြီး လိုက်ပါအကောင်အထည်ဖော်ရန် လိုအပ်ကြောင်း၊ ချက်ချင်း ဆောင် ရွက်ရန် ရှိသကဲ့သို့ ရေရှည်အတွက် စနစ်တကျအစီအမံများ ချမှတ် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထိုသို့ လိုက်နာကျင့်သုံးအကောင် အထည်ဖော်ခြင်းဖြင့် အဖွဲ့အစည်း အတွင်း စည်းလုံးညီညွတ်စွာဖြင့်လုပ်ငန်းများ၊ မူဝါဒများတိုးတက် အကောင်အထည်ဖော် ဆောင် ရွက်နိုင်မည်ဖြစ်ပြီး တစ်ဦးချင်း၊ အဖွဲ့အစည်းအလိုက် အရည် အသွေးများ တိုးတက်လာမည်ဖြစ် ပါကြောင်း၊ အဖွဲ့အစည်းအလိုက် လုပ်ငန်းတာဝန်များကို အခါအား လျော်စွာ ပြန်လည်သုံးသပ်ခြင်း များကို ပုံမှန်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။
အဆိုပါ ပိတ်ပွဲအခမ်းအနား သို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင်များဖြစ်သော ဦးဆန်းမြင့်၊ ဦးရဲနိုင်၊ ဦးစိုးတင့်၊ သူရဦးဘိုနီနှင့် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အလုပ်ရုံဆွေးနွေးပွဲကာလမှာ ဇန်နဝါရီ ၁၇ ရက် မှ ၁၉ ရက်အထိ ဖြစ်ပြီး သတ်မှတ်ခေါင်းစဉ်များ အလိုက် ဆွေးနွေးမှုများ ပြုလုပ် ခြင်း၊ အုပ်စုအလိုက်ခွဲ၍ ဆွေးနွေး ခြင်း၊ ဆွေးနွေးမှုရလဒ်များကို ပြန်လည်တင်ပြခြင်း၊ ရလဒ် များ သုံးသပ်ဖော်ထုတ်ခြင်းများ ဆောင်ရွက်ကြပြီး အကောင်းဆုံး ဆွေးနွေ တင်ပြသူများ၊ အကောင်း ဆုံး ပါဝင်ဆွေးနွေးသူများနှင့် အကောင်းဆုံး အုပ်စုအလိုက် ဆွေးနွေးတင်ပြသည့် အုပ်စုကို ဆုများချီးမြှင့်ခဲ့ကြောင်း သိရ သည်။
သတင်းစဉ်