
ဘိုင်ယန်မြူးနစ်နှင့် ပိုလန်တိုက်စစ်မှူး လီဝမ်ဒေါစကီးသည် ဖီဖာမှ ပေးအပ်ချီးမြှင့်သည့် ၂၀၂၁ ခုနှစ် အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ပြက္ခဒိန်တစ်နှစ်အတွင်း ၆၉ ဂိုး သွင်းယူနိုင်ခဲ့သော အသက် ၃၃နှစ်အရွယ်
တိုက်စစ်မှူး လီဝမ်ဒေါစကီးသည် လီဗာပူးအသင်းမှ ဆာလာနှင့် ပီအက်စ် ဂျီ အသင်းမှ မက်ဆီတို့ကို ကျော်ဖြတ် ကာ အဆိုပါဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ ထို့အပြင် လီဝမ်ဒေါစကီးသည် ၂၀၂၀ ပြည့်နှစ်ကလည်း အဆိုပါဆုကိုဆွတ်ခူး ရရှိထားသည်။
ထို့အပြင် လီဝမ်ဒေါစကီးသည် ပြီးခဲ့သည့်နှစ်တွင် ဂတ်မူလာ၏ ၄၉ နှစ် ကြာ စံချိန်တင်ထားခဲ့သော ပြက္ခဒိန် တစ်နှစ်အတွင်း ဘွန်ဒက်စ်လီဂါ သွင်းဂိုးအများဆုံးကို ၃၄ ပွဲကစားပြီး ၄၃ ဂိုးဖြင့် ချိုးဖျက်ထားနိုင်ခဲ့သူလည်း ဖြစ်သည်။ ဖီဖာမှပေးအပ်ချီးမြှင့်သည့် ၂၀၂၁ ခုနှစ် အကောင်းဆုံးအမျိုးသမီးကစားသမားဆုကို ဘာစီလိုနာနှင့် စပိန်ကွင်းလယ်ကစားသမား ပူတဲလပ်စ် က ဆွတ်ခူးရရှိခဲ့သည်။ ပူတဲလပ်စ်သည် ပြီးခဲ့သည့်ရာသီတွင် ဘာစီလိုနာအသင်း ကို ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ဖလား ဆွတ်ခူးနိုင်အောင် ကူညီပေး ထားနိုင်သူဖြစ်သည်။
ချယ်ဆီးနည်းပြ တူချယ်သည် စတန်းဖို့ဒ်ဘရစ်သို့ ပြောင်းရွှေ့ရောက်ရှိ လာပြီးနောက် ချယ်ဆီးအသင်း ကို ချန်ပီယံလိဂ်ဖလား ရရှိအောင် စွမ်းဆောင်ပေးထားနိုင်သူ ဖြစ်သည်။ ထို့အပြင် ချယ်ဆီးအမျိုးသမီးအသင်း နည်းပြဖြစ်သူ အမ်မာဟေးလ်သည် လည်း အမျိုးသမီးချယ်ဆီးအသင်းကို အမှတ်ပေးဖလား ဆွတ်ခူးနိုင်အောင် စွမ်းဆောင် ပေးထားနိုင်သည့်အပြင် ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း ဗိုလ်လုပွဲ သို့ ရောက်ရှိအောင် ကူညီပေးထားနိုင်သူ ဖြစ်သည်။
ချယ်ဆီးဂိုးသမား မန်ဒီသည် မန်စီးတီးအသင်းကို အနိုင်ရရှိခဲ့သော ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ဂိုးမပေးရ အောင် စွမ်းဆောင်နိုင်မှု အပါအဝင် စတန်းဖို့ဒ်ဘရစ်တွင် လက်စွမ်းပြသ ထားနိုင်မှုကြောင့် အကောင်းဆုံး ဂိုးသမားဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ လက်ရှိဆီဗီလာအသင်းတွင် ကစား လျက်ရှိသော စပါးကစားသမားဟောင်း လာမယ်လာက ပွတ်စ်ကပ်ဆုကို ဆွတ်ခူးနိုင်ခဲ့သည်။
အကောင်းဆုံး အမျိုးသမီးဂိုးသမား ဆုကို အန်လာ၊ အကောင်းဆုံးပရိသတ် ဆုကို ဒိန်းမတ်နှင့် ဖင်လန်၊ အထူးဆုကို စီရော်နယ်ဒို၊ အကောင်းဆုံး Fair Play Award ဆုကို ဒိန်းမတ် အသင်း/ ဒိန်း မတ်ဆေးအဖွဲ့နှင့် နည်းပြအဖွဲ့ဝင်များ က ဆွတ်ခူးနိုင်ခဲ့သည်။ အောင်ဇော်