
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အင်းစိန်ဗဟိုအကျဉ်းထောင်၌ ပေါက်ကွဲမှုဖြစ်ပွား၍ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းအချို့နှင့် အပြစ်မဲ့ အရပ်သားပြည်သူများ သေဆုံးထိခိုက်ဒဏ်ရာရရှိမှုနှင့်စပ်လျဉ်း၍ ပြည်ဖျက်မီဒီယာအချို့၏ မဟုတ်မမှန်စွပ်စွဲချက်များအပေါ် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ကြီးဒေါ်အေးသဉ္ဇာကျော်၏ ဖြေကြားချက်
နေပြည်တော် အောက်တိုဘာ ၂၀
မေး ။ အင်းစိန်ထောင်မှာ မိုင်းပေါက်ကွဲမှုဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ အခုလို မိုင်းပေါက် ကွဲမှုဖြစ်စဉ်ကြောင့် ဝန်ထမ်းအချို့ဒဏ်ရာရ၊ သေဆုံး ခဲ့တာတွေရှိခဲ့ပြီးတော့မှ အရပ်သားပြည်သူ တချို့လည်း သေဆုံးခဲ့ရတယ်လို့လည်း သိခဲ့ရပါတယ်။ အဲဒီလို သေဆုံးခဲ့မှုအပေါ်မှာ တချို့မီဒီယာတွေက လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်လို့ ထောင်ဝင်စာ လာတွေ့တဲ့ အရပ်သားပြည်သူတွေ သေပါတယ် ဆိုပြီးတော့ ဖော်ပြနေတာတွေကို တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဖြစ်စဉ်အမှန်ကို ဖြေကြား ပေးစေလိုပါတယ်။
ဖြေ ။ ဟုတ်ကဲ့ပါ အောက်တိုဘာ ၁၉ ရက် မနက် ၉ နာရီ မိနစ် ၄၀ အချိန်လောက်မှာ အင်းစိန်ဗဟို အကျဉ်းထောင်ရဲ့ ထောင်ဝင်စာလက်ခံတဲ့နေရာမှာ မိုင်းပေါက်ကွဲမှုဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ် ကြောင့် ဝန်ထမ်းသုံးဦး ကလေးအပါအဝင် အရပ်သား ပြည်သူ ငါးဦး သေဆုံးခဲ့ပါတယ်။ ဒဏ်ရာရတာက တော့ ဝန်ထမ်းငါးဦးနဲ့ အရပ်သားပြည်သူ ၁၃ ဦးပါ။ ဒီလိုဖြစ်ပွားခဲ့တာကို အမည်ပျက်စာရင်း ကြေညာခံ ထားရတဲ့ မီဒီယာတချို့က မိုင်းပေါက်ကွဲမှု ဖြစ်စဉ် အပြီးမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်လို့ပဲ ပြည်သူတွေသေဆုံးခဲ့ရတယ်ဆိုပြီး မဟုတ်မမှန် ထုတ်လွှင့်နေတာတွေရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် အခုသေဆုံးသွားတဲ့ ဝန်ထမ်းတွေ၊ ပြည်သူတွေရဲ့ ရင်ခွဲစစ်ဆေးချက်အဖြေက ဒါဟာ လက်နက်ငယ်ဝင်ဖောက်တဲ့ ဒဏ်ရာကြောင့် သေဆုံး ခဲ့သူ တစ်ဦးတစ်ယောက်မှမရှိဘဲနဲ့ မိုင်းပေါက်ကွဲ ချိန်မှာ ဒီမိုင်းစတွေထိမှန်လို့ သေဆုံးခဲ့ခြင်း ဖြစ် တယ်ဆိုတာပါပဲ။ ဒါက ပထမတစ်ချက်ပါ။ နောက် တစ်ခုက မီဒီယာ ဒီလက်ရှိမိုင်းပေါက်ကွဲတဲ့နေရာနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နေရာယူထားတဲ့နေရာ၊ ဒါဟာ အကွာအဝေးအရဆိုရင် ဒီလိုပစ်ခတ်ဖို့ ထိရောက်တဲ့ အကွာအဝေးလဲ မဟုတ်သလို ဒါအတွင်းခန်းအဆောက်အဦထဲမှာ မိုင်းပေါက်ကွဲ မှုဖြစ်ပွားခဲ့တဲ့အတွက် ဒီလုံခြုံရေးတပ်ဖွဲ့ဝင်တွေ နေရာယူထားတဲ့နေရာကဆိုရင် ဒါကျည်မျက်ကွယ် တဲ့ နေရာမျိုးဖြစ်နေတာ။ ပစ်မယ်ဆိုရင်တောင် ဒီလိုထိခိုက်နိုင်တဲ့အနေအထား မရှိတဲ့နေရာဖြစ်ပါ တယ်။ ဒါဟာ ဒုတိယအချက်ပါ။ ဒီအချက် ၂ ချက် အရ အခုသေဆုံးဒဏ်ရာရသူတွေရဲ့ ရင်ခွဲစစ်ဆေး ချက်တွေ၊ နောက်ပြီးတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဖြန့်ခွဲ တာဝန် ယူထားရတဲ့ နေရာအနေအထားတွေကို ကြည့်မယ်ဆိုရင် ဒီနာမည်ပျက်စာရင်းသွင်းခံထား ရတဲ့ မီဒီယာတွေ၊ ပြည်ဖျက် မီဒီယာတချို့ရဲ့ မဟုတ် မမှန် စွပ်စွဲချက်တွေသာဖြစ်ကြောင်း ပြောကြား လိုပါတယ်။
သတင်းစဉ်