
နေပြည်တော် ဩဂုတ် ၂
အကြမ်းဖက်အဖွဲ့များ အဖြစ် ကြေညာထားသော CRPH၊ NUG အဖွဲ့များသည် မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကျရောက် နေသည့် ကာလများ၌ပင် ပြည်သူ လူထုအပေါ် စာနာထောက်ထားမှု မရှိဘဲ ဆူပူအကြမ်းဖက် လုပ်ဆောင်နေသူများနှင့် NLD ပါတီဝင်များ၊ ၎င်းပါတီကို ထောက်ခံ အားပေးသူများဖြင့် တရားမဝင် အကြမ်းဖက်အဖွဲ့များ ဖွဲ့စည်း၍ အစိုးရ၏အုပ်ချုပ်မှု ယန္တရားပျက်ပြားစေရန် ရည်ရွယ် ကာ အပြစ်မဲ့ပြည်သူများကို ဒလန်ဟု စွပ်စွဲသတ်ဖြတ်ခြင်း၊ စာသင်ကျောင်းများအပါအဝင် အစိုးရပိုင် အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းဖြင့် တိုက်ခိုက်ခြင်းများ ဆောင်ရွက် လျက်ရှိသည့်အပြင် အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ရန် လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံ ရေးတပ်ဖွဲ့ဝင်များက သတင်း လက်ဦးမှုရယူပြီး ဖော်ထုတ် ဖမ်းဆီးနိုင်ရေး လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို အထူး ကြပ်မတ် ဆောင်ရွက်လျက်ရှိ သည်။
ဖမ်းဆီး
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၆ ရက်တွင် KNLA တပ်မဟာ(၅) နယ်မြေအတွင်း ဖောက်ခွဲဖျက်ဆီးရေး သင်တန်း ဖွင့်လှစ်ခဲ့သည့် ခင်ကျော်(UNRA) ၏ ဆက်စပ်တရားခံဖြစ်သော ကျော်ဇင်ထွန်း(ခ) သေတ္တာ၊ ဝိုင်းတူးခန့်နှင့် ပြည့်ပြည့်ချိုတို့
သုံးဦးကို ယာဉ်မောင်း စောသိုက် မောင်းနှင်သော ပရိုဘောက်ယာဉ် နှင့်အတူ ကျိုက်ထိုမြို့နယ် မရမ်းချောင်စစ်ဆေးရေး ဂိတ်၌ လည်းကောင်း၊ အဆိုပါ ဖောက်ခွဲ ရေးသင်တန်း ဆင်းလာသူများကို သွားရောက်ခေါ်ဆောင်ပေးရန်စေခိုင်းသူ စောလွိုက်ကို မရမ်းကုန်း မြို့နယ်ရှိ ၎င်း၏နေအိမ်၌ လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
တရားခံများ၏ ထွက်ဆိုချက် အရ ဖြိုးဝေလှိုင်နှင့် ထက်အောင်ရင်တို့ကို မရမ်းကုန်း မြို့နယ်တွင် လည်းကောင်း၊ အောင်ကျော်ဦးကို လှိုင်သာယာမြို့ နယ်တွင်လည်းကောင်း ဖမ်းဆီး ရမိခဲ့ပြီး ရဲလင်းထွန်းနှင့်သက်လွင် ဦးတို့ကို ဇူလိုင် ၁၇ ရက်တွင် လမ်းမတော် မြို့နယ်၌ လည်းကောင်း ဖောက်ခွဲရေး သင်တန်းတက်ခဲ့သူ မင်းမင်းကို ဇူလိုင် ၁၈ ရက်တွင် လှိုင်သာယာ မြို့နယ်၌ လည်းကောင်း၊ စည်သူအောင်ကို အင်းစိန် မြို့နယ်၌ လည်းကောင်း၊ စည်သူအောင်၏ ထွက်ဆိုချက်အရ ခွန်ဆက်နိုင်၊ ပြည့်စုံအောင်၊ ရဲရင့်အောင်နှင့် အောင်ကိုသန်း တို့ လေးဦးကို ဇူလိုင် ၁၉ ရက်တွင် အင်းစိန်မြို့နယ်၌လည်းကောင်း၊ ကြည်နောင်၊ အောင်စိုးမင်းနှင့် အေးအေးမွန်(ခ)အိအိဆွေတို့ ၃ ဦးကို ဇူလိုင်၂၀ ရက်တွင် ကမာ ရွတ်မြို့နယ်၌ လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ကြည်နောင်၏ ထွက်ဆိုချက်အရ ကမာရွတ် မြို့နယ်ရှိ ၎င်းနေထိုင်ရာ အခန်း အတွင်းမှ ဖောက်ခွဲရေးပစ္စည်း ပြုလုပ်ရာတွင် အသုံးပြုသည့် ယမ်း၊ ကန့်နှင့်ဆက်စပ်ပစ္စည်းများ ကိုလည်းကောင်း၊ စည်သူ၊ သာထူး ကျော်၊ ကျော်ဆန်းဦးနှင့် အောင်ထက်တို့ လေးဦးကို လက်လုပ်ဗုံးတစ်လုံး၊ စကားပြော စက်တစ်လုံးတို့နှင့်အတူ ဇူလိုင် ၂၁ ရက်တွင် အင်းစိန်မြို့နယ်၌လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိ တရားခံ ဖြိုးဝေလှိုင်၊ ထက်အောင်ရင်နှင့် ရဲလင်းထွန်း တို့၏ ထွက်ဆိုချက်အရ ၎င်းတို့ သည် ရပ်ရွာတည်ငြိမ်အေးချမ်း ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက် တရားဖြင့် ထိန်းချုပ်နိုင်စေရန် ရည်ရွယ်ချက်များဖြင့် ဇူလိုင် ၁၁ ရက်တွင် ၎င်းတို့သုံးဦးသည် အင်းစိန်မြို့ ရွှေဝါ(၁)လမ်းနေ အပြစ်မဲ့ ပြည်သူတစ်ဦး၏ အိမ်ရှေ့၌ ရီမုမိုင်းတစ်လုံးဖြင့် လည်းကောင်း၊ ဇူလိုင် ၁၃ ရက်တွင် ဖြိုးဝေလှိုင်နှင့် ရဲလင်းထွန်း တို့သည် အင်းစိန်မြို့နယ် လျှပ်စစ်ရုံးကို လက်လုပ်ဗုံးဖြင့် လည်းကောင်း၊ ဇူလိုင် ၁၉ ရက် တွင် ထက်အောင်ရင်သည် အင်းစိန်မြို့နယ် နံ့သာကုန်း ရပ်ကွက်ရှိ One Stop Mart ဆိုင်ကို လက်လုပ်ချိန်ကိုက်မိုင်း ဖြင့် လည်းကောင်း ဖောက်ခွဲ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
သိမ်းဆည်းရမိ
ထိုသို့ အဖျက်လုပ်ရပ်များ ကျူးလွန် နိုင်စေရန်အတွက် နောက်ကွယ်မှ ကြိုးကိုင် စေခိုင်း နေသူမှာ ဆိုင်းမွန် ဆိုသူဖြစ်
ကြောင်း သိရှိရသဖြင့် ဖမ်းဆီး ရမိရေး ဆောင်ရွက်ခဲ့ရာ ဇူလိုင် ၁၇ ရက်တွင် ဆိုင်းမွန်နှင့် ဖောက်ခွဲဖျက်ဆီးရေး သင်တန်း တက်ရောက်ခဲ့သည့် ဝေဖြိုးမောင် တို့ကို လှိုင်မြို့နယ်တွင် ဖမ်းဆီးရ မိခဲ့သည်။ ဆိုင်းမွန်၏ ထွက်ဆိုချက် များအရ ရန်ကုန်မြို့တွင်း လူစည် ကားသောနေရာများ ဖောက်ခွဲ ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် ဖောက်ခွဲဖျက်ဆီးရေး ပစ္စည်း များကို သင်္ဃန်းကျွန်းမြို့နယ် သံသုမာလမ်းရှိ တိုက်ခန်းတွင် သိုဝှက်ထားကြောင်း သိရှိရသဖြင့် လုံခြုံရေးအဖွဲ့များက အများ ပြည်သူ၏ အသက်အိုးအိမ် စည်းစိမ် လုံခြုံရေးအတွက် အဆိုပါနေရာကို သွားရောက် ရှင်းလင်းခဲ့ရာ ရှေ့ထွက်မိုင်း ၄၄ လုံး၊ လက်ပစ်ဗုံးတစ်လုံး၊ လက် လုပ်မိုင်းမျိုးစုံ ၃၃ လုံး၊ ဆူပူ အကြမ်းဖက်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရမိခဲ့သည်။
တရားခံ ဆိုင်းမွန်၏ ထွက်ဆို ချက်အရ သူရိန်မောင်မောင်ဦးအား ဖောက်ခွဲရေးပစ္စည်းများ ဖြစ်သော ယမ်းပျော့၊ ဒီတိုနေတာ၊ အခြား ဆက်စပ် ပစ္စည်းများနှင့်အတူ ဇူလိုင် ၂၅ ရက်တွင် မရမ်းကုန်း မြို့နယ်၌လည်းကောင်း၊ သူရိန် မောင်မောင်ဦး၏ ထွက်ဆိုချက် အရ တင့်လွင်နှင့် ဖြိုးဝေထွန်းတို့ နှစ်ဦးကို ဇူလိုင် ၂၈ ရက်တွင် မရမ်းကုန်းမြို့နယ်၌ လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
အထက်ပါ ဖြစ်စဉ်များတွင် ကျော်ဇင်ထွန်း(ခ) သေတ္တာအပါ အဝင် အကြမ်းဖက်လုပ်ရပ်များ တွင် ပါဝင်ပတ်သက်သူ စုစုပေါင်း တရားခံ ၂၈ ဦးကို ရှေ့ထွက်မိုင်း ၄၄ လုံး၊ လက်လုပ်မိုင်းမျိုးစုံ ၃၃ လုံး၊ လက်ပစ်ဗုံးတစ်လုံး၊ လက် လုပ်ဗုံးတစ်လုံး၊ ဒီတိုနေတာ ၅၉ ခု၊ စကားပြောစက်တစ်လုံး အပါ အဝင် လက်လုပ်မိုင်း/ဗုံးပြုလုပ်ရာ တွင် အသုံးပြုသည့် သံပိုက်၊ ယမ်း၊ ကန့်နှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့သည်။
ပြုလုပ်လျက်ရှိ
ဖမ်းဆီးရမိ တရားခံ ကျော်ဇင်ထွန်း(ခ) သေတ္တာ၏ ထွက်ဆိုချက်အရ သင်တန်း နေရာမှ ပြန်လည်ထွက်ခွာရန် ဂျပန်နိုင်ငံတွင် နေထိုင်သူ ထွန်းအောင်ကျော် (UNRA ဥက္ကဋ္ဌ)၏ အကူအညီဖြင့် ပြန်လာ ခဲ့ခြင်းဖြစ်ပြီး အခွင့်သာပါက ၎င်းအနေဖြင့် မန္တလေးမြို့ရှိ ဌာနဆိုင်ရာရုံးများနှင့် ရဲစခန်း များကို ဖောက်ခွဲဖျက်ဆီးရေး လုပ်ငန်းများ လုပ်ဆောင်နိုင် ရန်အတွက် လိုအပ်သည့် ငွေကြေး များကို ထောက်ပံ့ပေးမည်ဖြစ်ပြီး ပြည့်ပြည့်ချိုနှင့် ဝိုင်းတူးခန့်တို့က လည်း ဖောက်ခွဲဖျက်ဆီးရေး လုပ်ဆောင်ရန် စီစဉ်ထားကြောင်း၊ ဖြိုးဝေလှိုင်၊ ထက်အောင်ရင်၊ ရဲလင်းထွန်းနှင့် မင်းမင်းတို့သည် အင်းစိန်မြို့နယ်အတွင်းရှိ ဂျပန် လမ်းမှ ဦးပိုင်ကားဝင်း၊ စီးပွား/ကူးသန်းရုံးနှင့် One Stop Mart စတိုးဆိုင်များကို ဗုံးထောင် ဖောက်ခွဲခြင်း၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးအား လုပ်ကြံသတ်ဖြတ် ခြင်းများ ပြုလုပ်သွားရန် စီစဉ် ထားကြောင်း၊ ၎င်းတို့အနေဖြင့် ဖောက်ခွဲဖျက်ဆီးရေး သင်တန်း တက်ရောက်ပြီးနောက် ရန်ကုန် မြို့တွင်းသို့ သာမန်အရပ်သားများ အသွင်ဖြင့် ပုန်းလျှိုး နေထိုင်ကာ လူသစ်စုဆောင်းခြင်း၊ အဖျက် အမှောင့်လုပ်ရပ်များ ကျူးလွန် နိုင်ရန်အတွက် ဖောက်ခွဲဖျက်ဆီး ရေးပစ္စည်းများ ပြုလုပ်စုဆောင်း ခြင်းတို့ လုပ်ဆောင်မည်ဖြစ် ကြောင်း၊ အဖွဲ့များစုစည်းမိပါက မြို့တွင်း၌ အကြမ်းဖက်လုပ်ရပ် များ ကျူးလွန်ရန် စီစဉ်ထားရှိ ကြောင်း၊ ဆိုင်းမွန်အနေဖြင့် ပြည်ပနိုင်ငံများရှိ အကြမ်းဖက်မှု လိုလားသူများထံမှ ထောက်ပံ့ငွေ များရယူ၍ ဖောက်ခွဲဖျက်ဆီးရေး သင်တန်း တက်ရောက်သူများသို့ ထောက်ပံ့မှုများ ပြုလုပ်ခြင်း၊ တည်ငြိမ်အေးချမ်းရေးကို ထိခိုက် ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် ဖောက်ခွဲဖျက်ဆီးမှုများ လုပ်ဆောင် မည့် လက်လုပ်မိုင်းနှင့် လက်လုပ် ဗုံးများကို ချိတ်ဆက်ဝယ်ယူပေး ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။
ထို့ပြင် ဖောက်ခွဲဖျက်ဆီးရေး သင်တန်းတက်ရောက်ပြီးသူများ ကို မြို့နယ်အလိုက် Special Task Force(STF)အား ဖွဲ့စည်းပြီး ဒလန် သတ်မှတ်ထားသည့် အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်ခြင်း၊ လူစည်ကားရာနေရာများနှင့် အစိုးရ ရုံးများကို ဖောက်ခွဲဖျက်ဆီးခြင်းများပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ထိုသို့အဖျက်အမှောင့်လုပ်ရပ်များ ကျူးလွန်နိုင်ရန်အတွက် အကြမ်း ဖက်အဖွဲ့များအဖြစ် ကြေညာထား သော CRPH၊ NUG အဖွဲ့များထံမှ ငွေကြေးထောက်ပံ့မှုများရယူကာ ၎င်းတို့၏ စေခိုင်းမှုအတိုင်း ဖြိုးဇေယျာသော်(ခ)ဇေယျာသော် (NLD ပါတီမှ ၂၀၁၅ ခုနှစ် ဇမ္ဗူသီရိ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း)မှ ဦးဆောင် စီစဉ်နေခြင်းဖြစ်ကြောင်း၊ အေးအေး မွန် အနေဖြင့် ဆန္ဒပြလူငယ်များကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ၏ နယ်မြေတွင် ဖောက်ခွဲ ဖျက်ဆီးရေးသင်တန်း တက်ရောက် ရန် စည်းရုံးလှုံ့ဆော်ခြင်း၊ ရန်ကုန် မြို့တွင်း တည်ငြိမ်အေးချမ်းမှုကို ပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် ဖောက်ခွဲဖျက်ဆီးရေး လုပ်ဆောင် သူများကို သင်တန်းပေးစေခြင်း၊ ဖောက်ခွဲရေးပစ္စည်းများ ပြုလုပ်/ ဖြန့်ဖြူးခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ သူရိန်မောင်မောင်ဦး အနေဖြင့် မေ ၅ ရက်တွင် မရမ်းကုန်းမြို့နယ် (၃)ရပ်ကွက်၌ လက်လုပ်မိုင်း တစ်လုံးဖြင့် လည်းကောင်း၊ ဇွန် ၅ ရက်တွင် မရမ်းကုန်းမြို့နယ် (၂)ရပ်ကွက် သမိုင်းလမ်းဆုံ City Mart ရှေ့ရှိ ယာဉ်ထိန်းရုံးကို လက်လုပ်ချိန်ကိုက်မိုင်း တစ်လုံး ဖြင့်လည်းကောင်း ဖောက်ခွဲခဲ့ ကြောင်း စိစစ်ဖော်ထုတ် သိရှိရ သည်။
တိုးမြှင့်ဆောင်ရွက်လျက်ရှိ
အစွန်းရောက်လူငယ်များ အနေဖြင့် အကြမ်းဖက်အဖွဲ့များ အဖြစ် ကြေညာထားသော CRPH၊ NUG အဖွဲ့များ၏စေခိုင်းချက်အရ မြို့နယ်အချို့တွင် ပြည်သူလူထုကို ထိခိုက်ပျက်စီးစေရန်၊ မြို့ရွာ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြား စေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ တာဝန်ထမ်းဆောင်ခြင်း မပြုနိုင် စေရန်ရည်ရွယ်ကာ စက်ရုံ၊ အလုပ် ရုံများအား မီးရှို့ဖောက်ခွဲဖျက်ဆီး ခြင်းနှင့် အုပ်ချုပ်ရေးမှူးများကို အဓိကပစ်မှတ်ထား၍ သတ်ဖြတ် ခြင်း၊ ခင်ကျော်(UNRA)နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချို့နှင့်ချိတ်ဆက်၍ ဖောက်ခွဲ ဖျက်ဆီးရေး သင်တန်းများ တက်ရောက်ခြင်း၊ လက်နက်/ခဲယမ်းများ စုဆောင်းခြင်း၊ အဖျက် လုပ်ငန်းမျာ လုပ်ဆောင်ရန် လူစု ဆောင်းခြင်းများကိုပါ ပြုလုပ် လာသောကြောင့် အကြမ်းဖက်သူ များ ခိုအောင်းနေထိုင်လှုပ်ရှားမှု မရှိစေရေးအတွက် လုံခြုံရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက် လျက်ရှိသည်။ ထို့ပြင် ဆက်စပ် တရားခံများကို အမြန်ဆုံး ဖမ်းဆီး ရမိရေး၊ မြို့ရွာအမြန်ဆုံးတည်ငြိမ် အေးချမ်းရေးအတွက် ပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံ အပ်ပါကြောင်းနှင့် ဖြစ်စဉ်ပါ ဖမ်းဆီးရမိတရားခံများကို ဥပဒေ နှင့်အညီ ထိရောက်သော အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်၍ ကွင်းဆက် တရားခံများကို ဆက်လက် ဖော်ထုတ်ဖမ်းဆီးခြင်း များ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်