ပေါင်းတည်မြို့နယ် နတ်ရေတွင်းကျေးရွာ၊ဝက်လက်မြို့နယ် ရေလည်မှော်ကျေးရွာနှင့်စစ်ကိုင်းမြို့နယ် ရွာမကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့ကြောင်း သတင်းတု၊သတင်းမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသ

 

နေပြည်တော်  ဇန်နဝါရီ   ၂၅
ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ် နတ်ရေတွင်း ကျေးရွာအား ဇန်နဝါရီ ၂၄  ရက်တွင်   လုံခြုံရေး တပ်ဖွဲ့ဝင်များက ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းမှားများကို  Khit Thit Media က မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရ သည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ ဇန်နဝါရီ  ၂၃ ရက် တွင်  PDF အမည်ခံ    အကြမ်းဖက်သမားများက ပေါင်းတည်မြို့နယ် နတ်ရေတွင်းကျေးရွာသို့ရောက် ခဲ့ပြီး   ကျေးရွာအပြင်ဘက်ရှိ    လူနေအိမ်များကို မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ဒေသခံတစ်ဦးမှ  သတင်းပေးပို့သည့် အတွက်  ဇန်နဝါရီ ၂၄ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင် များက နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ရန် နတ်ရေတွင်းကျေးရွာအနီးသို့   ရောက်ရှိစဉ်   PDF အမည်ခံအကြမ်းဖက်သမားများက   လက်နက်ငယ် များဖြင့် ရမ်းသန်းပစ်ခတ်၍ ကျေးရွာရှိ  နေအိမ်များ အား မီးရှို့ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ 
အလားတူ စစ်ကိုင်းမြို့နယ် ရွာမကျေးရွာအား ဇန်နဝါရီ ၂၄ ရက် နံနက် ၅ နာရီက ကျေးရွာရှိ ကုန်စုံ ဆိုင်အပါအဝင် လူနေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ ကြောင်း သတင်းတု၊ သတင်းမှားများကို   မဟုတ် မမှန်ရေးသား ဖြန့်ဝေနေသည်ကိုတွေ့ရှိရပြီး အဆိုပါ သတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေမှ လုံခြုံ ရေး   တာဝန်ရှိသူတစ်ဦး၏     ပြောကြားချက်အရ ဇန်နဝါရီ ၂၄ ရက်တွင် ရွာမကျေးရွာနှင့်  အနီးဝန်း ကျင်တွင်  လုံခြုံရေးတာဝန်ထမ်းဆောင်မှု    မရှိခဲ့ ကြောင်း  မြေပြင်သတင်းကြားသိချက်အရ  PDF အမည်ခံအကြမ်းဖက်သမားများက   ကုန်စုံဆိုင်မှ ပစ္စည်းများနှင့်ငွေများ လုယက်ယူဆောင်ထွက်ပြေးသွားခဲ့ကြောင်းနှင့် ထွက်ပြေးချိန်တွင် နေအိမ်အချို့ ကို မီးရှို့ခဲ့ရာမှ ကုန်စုံဆိုင်အပါအဝင် နေအိမ် ၁၀ လုံးခန့် မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
ထို့ပြင် ဝက်လက်မြို့နယ် ရေလည်မှော်ကျေးရွာ ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၂၄ ရက်တွင် မီးရှို့ခဲ့မှုကြောင့် နေအိမ် ၁၈ လုံး မီးလောင်ပျက်စီး ခဲ့ကြောင်း   လူမှုကွန်ရက်ပေါ်တွင်    မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရပြီး လုံခြုံရေး တာဝန်ရှိသူတစ်ဦး၏  ပြောကြားချက်အရ   ၎င်း ရက်နေ့တွင်   စစ်ကိုင်းတိုင်းဒေသကြီး    ဝက်လက် မြို့နယ်အတွင်းသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် သွားရောက်ခဲ့ခြင်း   မရှိကြောင်းနှင့်   ရေလည်မှော် ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ခဲ့သည် ဆိုသည်မှာ လုပ်ကြံရေးသားထားသည့် သတင်းအမှား များသာဖြစ်ကြောင်း သိရသည်။
PDF အမည်ခံအကြမ်းဖက်သမားများသည် မြို့၊ ရွာများရှိ လူနေအိမ် အဆောက်အဦများကို အကာ အကွယ်ပြု၍ ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် လူနေအိမ် များ မီးရှို့ဖျက်ဆီးခြင်းအပါအဝင်  ဒေသခံပြည်သူ များ၏   လူမှုစီးပွားဘဝကို   အကြမ်းဖက်သည့် နည်းလမ်းများဖြင့်  ဖျက်ဆီးလုပ်ဆောင်လျက်ရှိပြီး ယင်းလုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များအပေါ် အထင်အမြင်လွဲမှားစေရန်အတွက် တရား မဝင်ပြည်ဖျက်မီဒီယာများက  သတင်းတု၊  သတင်း မှားများကို  လုပ်ကြံရေးသားကာ သွေးထိုးလှုံ့ဆော် လျက်ရှိကြောင်း  သတင်းရရှိသည်။ 
သတင်းစဉ်