ပေါက်တောမြို့နယ်ရှိ IDP စခန်းနှင့် ဒေသခံဘင်္ဂါလီများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး သတ္တမအသုတ်(ပထမ)အကြိမ်ထိုးနှံ

 

ပေါက်တော    ဖေဖော်ဝါရီ    ၂၃


ရခိုင်ပြည်နယ်    ပေါက်တောမြို့နယ်   ဆင်တက်မော် ကျေးရွာရှိ IDP စခန်းတွင်  ခိုလှုံနေကြသော ပြည်သူများနှင့်  ဒေသခံဘင်္ဂါလီများအား  ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေး ထိုးနှံရာ အသက် ၁၈ နှစ်နှင့်အထက် ဦးတည်အုပ်စုပြည်သူ များကို  သတ္တမအသုတ်  (ပထမ) အကြိမ်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ယနေ့နံနက်   ၉ နာရီက ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 


အဆိုပါ  ဆင်တက်မော်   IDP  စခန်းနှင့်  ဒေသခံဘင်္ဂါလီ များအား  ကိုဗစ်- ၁၉  ရောဂါ  ကာကွယ်ဆေးထိုးနှံရာသို့    မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန       ဝန်ထမ်းများက စာရင်းကောက်ယူခြင်း၊   အနောက်ရဲ ရဲကင်းမှူး ရဲအုပ်သန်းဌေးနှင့် တပ်ဖွဲ့ဝင်များ၊   ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်   ကျေးလက်စေတနာ့ ဝန်ထမ်းများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြသည်။  

 


ထို့သို့ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ရာတွင် ပေါက်တောမြို့ နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကိုကိုအောင် ကြီးကြပ် မှုဖြင့်  မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ   ကာကွယ် ဆေးကို   ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့် အညီ ဆေးမထိုးမီ    ကိုယ်ပူချိန်   တိုင်းတာပေးခြင်း၊  သွေးပေါင်ချိန်  တိုင်းတာပေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ပေးကြပြီး ပုံမှန်အခြေအနေ ရှိသူများကိုသာ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။

 


ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး သတ္တမအသုတ် (ပထမ)အကြိမ် ထိုးနှံပေးခြင်းကို  ယမန်နေ့နှင့်  ယနေ့တို့တွင်လည်း ပေါက်တောမြို့နယ်ရှိ ဆင်တက်မော် lDP စခန်း၌ ခိုလှုံနေကြသော ပြည်သူများနှင့် ဒေသခံ ဘင်္ဂါလီ စုစုပေါင်း ၂၆၈ ဦး လာရောက်ထိုးနှံခဲ့ကြောင်း သိရသည်။ 

မြို့နယ် (ပြန်/ဆက်)