ပြောင်းစိုက်ပျိုးထုတ်လုပ်မှု သုံးဆမြင့်တက်ရန် ဘရာဇီးကြိုးပမ်း

 

ဆော်ပိုလို ဇွန် ၂


ဘရာဇီးနိုင်ငံအတွင်း     ပြောင်း အမြောက်အမြား      စိုက်ပျိုးထုတ် လုပ်သည့်    ဆော်ပိုလိုပြည်နယ်၌ နှစ်စဉ် ပြောင်းတန်ချိန် ၃ ဒသမ ၃ သန်း စိုက်ပျိုးရာမှ ၂၀၃၀ ပြည့်နှစ် တွင်    ပြောင်းတန်ချိန်   ၁၁   သန်း အထိ    စိုက်ပျိုးထုတ်လုပ်နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း ပြည်နယ် အစိုးရက ထုတ်ပြန်ထားသည်။

 


အဆိုပါ    ပြည်နယ်အတွင်း ပြောင်းသီးနှံ တိုးတက်ထုတ်လုပ် နိုင်ရေးအတွက် စာတမ်းများပြုစု ခြင်း၊ သုတေသနလေ့လာချက်များ ဆွေးနွေးခြင်းများ ဆောင်ရွက် လျက်ရှိသည်။ ပြောင်းတိုးတက် စိုက်ပျိုးနိုင်ရေး     အစီအစဉ်ကို ပြည်နယ်အစိုးရ၊      စိုက်ပျိုးရေး ကုမ္ပဏီများနှင့် လယ်ယာသုံးစက် ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်း များ   ပူးပေါင်းအကောင်အထည် ဖော်မည်ဖြစ်ကာ   တောင်သူများ ထံသို့ ပြောင်းစိုက်ပျိုးမှုဆိုင်ရာ နည်းပညာများကို     အမြန်ဆုံး ဖြန့်ဖြူးပေးမည်     ဖြစ်သည်။ အဆိုပါ အစီအစဉ်တွင် ပြည်နယ် စိုက်ပျိုးရေးလုပ်ငန်းများအပြင် ပြောင်းစိုက်     တောင်သူဦးရေ ၁၀၀၀၀၀ ကျော် ပူးပေါင်းပါဝင် မည်ဖြစ်သည်။

 


Milho+SP    ဟု   အမည်ပေး ထားသည့်    ယင်းအစီအစဉ်တွင် စိုက်ပျိုးရေးသင်တန်းများ    ပေး ခြင်း၊ နည်းစနစ်များဖြန့်ဝေခြင်း၊ ဒစ်ဂျစ်တယ်      နည်းပညာနှင့် အဆင့်မြင့်   လယ်ယာသုံးစက် ပစ္စည်း   အသုံးပြုနည်းသင်တန်း များ   သင်ကြားပေးခြင်း၊   သီးနှံ အာမခံထားရှိခြင်း၊ ချေးငွေရယူ ခြင်း   စနစ်များအပြင်    စက်မှု လုပ်ငန်းများနှင့် ချိတ်ဆက်ကာ ရောင်းဝယ်ဖောက်ကားခြင်းများ အထိ အဆင့်များစွာပါဝင်ကြောင်း သိရသည်။

 

သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွား‌ရေး သံမှူးများ၏ ပေးပို့မှု အချက်အလက်များ။
ခင်ရတနာ စုစည်းဖော်ပြသည်၊၊