PDF အမည်ခံအကြမ်းဖက်သမားများက လောင်းလုံးမြို့အတွင်းသို့ လက်လုပ်စိန်ပြောင်းများဖြင့်ရမ်းသမ်းပစ်ခတ်သဖြင့် အပြစ်မဲ့ပြည်သူ နှစ်ဦး သေဆုံး၊ ကလေးငယ် လေးဦးအပါအဝင် ရှစ်ဦးဒဏ်ရာရရှိ

 

နေပြည်တော်  ဒီဇင်ဘာ   ၂၁
တနင်္သာရီတိုင်းဒေသကြီး  လောင်းလုံး မြို့ရှိ   စစ်မှုထမ်းဟောင်းအဖွဲ့ရုံးအား ယနေ့နံနက်  ၉   နာရီခန့်တွင်    PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ ဖျက်ဆီးပြီး ပြန်လည်ဆုတ်ခွာထွက်ပြေး သွားစဉ်  မြို့ပြင်အရောက်၌   ရပ်ကွက် အတွင်းသို့   လက်လုပ်စိန်ပြောင်းဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့သဖြင့်   အပြစ်မဲ့ ပြည်သူနှစ်ဦး သေဆုံးပြီး ကလေးငယ် လေးဦးအပါအဝင် အပြစ်မဲ့ပြည်သူ ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ PDF အမည်ခံအကြမ်းဖက် သမားများသည် လောင်းလုံးမြို့ရှိ စစ်မှု ထမ်းဟောင်းအဖွဲ့ရုံးအား မီးရှို့ဖျက်ဆီး သွားပြီး    ပြန်လည်ဆုတ်ခွာထွက်ပြေး သွားစဉ် လောင်းလုံးမြို့၏ အရှေ့တောင် ဘက်  မီတာ   ၁၁၀၀    ခန့်အကွာမှ လောင်းလုံးမြို့အတွင်းသို့    လက်လုပ် စိန်ပြောင်းများဖြင့်   ပစ်ခတ်ခဲ့ရာ  (ခ)ရပ်ကွက်    အောင်ချမ်းသာဘုရားကြီး အနီးရှိ    ဆောက်လုပ်ရေးကုမ္ပဏီမှ အလုပ်သမားတန်းလျားသို့   ကျရောက် ပေါက်ကွဲခဲ့သဖြင့် အဆိုပါအလုပ်သမား တန်းလျားတွင်  နေထိုင်သည့်   အပြစ်မဲ့ ပြည်သူအမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ သေဆုံးကာ အပြစ်မဲ့ကလေး ငယ် လေးဦးအပါအဝင် ရှစ်ဦး ဗုံးစထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။
အဆိုပါ   ထိခိုက်ဒဏ်ရာရရှိသူများ အား     လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့များက လောင်းလုံး မြို့မှ   ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍   ဆေးကုသမှုခံယူလျက်ရှိ ကြောင်း သိရသည်။ 
ထိုသို့ PDF အမည်ခံအကြမ်းဖက် သမားများ၏ လူမဆန်သော လုပ်ရပ်များ ကြောင့်  အပြစ်မဲ့ပြည်သူများ  သေဆုံး ထိခိုက်ဒဏ်ရာရရှိမှုများအပေါ်    ဒေသခံ ပြည်သူများအနေဖြင့် ရွံရှာမုန်းတီးလျက် ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့်    လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။              
  သတင်းစဉ်