
နေပြည်တော် ဧပြီ ၁၃
ရှမ်းပြည်နယ် (မြောက်ပိုင်း)လားရှိုးမြို့ ရပ်ကွက်(၁)၊ မြို့အဝင် မုခ်ဦးအနီး ရန်တိုင်းအောင်ဘုရား ဝင်းအရှေ့ပန်းခြံအနီးရှိ ကားများ ရပ်နားထားသည့်နေရာ၌ ယနေ့ နံနက်ပိုင်းက PDF အမည်ခံအကြမ်း ဖက်သမားများက လက်လုပ်ဗုံး ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အကြိုနေ့ အခါသမယတွင် ဒေသခံ ဘုရားဖူးပြည်သူများနှင့် ပန်းခြံ သို့ လာရောက်လည်ပတ်သူများ စည်ကား သိုက်မြိုက်လျက်ရှိသည့် လားရှိုးမြို့ ရပ်ကွက်(၁) မြို့အဝင် မုခ်ဦးအနီး ရန်တိုင်းအောင်ဘုရား ဝင်းအရှေ့ပန်းခြံအနီးရှိ ကားများ ရပ်နားထားသည့်နေရာ၌ ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် Honda Fit အနီရောင်ယာဉ်ပေါ်မှ PDF အမည်ခံ အကြမ်းဖက်သမား များထောင်ထားသည့် လက်လုပ် ဗုံးတစ်လုံး ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါ အကြမ်းဖက်သမားများ ၏ ဗုံးထောင်ဖောက်ခွဲမှုကြောင့် ဘုရားဖူး လာရောက်ကြသည့် အပြစ်မဲ့ပြည်သူ လေးဦးသေဆုံးခဲ့ ပြီး အသက် သုံးနှစ်အရွယ်ကလေး ငယ်တစ်ဦး အပါအဝင် ၁၁ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ထိခိုက် ဒဏ်ရာရရှိသူများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက လားရှိုးမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူစေလျက်ရှိ ကြောင်းနှင့်ယခုကဲ့သို့ မြန်မာလူမျိုး များ၏ အထွတ်အမြတ်ထားရာ နှစ်သစ် ကူး အကြိုအခါသမယတွင် ဘုရားဖူး ဒေသခံပြည်သူများနှင့် ပန်းခြံသို့ လာရောက်လည်ပတ်သူ များဖြင့် စည်ကားလျက်ရှိသည့် နေရာကို ရည်ရွယ်ချက်ရှိရှိဖြင့် ဗုံးထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့ သည့် အကြမ်းဖက်သမားများ အား အမြန်ဆုံး ဖမ်းဆီးရမိ ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်