PDF အမည်ခံအကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံပြည်သူများကို သွားရောက်တွေ့ဆုံ၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

 

နေပြည်တော်  မတ်  ၁၈


မကွေးတိုင်းဒေသကြီး     ပေါက် မြို့နယ်အတွင်းရှိ  ကျေးရွာများ၌ NLD   ပါတီ   ထောက်ခံသူအစွန်း ရောက်  PDF  အမည်ခံအကြမ်းဖက် အဖွဲ့၏  ဥပဒေမဲ့ခြိမ်းခြောက်  လူ သတ်မှု၊   မိုင်းထောင်ဖောက်ခွဲမှု၊ မီးရှို့မှုများကြောင့်       ထွက်ပြေး တိမ်းရှောင်နေကြရပြီး   မိမိတို့၏ အသက်အန္တရာယ်    လုံခြုံစိတ်ချရ သည့်နေရာများတွင် ခေတ္တနေထိုင် နေကြသူများကို       နေထိုင် စားသောက်မှု  အဆင်ပြေစေရန်နှင့် ၎င်းတို့၏ဒေသများတွင်  ပြန်လည် တည်ထောင်       နေထိုင်နိုင်ရေး အတွက်  လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့်    တာဝန်ရှိသူများက     ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။

 


ထိုသို့   ဆောင်ရွက်ပေးလျက် ရှိရာ       ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးတင့်လွင်၊        အနောက်မြောက် တိုင်းစစ်ဌာနချုပ်         တိုင်းမှူး ဗိုလ်မှူးချုပ်သန်းထိုက်နှင့်   တာဝန် ရှိသူများသည်     NLD    ပါတီ ထောက်ခံသူ     PDF     အမည်ခံ  အကြမ်းဖက်အဖွဲ့၏      ဥပဒေမဲ့     ခြိမ်းခြောက်လူသတ်မှု၊  မိုင်းထောင် ဖောက်ခွဲမှု၊       မီးရှို့ဖျက်ဆီးမှုများ ကြောင့်   ထွက်ပြေးတိမ်းရှောင်နေ ကြရသော  မကွေးတိုင်းဒေသကြီး    ပေါက်မြို့နယ်  ရွှေဘုံသာကျေးရွာ မှ   ဒေသခံပြည်သူများကို  လုံခြုံ စိတ်ချရသည့်      နေရာများသို့       ပြန်လည်ခေါ်ယူစုစည်း၍      လုံခြုံ ရေးနှင့် နေထိုင်စားသောက်နိုင်ရေး    စီစဉ်ပေးပြီး  ရင်းရင်းနှီးနှီးတွေ့ဆုံ      အားပေးစကားပြောကြားသည်။     ထို့ပြင်    ဒေသခံပြည်သူများအား   ထောက်ပံ့ငွေများ၊     စားသောက် ဖွယ်ရာများနှင့်       အသုံးအဆောင် ပစ္စည်းများ    ထောက်ပံ့ပေးအပ် ပြီး  တာဝန်ရှိသူများနှင့်     တွေ့ဆုံကာ      လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ကြောင်း သတင်းရရှိသည်။


သတင်းစဉ်