ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသူ အကျဉ်းသား ၁၃ ဦးကို ဇမ္ဗူသီရိမြို့နယ် နေပြည်တော်အချုပ်ထောင်မှ လွှတ်ပေး

 

ဇမ္ဗူသီရိ   ဖေဖော်ဝါရီ   ၁၂

 


စိန်ရတုပြည်ထောင်စုနေ့  အထိမ်းအမှတ်အားဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်  ၁၅/၂၀၂၂၊   ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အရ အကျဉ်းသားများအား ယနေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်   ဗလသိဒ္ဓိ ရပ်ကွက်  နေပြည်တော် အချုပ်ထောင်မှ လွှတ်ပေးခဲ့ ကြောင်း သိရသည်။

 


အဆိုပါ ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား များအနက် ထိုက်သင့်သော ပြစ်ဒဏ်များကို ကျခံပြီး ဖြစ်သည့်အပြင်   စည်းကမ်းကောင်းမွန်စွာနေထိုင် ကြသော အကျဉ်းသား  ၁၃ ဦးအား  နေပြည်တော် အချုပ်ထောင်တာဝန်ခံအရာရှိ ဦးစီးအရာရှိ ဦးထွန်း ဝင်းထိုက်နှင့် ဇမ္ဗူသီရိမြို့နယ် မီးသတ်ဦးစီးမှူး ဦးစီး အရာရှိ  ဦးဝင်းကျော်တို့က  ဆုံးမစကား ပြောကြား ခဲ့ကာ    ရာဇဝတ်ကျင့်ထုံး  ဥပဒေပုဒ်မ (၄၀၁)၊ ပုဒ်မခွဲ (၁) အရ၊ နောက်တစ်ကြိမ် ပြစ်မှုထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင်    ယခုကျခံရန်ကျန်ရှိသော   ပြစ်ဒဏ်များကိုပါ  ဆက်လက်ကျခံရမည် ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့်       ၎င်းတို့ကျခံ ရန်ကျန်ရှိသော ပြစ်ဒဏ်များကို လွတ်ငြိမ်းခွင့်ပြုခဲ့ပြီး အကျဉ်းသားများအား နေပြည်တော် မြို့မဈေးရှိ အဝေးပြေးယာဉ်ရပ်နားဝင်းသို့ မော်တော်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။    


 မြို့နယ် (ပြန်/ဆက်)