ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ်   ၃၀/၂၀၂၂
၁၃၈၄ ခုနှစ်၊ တန်ခူးလပြည့်ကျော်   ၂   ရက်
(၂၀၂၂ ခုနှစ်၊  ဧပြီလ  ၁၇  ရက်)

 


ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်


မြန်မာနှစ်သစ်မင်္ဂလာအခါသမယ     အထိမ်းအမှတ်အားဖြင့်   လည်းကောင်း၊     ပြည်သူလူထု   နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့်  လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည်   အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြရသော အကျဉ်းသား/သူ ၁၅၇၇ ဦးတို့အား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ  “နောက်တစ်ကြိမ်  ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော  ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍  ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြု လိုက်သည်။

 


    အမိန့်အရ
    အောင်လင်းဒွေး
    ဒုတိယဗိုလ်ချုပ်ကြီး
    အတွင်းရေးမှူး