
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ် ၃၁/၂၀၂၂
၁၃၈၄ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက်
(၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၇ ရက်)
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်
မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှု ကို အလေးထားသောအားဖြင့်လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် အကျဉ်းထောင်/အချုပ်ထောင်အသီးသီးတွင် အကျဉ်းကျခံနေကြရသော နိုင်ငံခြားသား အကျဉ်းသား/သူ ၄၂ ဦးတို့အား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်သည်။
အမိန့်အရ
အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး