
နေပြည်တော် ဇူလိုင် ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံး မြို့ရှိ လုံခုတ်၊ ပေါင်းလင်းပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များကို ဇူလိုင် ၂၈ ရက် မွန်းလွဲပိုင်းက အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် အဖွဲ့ဝင် များက ဟိုပုံးတပ်နယ် နယ်မြေခံတပ် ခန်းမ၌ သွားရောက်တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် တိုင်းမှူး က အမှာစကားပြောကြားပြီး ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေး ကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်