ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဆီဆိုင်မြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

 

ဆီဆိုင်   မေ   ၁


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင် မြို့ကို        ဇန်နဝါရီလအတွင်း အကြမ်းဖက်သောင်းကျန်းသူများ က  လက်နက်ကြီးများ၊  ဒရုန်းများ ဖြင့်   ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘုန်းတော်ကြီးကျောင်းများ၊ ဆေးရုံ၊ ဈေး၊ နေအိမ်များ၊  ဌာနဆိုင်ရာ ရုံး များ၊  စာသင်ကျောင်းများ ပျက်စီး ဆုံးရှုံးခဲ့ရသည်။  
ထို့ကြောင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများ     ဆောင်ရွက်ရန် အတွက်  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ   စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ   ဦးခွန်ရဲထွေးနှင့်   အဖွဲ့ဝင် များ၊  ဆီဆိုင်မြို့နယ်  စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးအောင်ဆန်းဦး နှင့် အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာများ၊ နယ်မြေခံ  တပ်ရင်းတပ်ဖွဲ့ဝင်များ နှင့်   ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင် များက ပြန်လည်ဝင်ရောက်နေထိုင် သည့်  ဒေသခံပြည်သူများအတွက် အဆင်ပြေစေရန် သောက်သုံးရေ ရရှိရေး၊ လျှပ်စစ်မီးပြန်လည်ရရှိရေး၊ ဆက်သွယ်ရေး      လုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်ပေးနိုင် ရေး၊ မြို့မဈေး ပြန်လည်ဖွင့်လှစ်နိုင် ရေး       စသည့်လုပ်ငန်းများကို ကွင်းဆင်း    ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။  
 ဆီဆိုင်မြို့နယ်၌      ဌာန ဆိုင်ရာရုံးများ ပြန်လည်ဖွင့်လှစ်ပြီး ဒေသခံပြည်သူများ       ပြန်လည် ဝင်ရောက်       နေထိုင်လျက်ရှိကာ ဒေသခံပြည်များ  စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ဈေးသည် များ       ဖွင့်လှစ်ရောင်းချခြင်း၊      ကျန်းမာရေး     စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း နှင့် သောက်သုံးရေရရှိရေးအတွက် ရေပေးဝေရေးလုပ်ငန်းများ ဆောင် ရွက်ပေးခြင်းတို့ကို တာဝန်ရှိသူများ က     ဆောင်ရွက်ပေးလျက်သည်။ အဆိုပါ        ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို   ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊  ဌာနဆိုင်ရာများ၊ လူမှု ရေးအသင်းအဖွဲ့များနှင့်   ဒေသခံ ပြည်သူတို့က  ဝိုင်းဝန်းပူးပေါင်း     ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။          

မြို့နယ်(ပြန်/ဆက်)