
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ် တောင်ချောင်းဘက်ရှိ လိပ်ဒုံး၊ ပြောင်ကျ၊ ပယ်ကျ၊ ဒန်းကိုင်း၊ ထန်းတပင်၊ ရွှေစင်၊ အလယ်ရွာ စသည့်ကျေးရွာများတွင် ပဲတီစိမ်းသီးနှံနှင့် မတ်ပဲသီးနှံများမှာ နိုဝင်ဘာ လကုန်ပိုင်းမှစတင်၍ ထွက်ပေါ်လျက်ရှိရာ ယခုအချိန်တွင် လှိုင်လှိုင် ထွက်ပေါ်နေပြီဖြစ်ကြောင်း သိရသည်။
အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ကံမမြို့ ပဲသီးနှံပွဲရုံ၌ ဒီဇင်ဘာလ (တတိယပတ်) တွင် ပဲတီစိမ်းသီးနှံမှာ ပိဿာ ၃၀ ဝင် တစ်အိတ်လျှင် ငွေကျပ် ၈၇၀၀၀ မှ ၉၀၀၀၀ ဖြင့် ယခင်အပတ်ထက် ငွေကျပ် ၂၂၅၀ ဈေးနှုန်းအနည်းငယ်မြင့်တက်၍ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၃၀ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး မတ်ပဲ (ကိုင်း) သီးနှံမှာ ပိဿာ ၃၀ ဝင်တစ်အိတ်လျှင် ငွေကျပ် ၁၃၈၇၅၀ မှ ၁၄၀၂၅၀ ဖြင့် ယခင် အပတ်ထက် ငွေကျပ် ၁၅၀၀ မှ ၃၀၀၀ ဈေးနှုန်းအနည်းငယ် မြင့်တက် ၍ တစ်ရက်လျှင် အိတ်ရေ ၈၀ မှ ၁၀၀ ခန့် အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့သို့ နေ့စဉ်တင်ပို့ရောင်းချလျက်ရှိကြောင်း ကံမမြို့ရှိ ကုန်သည်တစ်ဦးထံမှ သိရသည်။
DOCA (မကွေး)