ပွဲတော်တွေ ပြုလုပ်ပေးခြင်းအားဖြင့် ကျောင်းသားလူငယ်တွေအတွက် ဗဟုသုတတွေလည်း ရပါတယ်

 

တွေ့ဆုံမေးမြန်း-ဟိန်းမင်းစိုး၊ သန်းမင်းအောင်၊ ဓာတ်ပုံ- လုလင်ငယ်

 

လူငယ်နှင့်  စာပေအနုပညာပြပွဲ တတိယနေ့ကို     နေပြည်တော် ရှိ    မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂     ၌ ဆက်လက် ကျင်းပလျက်ရှိသည်။ 
အဆိုပါပြပွဲတွင် အသိပညာ ဗဟုသုတရဖွယ် ပြခန်းပေါင်း  ၆၂ ခန်း  ပါဝင်ပြသထားပြီး  နိုင်ငံ၏ ဘာသာ၊  သာသနာနှင့်   ဓလေ့ ထုံးတမ်းများကို သိရှိနိုင်စေမည့် ရုပ်ရှင်ဇာတ်ကားကောင်းများကို လည်း ထည့်သွင်းပြသလျက်ရှိရာ စိတ်ပါဝင်စားစွာဖြင့် လာရောက် လေ့လာကြသည့်  နေပြည်တော် ကောင်စီ     နယ်မြေအတွင်းရှိ အခြေခံပညာ     အထက်တန်း ကျောင်းများနှင့် ကိုယ်ပိုင်အထက် တန်း ကျောင်းများမှ ကျောင်းသား ကျောင်းသူများ၊  လူငယ်များနှင့် ပြခန်းတာဝန်ရှိများနှင့် တွေ့ဆုံ၍ ရင်တွင်းစကားသံများကို အများ ပြည်သူသိရှိနိုင်စေရန်  ရေးသား ဖော်ပြလိုက်ရပါသည်။
ဦးဆန်းမြင့် 
(ညွှန်ကြားရေးမှူးချုပ်၊ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန)
ကျွန်တော်တို့  ဝန်ကြီးဌာန အနေနဲ့    လူငယ်နှင့်    စာပေ အနုပညာပွဲတော်ရဲ့ ရည်ရွယ်ချက် လေးချက်အနက်မှ  နိုင်ငံတော်ရဲ့ လွတ်လပ်ရေးနဲ့    ပတ်သက်တဲ့ သမိုင်းဝင်အထောက်အထားတွေ ကို သိရှိနိုင်ဖို့ ရည်ရွယ်ပြီး  ပြသ ထားပါတယ်။ ဝန်ကြီးဌာနအနေနဲ့ ပြခန်း  ၁၀  ခန်း  ခင်းကျင်းပြသ ထားပါတယ်။  ယခု ခင်းကျင်းပြသ ထားတဲ့ မှတ်တမ်းတွေဟာဆိုရင် ၁၉၄၈ ခုနှစ်က စတင်ပြီး  စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အောက်မှာရှိတဲ့  အမျိုးသားမှတ် တမ်းများနှင့် မော်ကွန်းတိုက်ဦးစီး ဌာနကနေ အထောက်အထားတွေ ကို ရယူစုဆောင်းပြီး သိမ်းဆည်း ထားတာဖြစ်ပါတယ်။ ယခု ပြသ ထားတာကတော့  ပုံပွားမိတ္တူတွေ ဖြစ်ပါတယ်။   လွတ်လပ်ရေးနဲ့ ပတ်သက်တဲ့  အထောက်အထား တွေရဲ့   မူရင်းစာချုပ်   စာတမ်း အထောက်အထားတွေကိုတော့ အမျိုးသား    မှတ်တမ်းများနှင့် မော်ကွန်းတိုက်     ဦးစီးဌာနမှာ ထာဝစဉ်မပျောက်ပျက်ဖို့အတွက် ထိန်းသိမ်းထားပါတယ်။   နိုင်ငံ တော်ရဲ့   အရေးကြီးတဲ့  လုပ်ငန်း တွေထဲမှာ ပါဝင်တဲ့ လုပ်ငန်းသုံးခု ကိုလည်း လူငယ်တွေ၊ မိဘပြည်သူ တွေ  သိရှိဖို့အတွက်  ပြသထားပါ တယ်။  ပထမကတော့    မြန်မာ့ အာမခံလုပ်ငန်း     ဝန်ဆောင်မှု ပေးနေတဲ့         လုပ်ငန်းတွေ၊  ကျောင်းသားလူငယ်တွေနဲ့  မိဘ ပြည်သူတွေကို  အခွန်ရဲ့ ယဉ်ကျေး မှုကို     အခွန်အသိပညာပေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ၊ မြန်မာ နိုင်ငံ အကောက်ခွန်ဌာနက လက်ရှိ ဆောင်ရွက်နေတဲ့ MACCS စနစ်နဲ့ ပတ်သက်လို့   အကောက်အခွန် ဦးစီးဌာနကနေ   ရှင်းလင်းတင်ပြ တာတွေ ဖြစ်ပါတယ်။ 
ပြပွဲလာတဲ့    ကျောင်းသား လူငယ်တွေ ပိုပြီးတော့ စိတ်ဝင်စား မှုရှိစေမယ့်   မြန်မာနိုင်ငံ   သမိုင်း ကြောင်းနဲ့ပတ်သက်တဲ့ လွတ်လပ် ရေးနေ့       ဉာဏ်စမ်းကိုလည်း ထည့်သွင်း   ထားရှိထားပါတယ်။ မြန်မာနိုင်ငံမှာ      ဖွင့်လှစ်တဲ့ အောင်ဘာလေထီနဲ့ ပတ်သက်တဲ့ သရုပ်ပြကွက်ကိုလည်း ပြခန်းမှာ ထည့်သွင်း    ပြသထားပါတယ်။ ပြပွဲ     လာရောက်လေ့လာကြတဲ့  ကျောင်းသားလူငယ်တွေ၊    မိဘ ပြည်သူတွေ၊       ဝန်ထမ်းတွေ လာရောက်ကြည့်ရှုခြင်းအားဖြင့် စာပေတွေကနေတစ်ဆင့်  နိုင်ငံ တော်က     လွတ်လပ်ရေးနေ့နဲ့ ပတ်သက်တဲ့ အထောက်အထား တွေကို သိရှိခြင်းအားဖြင့် နိုင်ငံ တော်ရဲ့ လွတ်လပ်ရေးကို ရရှိရေး အတွက်   ဘယ်လိုကြိုးစားခဲ့ရ တယ်ဆိုတာ သိရှိကြမှာဖြစ်တယ်။ လွတ်လပ်ရေးဟာ နိုင်ငံတစ်နိုင်ငံ အတွက်      အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါး              ဖြစ်ပါတယ်။ ဒါကြောင့်      လွတ်လပ်ရေးနဲ့ ပတ်သက်တဲ့   မှတ်တမ်းတွေကို ကြည့်ရှုခြင်းအားဖြင့် လူငယ်တွေ အနေနဲ့  နိုင်ငံကို  ချစ်မြတ်နိုးတဲ့ စိတ်တွေ၊ မျိုးချစ်စိတ်တွေ  ပိုပြီး ရှိလာမှာ  ဖြစ်ပါတယ်။  အခုလို ပြပွဲတွေကို   လာမယ့်နှစ်တွေမှာ စဉ်ဆက်မပြတ်  ကျင်းပသွားနိုင် မယ်ဆိုရင်တော့ လူငယ်တွေအနေ နဲ့    အသိပညာဗဟုသုတွေကို ရရှိနိုင်မှာဖြစ်တဲ့အပြင်   ဝန်ကြီး ဌာနတွေရဲ့ လုပ်ငန်းတွေကို  ပိုမို သိမြင်ပြီး       နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး  လုပ်ငန်းတွေမှာ လည်း   တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ဆောင်ရွက်နိုင်မှာ  ဖြစ်တဲ့ အတွက် နှစ်စဉ်ကျင်းပပေးသင့်ပါ တယ်။ 
ဒေါ်ခင်မို့မို့အောင် 
(အထက်တန်းပြ၊ အမှတ် (၉) 
အခြေခံပညာအထက်တန်း 
ကျောင်း၊ နေပြည်တော်) 
အခုလို ပြပွဲကျင်းပပြီးကလေး တွေကို   စာပေတွေ    လေ့လာဖို့ အတွက် ခင်းကျင်းပြသပေးထား တာ  အလွန်ကို  ကောင်းပါတယ်။ ဖုန်းတွေနဲ့     အချိန်ကုန်နေတဲ့ ကလေးတွေကို စာပေတွေဖတ်ချင် လာအောင် လှုံ့ဆော်ပေးတဲ့အနေ အထားတစ်ရပ်ဖြစ်တဲ့     အတွက် လည်း ကျေနပ်မိပါတယ်။ ပြပွဲမှာ ဝန်ကြီးဌာနတွေက  ပြခန်းတွေ ခင်းကျင်း  ပြသထားတဲ့အထဲမှာ  ကျောင်းသား   ကျောင်းသူတွေ အတွက်   သိပ္ပံနှင့်   နည်းပညာ၊ အနုပညာပြခန်းတွေ  အများကြီး တွေ့ရတာကြောင့် သူတို့အတွက် ဗဟုသုတတွေ ရရှိမယ်လို့ ခံစား မိပါတယ်။ ဝန်ကြီးဌာနပေါင်းစုံ ပါဝင်တဲ့အတွက် ဝန်ကြီးဌာနတွေ ရဲ့ လုပ်ဆောင်မှုတွေကို  ကလေး တွေ လေ့လာရတဲ့အတွက်ကြောင့် ပိုပြီးတော့  ကောင်းတယ်လို့ မြင်မိ ပါတယ်။ အခုလို ပြပွဲတွေ ကျင်းပ ပေးတဲ့အတွက်    လူငယ်တွေရဲ့ စိတ်ထဲမှာရှိတဲ့ ရည်မှန်းချက်ဆီကို ရောက်အောင် တွန်းပို့ပေးနိုင်မယ် လို့ မြင်မိပါတယ်။ နှစ်စဉ်နှစ်တိုင်း နေ့ထူးနေ့မြတ်တွေမှာ အခုလိုပြပွဲ တွေကို    ကျင်းပပေးစေချင်ပါ တယ်။ 
မောင်ခန့်ထူးအောင် 
(ကျောင်းသား၊ အမှတ် (၁၁) 
အခြေခံပညာအထက်တန်း 
ကျောင်း၊ နေပြည်တော်)
ကျွန်တော်တို့  ကျောင်းအနေ နဲ့  ဒီနေ့  ဖျော်ဖြေရေးအစီအစဉ် မှာ   ပြည်မြန်မာသီချင်းနဲ့     ပါဝင် ဖျော်ဖြေခဲ့ပါတယ်။   အခုလိုပြပွဲ မှာ ပါဝင်ဖျော်ဖြေခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ အခု လေ့လာခဲ့ တာကတော့ သိပ္ပံနှင့် နည်းပညာ ပြခန်းရဲ့ လက်တွေ့လုပ်ဆောင်ရ တဲ့   အပိုင်းတွေ၊   ဓာတုဗေဒနဲ့ ပတ်သက်တဲ့     အပိုင်းတွေကို လေ့လာခဲ့ရတဲ့အတွက် အသိဗဟု သုတတွေ၊ အတွေ့အကြုံကောင်း တွေ ရရှိတဲ့အတွက်   ဝမ်းသာပီတိ ဖြစ်မိပါတယ်။ သိပ္ပံနဲ့ နည်းပညာ ပြခန်းမှာဆိုရင်      ကျောင်းမှာ သင်နေရတဲ့   သင်ခန်းစာတွေနဲ့ ပတ်သက်တဲ့ပစ္စည်းတွေကို အပြင် မှာ မျက်မြင်တွေ့ရတဲ့အခါ  ပိုပြီး စိတ်ဝင်စားဖို့   ကောင်းပါတယ်။ အခုလို    မြင်ရတော့    စာတွေ့နဲ့ လက်တွေ့  ဘယ်လိုကွာခြားတယ်၊ ဘယ်လိုအချက်တွေကို  ကိုယ်က ထပ်ပြီး    ဖြည့်ဆည်းရမယ်ဆို တာ   သိရှိသွားတယ်။  ပွဲတော်ကို လာရောက်တဲ့အခါမှာ  နေပြည် တော်အတွင်းမှာရှိတဲ့   ကျောင်း ပေါင်းစုံက       ကျောင်းသား ကျောင်းသူတွေအားလုံး   တစ်စု တစ်စည်းတည်း   တွေ့ရတော့ ပိုပြီးပျော်စရာကောင်းပါတယ်။ 
မောင်မင်းသန့်ထင် 
(ကျောင်းသား၊ Wisdom Hill 
ကိုယ်ပိုင်အထက်တန်းကျောင်း) 
ပြပွဲမှာ မြန်မာနိုင်ငံယာဉ်ထိန်း ရဲတပ်ဖွဲ့    အကြောင်းအရာတွေ၊ မိုင်းရှင်းလင်းရေး အကြောင်းအရာ တွေကို     လေ့လာခဲ့ပါတယ်။ ဒီပြခန်းကို လေ့လာခြင်းအားဖြင့် ဒီတပ်ဖွဲ့တွေဟာ  မြန်မာနိုင်ငံကို ကာကွယ်ပေးနေတဲ့     အဖွဲ့တွေ ဖြစ်တဲ့အတွက်     ကိုယ့်နိုင်ငံကို စောင့်ရှောက်ချင်တဲ့     စိတ်တွေ ဖြစ်ပေါ်ပါတယ်။  စာပေတွေကို လေ့လာကြည့်ရှုတဲ့အခါမှာလည်း ကိုယ့်မြန်မာနိုင်ငံ     သမိုင်းကို သိခွင့်ရပြီး      ကိုယ်ဝါသနာပါတဲ့ အလုပ်တွေကို  ပိုလုပ်နိုင်မယ်လို့ ထင်ပါတယ်။ အခုလိုပွဲတော်တွေ ကျင်းပပေးတဲ့အတွက် စာစီစာကုံး ရေးဖို့နဲ့ အင်္ဂလိပ်စကားပြောတဲ့ အခါမှာ အထောက်အကူဖြစ်မယ် လို့      ထင်မိပါတယ်။    ပွဲတော် ကို    လာရောက်လေ့လာရတာ  ပျော်စရာကောင်းသလို   စာပေ ကဏ္ဍအတွက်လည်း သက်ရောက် မှုရှိပါတယ်။ ကျွန်တော်တို့ အနာ ဂတ်အတွက်  အသိပညာဗဟုသုတ တွေများစွာရရှိနိုင်တဲ့ ဒီပွဲတော်ကို နှစ်စဉ်နှစ်တိုင်း    ကျင်းပပေးစေ ချင်ပါတယ်။ 
မဝင်းလဲ့ရွှေရည် (ကျောင်းသူ၊ 
ALPHA ကိုယ်ပိုင်အထက်တန်း 
ကျောင်း)
ကျွန်မတို့ကျောင်းက သူငယ် ချင်းတွေနဲ့အတူ ပြပွဲကိုလာရောက် လေ့လာတာပါ။   မြန်မာနိုင်ငံရဲ့ သမိုင်းဝင်အကြောင်းတွေ၊ စာအုပ် ဆိုင်ကစာအုပ်တွေ၊ ဧရာဝတီဒေသ ထွက်  အစားအစာနဲ့   ပုသိမ်ထီး အကြောင်းတွေကို   လေ့လာခဲ့ပါ တယ်။ ပြခန်းတွေထဲက  မြန်မာ နိုင်ငံရဲ့     သမိုင်းဝင်အကြောင်း ဖြစ်တဲ့ ပုဂံခေတ်က  ရေးသားခဲ့တဲ့ ကျောက်စာတွေကို  စိတ်ဝင်စားပါ တယ်။ အခုလိုပြပွဲတွေ ကျင်းပပေး တဲ့အတွက်   လူငယ်တွေအတွက် အသိပညာဗဟုသုတတွေ ရရှိတဲ့ အပြင်  ဘိုးဘွားအစဉ်အဆက်က ဓလေ့ထုံးတမ်း    အစဉ်အလာ တွေကိုလည်း     လေ့လာခွင့်ရတဲ့ အတွက်      ဝမ်းသာမိပါတယ်။ ကျောင်းသင်ခန်းစာတွေနဲ့    စာ တွေ့ပဲတွေ့ရပြီး  အခုကအပြင်မှာ လက်တွေ့ တွေ့ရတယ်။ သမိုင်း ကြောင်းက   စာအုပ်ထဲမှာဆိုရင် ပုံတွေပဲပါပြီး   ပြပွဲက  အပြင်မှာ ခင်းကျင်း   ပြသထားတဲ့အတွက် ပိုပြီးတော့ အားရပါးရလေ့လာခွင့် ရပါတယ်။ ပြပွဲကို လာရတဲ့အတွက် ပျော်စရာကောင်းသလို   အခြား ကျောင်းတွေက သူငယ်ချင်းတွေနဲ့ လည်း တွေ့ခွင့်ရတဲ့အတွက် ပျော် ပါတယ်။   ပြပွဲကို   လာရောက် လေ့လာ     ကြည့်ရှုတဲ့အခါမှာ အသိပညာ   ဗဟုသုတတွေရတဲ့ အတွက်  သူငယ်ချင်းတွေကိုလည်း လာရောက်လေ့လာကြဖို့ ဖိတ်ခေါ် ပါတယ်။ 
မဖြူဇင်ခိုင် (ကျောင်းသူ၊ 
အမှတ် (၇) အခြေခံပညာအထက် တန်းကျောင်း၊ နေပြည်တော်)
ဝန်ကြီးဌာနတွေက   ပြခန်း တွေကို လေ့လာကြည့်ရှုတဲ့အခါမှာ သစ်တောဦးစီးဌာန    ပြခန်းကို နှစ်သက်မိပါတယ်။ သစ်ပင်တွေကို ဘယ်လိုစိုက်ပျိုးပြီးတော့ ဘယ်လို ထိန်းသိမ်းရမယ်ဆိုတာကို  အသိ ပညာပေးတဲ့အတွက်  ကြိုက်နှစ် သက်ပါတယ်။ သဘာဝပတ်ဝန်း ကျင်ကို   လေ့လာခြင်းအားဖြင့် ကမ္ဘာကြီးကို   ထိန်းသိမ်းရမယ့် အရာတွေကိုလည်း    သိခွင့်ရခဲ့ ပါတယ်။ ပြခန်းတွေကတစ်ဆင့် အသိပညာ ဗဟုသုတွေရရှိစေနိုင် သလို နည်းပညာနဲ့  ပတ်သက်တဲ့ ပြခန်းတွေကလည်း     အတတ် ပညာကို      ဘယ်လိုလေ့လာ အားထုတ်ရတယ်   ဆိုတာကို မျက်မြင်ကိုယ်တွေ့ သိရှိရပါတယ်။ 
မရှင်းသန့်ဖြူ(ကျောင်းသူ၊ 
အမှတ်-၉၊ အခြေခံပညာအထက် တန်းကျောင်း၊ နေပြည်တော်)
ပညာရေး     ပြခန်းကတော့ အရင်နှစ်ကထက်     ပိုပြီးတော့ ပစ္စည်းတွေ စုံလာပါတယ်။ ဝန်ကြီး ဌာနတွေက ပြခန်းတွေ  စုံလာတဲ့ အတွက်  ပိုကောင်းလာပါတယ်။ စက်ရုပ်ပြခန်းဆိုရင် သူတို့တီထွင် ထားတာကို    ပြသတဲ့အတွက် အားကျစရာ   ကောင်းပါတယ်။ ပြခန်းတွေလုပ်တာ  လူငယ်တွေ အတွက်တော့     လေ့လာစရာ များတယ်။ သမီးတို့အတွက် ပိုပြီး တော့  ဗဟုသုတလည်း   ရစေပါ တယ်။   အသိပညာတွေလည်း တိုးပွားစေတယ်။ ဒါကြောင့် အခု လို ပြပွဲတွေကို များများလုပ်ပေးဖို့ မျှော်လင့်ပါတယ်။
မခင်ရတနာသက် (ကျောင်းသူ၊ 
ပညာပန်းတိုင်ကိုယ်ပိုင်အထက်
တန်းကျောင်း )
လူမှုပတ်ဝန်းကျင်ကို   တိုး တက်စေမယ့်   သိပ္ပံပညာတွေ၊  သမိုင်းရဲ့     ဝတ်စားဆင်ယင် နေထိုင်မှုပုံစံတွေကို လေ့လာခဲ့ပါ တယ်။ ပွဲတော်တွေ  ပြုလုပ်ပေး ခြင်းအားဖြင့်     ကျောင်းသား လူငယ်တွေအတွက်  ဗဟုသုတ တွေလည်း     ရပါတယ်။    သိပ္ပံ နဲ့   နည်းပညာပြခန်းမှာဆိုရင် ကျောင်းမှာသင်နေရတဲ့  သင်ခန်း စာတွေနဲ့ ပတ်သက်တဲ့ပစ္စည်းတွေ ကို အပြင်မှာ  မျက်မြင်တွေ့ရတဲ့ အခါ    ပိုပြီး    စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ကျောင်းသင်ခန်း စာတွေမှာလည်း အထောက်အကူ ပြုသလို လူမှုပတ်ဝန်းကျင်အတွက် လည်း အထောက်အကူပြုပါတယ်။ ကိုယ်  မသိသေးတဲ့အရာတွေကို  လေ့လာ ခွင့်ရတဲ့အတွက်       ဝမ်းသာပါ တယ်။ 
မောင်ထက်ပိုင်လင်း 
(ကျောင်းသား၊ အမှတ်(၉) 
အခြေခံပညာအထက်တန်း 
ကျောင်း၊ နေပြည်တော်)
ကြီးမြတ်သော  မြန်မာပြခန်း ကို လေ့လာတဲ့အခါမှာ မြန်မာနိုင်ငံ နဲ့ပတ်သက်တဲ့အရာတွေအားလုံး ကို မြင်တွေ့ခွင့်ရခဲ့ပါတယ်။ ပြခန်း တွေကို       တစ်စုတစ်စည်းတည်း မြင်တွေ့ခွင့်ရတဲ့အတွက် ကျေးဇူး တင်ပါတယ်။ ကျွန်တော်စိတ်ဝင် စားတဲ့ ပြခန်းကတော့  စက်ရုပ် ပြခန်း၊ ဆိုက်ဘာလုံခြုံရေးပြခန်း တွေဖြစ်ပါတယ်။     ပြခန်းက ပြကွက်တွေကို    လေ့လာကြည့်ရှု ခြင်းအားဖြင့်   အတွေ့အကြုံတွေ အများကြီးရရှိပြီး ကျောင်းသင်ခန်း စာအတွက်လည်း    အထောက် အကူပြုမယ်လို့     ယုံကြည်ပါ တယ်။ 
မကြယ်ဇင်သန့် (ကျောင်းသူ၊ 
အမှတ် (၇) အခြေခံပညာအထက် 
တန်းကျောင်း၊ နေပြည်တော်)
အခုပြပွဲကို   ကျင်းပပေးတဲ့ အတွက်  သမီးတို့   လူငယ်တွေ ပိုပြီးတော့  ဗဟုသုတတွေ တိုးပွား တယ်။  ကိုယ်နားမလည်   မသိတဲ့ အကြောင်းအရာတွေ   ပိုပြီးတော့ သိရပါတယ်။    သူငယ်ချင်းတွေနဲ့ ဉာဏ်စမ်းဂိမ်းတွေလည်း ကစားခွင့် ရတဲ့အတွက်လည်း ပျော်ပါတယ်။ အခု သစ်တောဦးစီးဌာနမှာဆိုရင် သစ်ပင်နဲ့ ပတ်သက်တဲ့အကြောင်း အရာတွေ၊ လိုက်နာသင့်တဲ့အချက် တွေကို  သိခွင့်ရပြီး  အခြားပြခန်း တွေကလည်း      အသိပညာဗဟု သုတတွေကို    ရရှိပါတယ်။  ခုလို ပွဲတွေကို    နှစ်စဉ်ကျင်းပပေးမယ် ဆိုရင်   မျိုးဆက်သစ်လူငယ်တွေ အတွက်   ပိုပြီး   အကျိုးရှိမယ်လို့ ထင်ပါတယ်။    သူငယ်ချင်းတွေ အားလုံးလည်း အခုလို အသိပညာ ဗဟုသုတတွေ       ပေးစွမ်းနိုင်တဲ့ ပွဲတော်ကို    လာရောက်လေ့လာ ကြည့်ရှုကြဖို့     ဖိတ်ခေါ်ချင်ပါ တယ်။
မောင်ရဲထက်အောင် 
(ကျောင်းသား၊ အမှတ်-၉၊ အခြေခံ ပညာအထက်တန်းကျောင်း၊ 
နေပြည်တော်)
ကျွန်တော်       လေ့လာခဲ့တဲ့ ပြခန်းကတော့      ကြီးမြတ်သော မြန်မာပြခန်းဖြစ်ပါတယ်။      အရင် က     ကျွန်တော်တို့     မြန်မာတွေ အင်အားတန်ခိုး         ကြီးထွားခဲ့ ကြောင်းသိခဲ့ရပါတယ်။ ကျွန်တော် တို့ စိတ်ဝင်စားတဲ့  စက်ရုပ်တွေကို   လေ့လာခဲ့ပါတယ်။  စိတ်ဝင်စားတဲ့ ပြခန်းကတော့    လူငယ်စွမ်းအား တိုင်းပြည်အင်အား   ပြကွက်က လေယာဉ်တွေကို   ဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးကို ပြန်လည် မျှဝေပေးသွားမှာပါ။     ပြပွဲကို လာရောက်   လေ့လာကြဖို့လည်း ဖိတ်ခေါ်ချင်ပါတယ်။        အခုလို ပွဲမျိုးတွေကို     အခြားပြည်နယ် နဲ့   တိုင်းဒေသကြီးတွေမှာလည်း  ကျင်းပပေးပါလို့           ပြောချင်ပါ တယ်။ 
မကြယ်စင်စိုးသန့် (ကျောင်းသူ၊ အမှတ်-၁၁၊ အခြေခံပညာအထက် တန်းကျောင်း၊ နေပြည်တော် )
ဒီနေ့   ဖျော်ဖြေရေးအစီအစဉ် အဖွင့်မှာ အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်းကသွေးရင်း များပီပီသီချင်းကို အကအလှတွေ နဲ့ပေါင်းစပ်ပြီး ဖျော်ဖြေသွားတာ တွေ့ရပါတယ်။ သူတို့ဖျော်ဖြေသွား တာလေးကလည်း  ချစ်စရာလေး ပါ။  ဘာသာစကားမျိုးစုံနဲ့ သီချင်း ဆိုသွားတာလည်း မြင်တွေ့ခဲ့ရပါ တယ်။   ပြပွဲအနေနဲ့ကတော့ ရူပ ဗေဒခန်းကို စိတ်ဝင်စားပါတယ်။ အရင်လူငယ်နဲ့စာပေပွဲတော်ထက် အကအလှတွေ           ပိုစုံလာတယ်။ ပြခန်းတွေလည်း      ပိုပြီးစုံလင်စွာ ပါလာတဲ့အတွက် သမီးတို့အနေနဲ့ ပိုပြီးတော့       လေ့လာစရာတွေ များပြားလာပါတယ်။    အခုပြပွဲ ကနေ   အသိပညာဗဟုသုတွေကို လည်း ရရှိပါတယ်။